backup og meta

အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်

အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်
အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်

ရုတ်တရက် ကြည့်လိုက်ရင် အသားအရေက အားလုံး အတူတူပဲလို့ ထင်စရာ ရှိပါတယ်။ တကယ်ကတော့ အသားအရေ အမျိုးအစားတွေက တော်တော်များပါတယ်။

အသားအရေ အမျိုးအစားကို ပုံမှန် အသားအရေ၊ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ ပေါင်းစပ် အသားအရေ၊ ထိခိုက်လွယ်တဲ့ အသားအရေဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။

ဒီတစ်ခေါက်တော့ အရေပြားက ထိခိုက်လွယ်နေတာလား။ အသားအရေ အမျိုးအစားကိုက ထိခိုက်လွယ် အသားအရေ အမျိုးအစားလားဆိုတာကို ကိုယ်တိုင် သေသေချာချာ ဆန်းစစ် ဆုံးဖြတ်နိုင်စေဖို့ ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးချင်ပါတယ်။

အသားအရေက ထိခိုက်လွယ်တာနဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်

အမြဲလိုလို အရေပြားက နာကျင်နေသလို၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသလို ခံစားနေရတယ်ဆိုတိုင်း အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေလို့ မဆိုနိုင်ပါဘူး။ ဒီအခြေအနေမှာ စဉ်းစားရမှာက အသားအရေက ထိခိုက်လွယ်လာတာလား။ နဂိုကတည်းက ထိခိုက်လွယ်တဲ့ အသားအရေလားဆိုတာကို သေချာလေး ဆန်းစစ်ဖို့ပါ။

အပြင်ပန်းအားဖြင့် ကြည့်လိုက်မယ်ဆိုရင် ဒီအခြေအနေ နှစ်ခုကတော့ ခပ်ဆင်ဆင်ပါပဲ။ အရေပြားက နီမြန်းမယ်၊ ရေဓာတ် ခမ်းခြောက်မယ်၊ ယားယံမယ်၊ စပ်ဖျဉ်းဖျဉ်းဖြစ်မယ် စတဲ့ လက္ခဏာတွေ ခံစားရတာခြင်းလည်း အတူတူပါပဲ။

ထိခိုက်လွယ်တဲ့ အသားအရေ ဆိုတာ

ထိခိုက်လွယ်တဲ့ အသားအရေ ဆိုတာ

အသားအရေမှာ အခုလို လက္ခဏာရပ်တွေ ရှိမယ်ဆိုရင် ထိခိုက်လွယ်တဲ့ အသားအရေပါ။

  • အရေပြားက ပါးမယ်။
  • တင်းတင်းကြီး ဖြစ်နေမယ်။ ဒါက ရေဓာတ်နည်းနေတာကို ပြနေတဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်သလို အသားအရေက သုံးနေတဲ့ Skincare တွေ အလှကုန်တွေနဲ့ မတည့်တာကို ဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။
  • အသားအရေက နီမြန်းမယ်
  • အရေပြား အဖက်တွေ လန်မယ်။ ပါးနဲ့ နဖူးမှာ အရေပြား အဖက်တွေ လန်မယ်။ ဒါက ရေဓာတ် နည်းနေတာဖြစ်နိုင်သလို အရေပြားကို ကာကွယ်ပေးထားတဲ့ အလွှာ ပျက်စီးတာလည်း ဖြစ်နိုင်ပါတယ်။
  • ပူစပ်ပူလောင် ဖြစ်မယ်။ စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်။။
  • အနီအစက်အစက်တွေ ထွက်တာ၊ အဖုအပိမ့်တွေ ထွက်တာမျိုး ဖြစ်မယ်။ ထိခိုက်လွယ်တဲ့ အသားအရေ အမျိုးအစားကို ပိုင်ဆိုင်ထားသူတွေက မွေးရာပါ အခြေအနေ တစ်ရပ်ပါ။ ပြုပြင် ပြောင်းလဲလို့လည်း မရနိုင်ပါဘူး။

အသားအရေက ထိခိုက်လွယ်လာတယ်ဆိုတာ

ဒီအခြေအနေက အရေပြားကို ကာကွယ်ပေးထားတဲ့ အဆီလွှာ ပျက်စီးသွားတာပါ။ အသားအရေနဲ့ ကိုက်ညီမှု မရှိတဲ့ skincare တွေကို သုံးမိတာကြောင့် ဖြစ်နိုင်သလို အသားအရေသန့်စင်ပစ္စည်းတွေကို အလွန်အကျွံ သုံးမိတာ၊ အလှကုန် ပစ္စည်းတွေကို အလွန်အကျွံ သုံးမိတာ၊ ဆေးလိပ်သောက်တာ၊ အရက် နဲ့ အယ်လ်ကိုဟောတွေ သောက်သုံးတာ၊ အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ချေးချွတ်မိတာ၊ ပတ်ဝန်းကျင်က ညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့မိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးတာ၊ အပူချိန် ပြောင်းလဲတာ၊ ရာသီဥတု အခြေအနေတွေနဲ့ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း အသားအရေက ထိခိုက်လွယ်လာနိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာနဲ့ အရေပြား ပြဿနာတွေကြောင့်လည်း အရေပြားက ထိခိုက်လွယ်လာတာမျိုး ဖြစ်နိုင်ပါတယ်။

အသားအရေ ထိခိုက်လွယ်လာတာက မွေးရာပါ ပြဿနာ မဟုတ်ပါဘူး။ လူကလုပ်တာကြောင့် ဖြစ်လာတာရှိသလို ပတ်ဝန်းကျင်က အကြောင်းခြင်းရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီအရေပြားပြဿနာကို ပြေလည်အောင် ဖြေရှင်းလို့ မရတာတော့ မဟုတ်ပါဘူး။ အရေပြားကို သေချာလေး ထိန်းသိမ်းပေးမယ်။ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေကို ရှောင်ကြဉ်မယ်ဆို သက်သာလာမှာပါ။ အမြဲ သတိထားဖို့တော့ လိုပါမယ်။

ဒီလောက်ဆိုရင်တော့ အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်ကို သိလောက်ပြီ ထင်ပါတယ်။

ကဲ ….. လေဒီကရော ဘယ်လို အသားအရေ အမျိုးအစားလဲ ….. အသားအရေက ထိခိုက်လွယ်တာ လား ……. ထိခိုက်လွယ် အသားအရေ အမျိုးအစားလားဆိုတာ ကိုယ်တိုင် ဆန်းစစ်လိုက်တော့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

sensitive vs. sensitized skin https://www.dermalogica.com/blogs/living-skin/sensitive-vs-sensitized-skin Accessed Date 17 December 2021

Sensitive vs. Sensitized Skin: What’s The Difference? https://aedit.com/aedition/difference-between-sensitive-vs-sensitized-skin Accessed Date 17 December 2021

ယခုပုံစံ

11/01/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................

ဩဇာသီး ကပေးတဲ့ အသားအရေ ကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement