backup og meta

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

    ဗီတာမင် C ကြွယ်ဝတဲ့ အချဉ်ဓာတ်ပါတဲ့ အစားအစာတွေက အသားအရေကို ကျန်းမာစေတယ်။ ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား ဆိုတဲ့အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ခါးတဲ့ အရသာရှိတဲ့ အသီးအရွက်တွေက

    အခါးဓာတ်ပါတဲ့ အသီးအရွက်တွေက ဘာတွေများလဲ….

    ခါးတဲ့ အရသာရှိတဲ့ အသီးအရွက်တွေက

    အခါးဓာတ်ပါတဲ့အရာတွေက ဝက်ခြံကို သက်သာစေလား။

    ခါးတဲ့အရသာရှိတဲ့ အသီးအရွက်တွေ

    အခါးဓာတ်ပါတဲ့အရာတွေက ဝက်ခြံကို အနည်းနဲ့အများတော့ သက်သာစေနိုင်ပါတယ်။

    ဒီလိုပြောရတာက အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီး၊ တမာရွက်၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ကြောင်လျှာသီး၊ ဂွေးတောက်ရွက် စတဲ့ အသီးအရွက်တွေမှာ အရောင်ကျစေတာ၊ ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်တာ၊ အဆီတွေကို ကျစေတာမျိုး လုပ်ပေးပြီး အရေပြားနဲ့ ကြွက်သားတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

    ခါးတဲ့အရသာရှိတဲ့ အသီးအရွက်တွေ က အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းစေသလို ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေတာကြောင့် အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အရေပြားဆဲလ် အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။

    အခါးဓာတ်ပါတဲ့ အရာတွေ က သွေးလည်ပတ်မှုကို ကောင်းစေပြီး အသည်းကို သန့်စင်ပေးတာကြောင့် ဝက်ခြံတွေကို သက်သာစေသလို ကြည်လင်ပြီး အနာအဆာကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

    အခါးဓာတ် နဲ့ ဝက်ခြံ

    တစ်နေ့တာမှာ အခါးဓာတ်ပါတဲ့အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို နည်းနည်းစီ စားသုံးပေးတာက အသားအရေကို လိုအပ်တဲ့ ဗီတာမင် C၊ ပိုတက်ဆီယမ်၊သံဓာတ်၊ beta carotene၊ ကယ်လ်ဆီယမ်၊ ရေဓာတ် စတာတွေကို အပြည့်အဝ ထောက်ပံ့ပေးပြီး အရေပြားပေါ်က အဆီပိုတွေကို ဖယ်ရှားပေးသလို ဝက်ခြံဖြစ်စေတဲ့ ဘက်ရီးယားတွေကို တိုက်ဖျက်ပေးနိုင်မှာပါ။

    အခါးဓာတ်ပါတဲ့ အသီးအရွက်တွေ ရဲ့ နောက်ထပ် အာနိသင်တစ်ခုက အရေပြားကို ဆဲလ်သစ်တွေဖြစ်ပေါ်စေသလို အသားအရေကို တင်းရင်းစေတာပါ။ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေကို သက်သာစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

    ဒါကြောင့် ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေ သက်သာပြီး အနာအဆာ ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အခါးဓာတ်ပါတဲ့အသီးအရွက်တွေကို ဆေးဖြစ်ဝါးဖြစ် ပမာဏလောက် ပုံမှန် စားပေးဖို့ အကြံပြုပါရစေ။

    အခါးဓာတ်ပါတဲ့အသီးအရွက်တွေက အချဉ်ဓာတ်ပါတဲ့ အသီးအရွက်တွေလိုပဲ အသားအရေကို ကျန်းမာစေပြီး ဝက်ခြံတွေ နဲ့ အခြား အရေပြား ပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement