home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အရေပြားက ဘာလို့ Sensitive ဖြစ်...........

အရေပြားက ဘာလို့ Sensitive ဖြစ်...........

အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိမ့်တွေထွက်လာတယ်၊

တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne – prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။

လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ အရေပြားပြဿနာ

လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ အရေပြားပြဿနာ

ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။ ဝက်ခြံဆိုတာနဲ့တင် ပြီးလားဆိုတော့ ဝက်ခြံ ထွက်လာပြီဆိုရင် ဝက်ခြံအပြင် ဝက်ခြံဖု သက်သာသွားတယ်ဆိုရင်တောင် ကုတ်မိ၊ ဆွမိတာကြောင့် ဝက်ခြံ အမာရွတ်တွေ ကျန်နေနိုင်ပါသေးတယ်။

ဒီလို ကျန်တဲ့အခါဖြစ်ဖြစ်၊ ဝက်ခြံ ထွက်တဲ့အခါဖြစ်ဖြစ် ပျောက်ချင်ဇောနဲ့ ဝက်ခြံပျောက်တယ်ဆိုတဲ့ ဆေးတွေ၊ ဆေးမြီးတိုတွေကို သုံးတတ်ကြပါတယ်။ ဒီလို သုံးတဲ့အခါ ချက်ချင်း သက်သာသွားမယ်လို့ ယူဆတတ်ကြပါတယ်။

ဝက်ခြံသက်သာစေမယ့်ဆိုတဲ့ ဆေး၊ လိမ်းစရာ တစ်ခုခုကို လိမ်းတယ်။ တစ်ရက်ကနေ ၂ ရက်အထိ မသက်သာဘူး။ ၃ ရက်လောက်လည်း ဒီအတိုင်းပဲဆိုရင် လုပ်တတ်တာက နောက်တစ်မျိုး ပြောင်းသုံးလိုက်တာပါ။

ဒီလို သုံးတာက အချိန်ကြာလာတဲ့အခါ အသားအရေကို ထိခိုက်စေပြီး အသားအရေက အမှားမခံတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒီအခါ အလွယ်တကူပဲ Sensitive skin type ရယ်လို့ ခေါင်းစဉ် တပ်လိုက်ကြပါတယ်။

တကယ်ကတော့ ဒါက လူကနေ ဖန်တီးမှုကြောင့် အသားအရေ ထိခိုက်ရာကနေဖြစ်လာတဲ့ Sensitive skin အမျိုးအစားပါ။

ဒီလိုမဖြစ်စေဖို့ ဘယ်လို ကာကွယ်လို့ရမလဲ………..

အသားအရေကို ကိုယ်တိုင်​ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

5 REASONS YOUR SKIN IS SUDDENLY SENSITIVE https://www.laroche-posay.com.au/article/5-reasons-your-skin-is-suddenly-sensitive Accessed Date 16 December 2020

6 Signs You Have Sensitive Skin https://forefrontdermatology.com/6-signs-sensitive-skin/ Accessed Date 16 December 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။