- ဆီလီနီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ပါအောင်စားပါ။
ဘာလို့ ဆီလီနီယမ်ကို စားဖို့ လိုတာလဲဆိုတော့ သူက glutathione ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးတယ်လေ။ ဆီလီနီယမ် ကြွယ်ဝစွာ ပါတဲ့ အစားအစာတွေကတော့ အမဲသား၊ ကြက်သား၊ ငါး၊ ကလီစာ၊ ချိစ်နဲ့ ဆန်လုံးညိုတို့ပဲ ဖြစ်ပါတယ်။
- glutathioneပါတဲ့ အစားအစာတွေ စားပါ။
glutathioneလိုတာ မို့လို့ တစ်ခါတည်း glutathioneပါတာကို စားမယ်ဆိုလည်း ရပါတယ်။ ကညွတ်၊ ကိုက်လန်၊ ထောပတ်သီးတွေဟာ သဘာဝအတိုင်း glutathioneပါတဲ့ အစားအစာတွေပါပဲ။ ဒါပေမယ့် အပြင်က စားလိုက်တဲ့ glutathione ကို ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူနိုင်ပါဘူး။ ဒါ့ပြင် အပူပေးပြီး ချက်ပြုတ်တာ၊ နည်းစနစ်တကျ မသိမ်းဆည်းတာတွေက အစားအစာထဲမှာ ပါတဲ့ glutathioneကို ပျက်စီးစေပါတယ်။
အစမှာ ပြောခဲ့သလိုပဲ glutathioneဆိုတာ အမိုင်နို အက်စစ်လေးတွေ ပေါင်းထားတာပါ။ ဒီထဲမှာ cysteine ဆိုတာ ပါပါတယ်။ cysteineကို Whey protein ကနေ ရနိုင်ပါတယ်။ ဒါကြောင့် Whey protein သောက်ခိုင်းတာပါ။
နနွင်းဟာ ဆေးဖက်ဝင်တယ်ဆိုတာကို လူတော်တော်များများ လက်ခံပြီးသားပါ။ နနွင်းမှာပါတဲ့ curcumin ဓာတ်က ခန္ဓာကိုယ်က glutathioneကို သိမ်းဆည်းတာနဲ့ ခန္ဓာကိုယ်မှာ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။
အိပ်ရေးပျက်တာ ရက်တွေ ဆက်လာပြီဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ glutathione ပမာဏ တဖြည်းဖြည်း ကျလာပါလိမ့်မယ်။ ဒါနဲ့ ပြောင်းပြန် အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝအိပ်မယ်ဆိုရင်တော့ glutathione ပမာဏ များလာမှာ ဖြစ်သလို ပျက်စီးတာလည်း နည်းသွားမှာပါ။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်း လုပ်တာက ကိုယ်ရော စိတ်ပါ ကျန်းမာစေတယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒီထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (glutathione)ကို များစေပြီး မပျက်စီးအောင် ထိန်းသိမ်းပေးတာလည်း ပါပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို အလွန်အကျွံလုပ်ပြီး အာဟာရပြည့်အောင် မစားဘူး၊ ကောင်းကောင်း အနားမယူဘူးဆိုရင်တော့ အပေါ်က ရလဒ်နဲ့ ပြောင်းပြန် ထွက်လာမှာပါ။
- အရက်အလွန်အကျွံ မသောက်ပါနဲ့။
အရက်ကိုကြာကြာသောက်မယ်၊ များများသောက်မယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ အရက်ကို ရေရှည်သောက်တဲ့သူတွေက ခန္ဓာကိုယ်မှာ glutathioneတွေ နည်းနည်းလာပါတယ်။ အထူးသဖြင့် အဆုတ်မှာပေါ့။ လေ့လာချက်တွေအရ အရက်အလွန်အကျွံသောက်မယ်ဆိုရင် အဆုတ်မှာ ရှိတဲ့ glutathioneရဲ့ ၈၀-၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပါတယ်တဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။