ကြည့်ရဆိုးတဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့အတွက်လည်း ကြက်သွန်ဖြူကို အားကိုးလို့ရပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ လိုမျိုး အဆီတစ်ခုခုထဲကို ကြက်သွန်ဖြူ သတ္တုရည်ထည့်လို့ အပူပေးလိုက်ပါ။ ခပ်နွေးနွေးအနေအထားမှာ အကြောပြတ်ရာတွေ ဖြစ်နေတဲ့နေရာကို လိမ်းကျံပြီး နှိပ်နယ်ပေးပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အကြောပြတ်ရာတွေကို သက်သာစေမှာပါ။
- အရေးအကြောင်းတွေကို သက်သာစေတယ်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေ၊ ခရမ်းလွန်ရောင်ခြည်၊ စိတ်ဖိစီးမှုတွေ နဲ့ သဘာဝပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာနဲ့ အရေးအကြောင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ကြက်သွန်ဖြူလေးက အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ကြက်သွန်ဖြူက အရေပြားဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်တယ်၊ လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။
ကြက်သွန်ဖြူကို ပျားရည်နဲ့ တွဲစားတာ၊ ကြက်သွန်ဖြူကို သံပရာရည်နဲ့ တွဲဖက်စားသုံးတာကို ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေးအကြောင်း ဖြစ်တာကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။
ကြက်သွန်ဖြူကို ပုံမှန် စားသုံးတာက အသားအရေ ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ ကော်လာဂျင်ထွက်ရှိမှု တိုးလာအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။
ဒါတွေအပြင် ကြက်သွန်ဖြူက အရေပြားပြဿနာတွေဖြစ်ကြတဲ့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။