ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း

ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း အကြောင်းလေးကို လေ့လာကြည့်လိုက်ရအောင်လား …….
ပဲနံ့သာစေ့မှာ အသားအရေကို ကြည်လင်စေတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ပါဝင်နေပါတယ်။ အသားအရေကို ကြည်လင်ပြီး အနာအဆာကင်းစေဖို့ ထောက်ကူပေးပါတယ်။
ပဲနံ့သာစေ့ရဲ့ အာနိသင် တစ်ခုကတော့ အရေပြားကို ချွေးပေါက်တွေထဲအထိ သန့်စင်ပေးနိုင်တာပါ။ အသားအရေက ဖုန်မှုန့်တွေကို ဖယ်ရှားဖို့အတွက် ပဲနံ့သာစေ့ကို စိမ်ထားတဲ့အရည်ကို Toner အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။
အရေပြားပေါ်မှာ ဆဲလ်သေတွေ ရှိနေတာက အသားအရောင်မညီတာနဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ပဲနံ့သာစေ့ကို အမှုန့်ကြိတ်ပြီး ရေနဲ့ပျစ်ပျစ်ဖျော်လို့ မျက်နှာပေါ်မှာ ပွတ်လိမ်းပေးတာက သဘာဝအတိုင်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။
အရေပြားကို အစိုဓာတ်ထိန်းချင်တယ်ဆိုရင် ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားခြောက်သွေ့ခြင်း ကင်းစေဖို့ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။
အရေပြားပေါ်က အမည်းစက် နဲ့ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။ ဗီတာမင် C ပါဝင်နေတာက အရေပြားပေါ်က အမည်းစက်တွေ နဲ့ အမာရွတ်တွေသက်သာစေဖို့ အကောင်းဆုံး ထောက်ကူပေးမှာပါ။
ပဲနံ့သာစေ့မှာ Niacinနဲ့ ဗီတာမင် B3 ပါဝင်နေတာကြောင့် အရေပြားဆဲလ်သစ်တွေ ဖြစ်ပေါ်စေပြီး အရေးအကြောင်းတွေ၊ အသက်အရွယ်ရလာလို့ ဖြစ်လာတဲ့ အစက်အပြောက်တွေကို သက်သာစေနိုင်ပါတယ်။
ပဲနံ့သာစေ့ရဲ့ နောက်ထပ် အာနိသင်ကတော့ ဝက်ခြံတွေကို သက်သာစေတာပါ။ ပဲနံ့သာစေ့မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ပဲနံ့သာစေ့က အရောင်ျစေနိုင်သလို မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေဖို့အတွက်လည်း ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။
အဆီပြန်တတ်သူတွေအနေနဲ့လည်း အဆီပြန်တာကို သက်သာစေဖို့ရော အဆီပြန်တာကြောင့်ဖြစ်တဲ့ ဝက်ခြံအပါအဝင် အရေပြား ပြဿနာတွေ သက်သာစေဖို့ပါ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။
ကဲ …. ပဲနံ့သာစေ့ကို သုံးပြီး အသားအရေကို လှပအောင် ထိန်းသိမ်းလိုက်စို့နော်။ တစ်ခုပဲ သတိထားမှာက ပထမအကြိမ်အသုံးပြုပြီးလို့ ဓာတ်မတည့်လက္ခဏာတွေ ခံစားရရင် ထပ်မသုံးဖို့ပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။