ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ
အသားအရေလေး လှအောင် လုပ်မယ်လို့ စဉ်းစားလိုက်ရင် နေပူမခံရအောင် ကာကွယ်ဖို့ပြီးတာနဲ့ ခေါင်းထဲမှာ ပေါ်လာတာ တစ်ခုက ကော်လာဂျင်သောက်မယ်ပေါ့။ ကော်လာဂျင်သောက်ရင် အသားလေးလှလာမှာပဲလို့ တွေးမိတယ်ကြတယ်ဟုတ်။ ကော်လာဂျင်ဆိုတာက ဆေးတွေသောက်မှရမှာလား။ အစားအစာတွေကနေရော မရနိုင်ဘူးလား။ ဒီတစ်ခေါက်တော့ အသားအရေလှအောင် အထောက်အပံ့ပေးတဲ့ ကော်လာဂျင်ရရှိနိုင်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးမယ်နော်။
ကော်လာဂျင်ဆိုတာ
ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။
ခန္ဓာကိုယ်မှာ ကော်လာဂျင်နည်းလာရင် ဘာဖြစ်မလဲ
ကော်လာဂျင်ဆိုတာက ပရိုတင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ အလျှံအပယ်ရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ ကြွက်သားတွေ၊ အရိုး၊ အရွတ်၊ အကြော၊ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးကြော၊ အရေပြား၊ အူအတွင်းနံရံတွေနဲ့ အခြားသောတွယ်ဆက်တစ်ရှူးတွေထဲမှာရှိပါတယ်။
ကော်လာဂျင်ပမာဏကို မတိုင်းတာနိုင်ပေမယ့် ကိုယ်တွင်းမှာကော်လာဂျင်ပမာဏ ကျဆင်းလာတဲ့အခါ အိုမင်းရင့်ရော်မှုကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့
- အရေပြားတွေတွဲကျလာတာ၊ အရေးအကြောင်းတွေပေါ်လာတာ
- အကြောတွေတာင့်တင်းတာ၊ အရွတ်တွေတောင့်တင်းတာ
- ကြွက်သားတွေလျော့ရဲလာတာ
- အရိုးနုတွေ ထိခိုက်ပျက်စီးတာကြောင့် အဆစ်တွေနာတာ
- အစာခြေစနစ်အတွင်းနံရံတွေအားနည်းလာတာကြောင့် အစာခြေ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ကော်လာဂျင်မြင့်တက်စေဖို့ ဘာတွေစားရမလဲ
ကော်လာဂျင်မြင့်တက်စေဖို့ ဆိုရင် ဒါလေးတွေ စားပေးဖို့ လိုပါမယ်။
ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လွှတ်အောင် လှုံ့ဆော်ရာမှာ အရေးပါတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။
ကော်လာဂျင်ထုတ်လွှတ်စေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် Free radicalတွေရဲ့ ရန်ကနေ အသားအရေကို ကာကွယ်ပေးနိုင်မှာပါ။
ဟင်းသီးဟင်းရွက်အများစုက အစိမ်းရောင်တွေပါ။ ဒါပေမယ့် အစိမ်းရောင်ရင့်ရင့်ဖြစ်နေတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေက အာဟာရကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ကော်လာဂျင်ထုတ်လုပ်မှုပမာဏကို တိုးစေနိုင်ပါတယ်။
အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ကော်လာဂျင်ပမာဏတိုးအောင် လှုံ့ဆော်ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှပဖို့ကော်လာဂျင်များများလိုချင်တယ်ဆိုရင် သစ်ကြားသီးနဲ့ ဖရုံစေ့တို့ကို စားပေးလို့ရပါတယ်။
[embed-health-tool-bmi]