backup og meta

ကော်လာဂျင်သုံးပြီး ဖြေရှင်းနိုင်မယ့် အရေပြားပြဿနာ ၅ ခု

ကော်လာဂျင်သုံးပြီး ဖြေရှင်းနိုင်မယ့် အရေပြားပြဿနာ ၅ ခု

အပြစ်အနာအဆာကင်းတဲ့ အသားအရေလေးပိုင်ဆိုင်ချင်လား။ ဒါဆိုရင် အသားအရေလှပခြင်းအတွက် ဆရာတစ်ဆူဖြစ်တဲ့ကော်လာဂျင်နဲ့ရောတွေ့ပြီးရဲ့လား။ အရေပြားပြဿနာတော်တော်များများကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်မှာကကော်လာဂျင်ပါ။ အရင်ကသိပ်ခေတ်မစားပေမယ့် အခုနောက်ပိုင်းမှာတော့လေဒီတွေကြားမှာကော်လာဂျင်ကတော်တော်လေးခေတ်စားလာပါတယ်။

ကော်လာဂျင်က အရေပြားတစ်ခုတည်းအတွက်ပဲ အသုံးဝင်တာလား…………..

ကော်လာဂျင်ကိုနေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေရနိုင်တယ်ဆိုပေမယ့် လုံလောက်စွာရရှိဖို့တော့ ခက်ပါမယ်။ ခန္ဓါကိုယ်မှာ ကော်လာဂျင်ကို အသုံးပြုနေတဲ့ အရင်းအမြစ်က အရေပြားတစ်ခုတည်းမဟုတ်ပါဘူး။ အဆစ်တွေကျန်းမာစေဖို့၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းကျန်းမာစေဖို့ အနာတွေကျက်စေဖို့အတွက်လည်းကော်လာဂျင်က စွမ်းစွမ်းတမံလုပ်ဆောင်ပေးနေသေးတာပါနော်။ ဒီဆောင်းပါးလေးထဲမှာတော့ကော်လာဂျင်ကို အသုံးပြုပြီး သက်သာစေနိုင်မယ့် အရေပြားပြဿနာ ၅ မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်။

အရေပြားအတွက် ဆရာတစ်ဆူကော်လာဂျင်

ငယ်ရွယ်တဲ့သွင်ပြင်၊ ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်စေဖို့အတွက်ကော်လာဂျင်ကို အသုံးပြုပေးလို့ရပါတယ်။ ကော်လာဂျင်က အသားအရေအတွင်းပိုင်းအထိကိုပြုပြင်ပေးတာပါ။ ဒါကြောင့် အနာအဆာကင်းပြီး Glow အသားအရေလေးပိုင်ဆိုင်ချင်တယ်ဆိုရင်ကော်လာဂျင်ကို အသုံးပြုကြည့်သင့်ပါတယ်။

(၁) အရေးအကြောင်းပြဿနာ

သက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေ၊ အသားအရေလျော့တွဲတာတွေ၊ အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို တင်းတင်းရင်းရင်းလေးနဲ့ လှနေစေဖို့ဆိုရင်ကော်လာဂျင်ကိုသောက်ပေးလို့ရပါတယ်။ကော်လာဂျင်က အသားအရေကိုတင်းရင်းစေပြီး ကျန်းမာနုပျိုတဲ့ သွင်ပြင်ကိုရရှိစေမှာ အသေအချာပါ။

(၂) ဝက်ခြံ

ဝက်ခြံကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေကို သက်သာစေနိုင်သလို အသားတွေကိုပြန်ပြည့်စေနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဝက်ခြံကြောင်း အမာရွတ်တွေမကျန်ခဲ့အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

(၃) နှင်းခူ

ပြင်းထန်တဲ့အရေပြားပြဿနာပေါ့။ နှင်းခူကြောင့် အရေပြားမှာဖြစ်တဲ့ ကြည့်ရဆိုးတဲ့ ဒဏ်ရာတွေကို သက်သာချင်တယ်ဆိုရင်တော့ကော်လာဂျင်ကို ပုံမှန်အသုံးပြုပေးလို့ရပါတယ်။ အနာကျက် စေနိုင်သလို အမာရွတ်တွေကိုလည်း သက်သာစေဖို့ထောက်ပံ့ပေးပါတယ်။ နှင်းခူကြောင့်ဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၄) အသားအရေခြောက်သွေ့ခြင်း

အသားအရေခြောက်သွေ့မှုကနောက်ဆက်တွဲပြဿနာများစွာကိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေခြောက်သွေ့မှုကင်းအောင်ရေများများသောက်ပေးတာ၊ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ဒါ့အပြင်နောက်ထပ်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုက အသားအရေခြောက်သွေ့မှု ကင်းစေဖို့ကော်လာဂျင်သောက်တာပါ။ ရာသီဥတုကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်ကထိတွေ့မိတဲ့အရာတွေကြောင့်ဖြစ်ဖြစ် အရေပြားခြောက်သွေ့မှုကို အထိရောက်ဆုံးဖြေရှင်းချင်တယ်ဆိုရင်ကော်လာဂျင်သောက်ပေးပါ။

(၅) CELLULITE

Cellulite ဆိုတာက အရေပြားမှာ အကြောပြတ်ရာတွေဖြစ်တာမျိုးပါ။ အရေပြားမှာ ကြည့်ရဆိုးတဲ့ပြဿနာတစ်ခုပေါ့။ ဝတဲ့သူမှာရော ပိန်တဲ့သူမှာပါဖြစ်နိုင်တဲ့အရေပြားပြဿနာပါ။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းချင်တယ်ဆိုရင်ကော်လာဂျင်ကို အသုံးပြုပေးလို့ရပါတယ်။ တဖြည်းဖြည်းချင်းနဲ့ သက်သာလာစေမှာပါ။

ကဲ… အရေပြားပြဿနာကို အထိရောက်ဆုံးဖြေရှင်းချင်တယ်ဆိုရင်တော့ကော်လာဂျင်ကို အားကိုးဖို့မမေ့ကြနဲ့နော်။ အရည်အသွေးကောင်းတာမျိုးဖြစ်ဖို့ကတော့ လိုမှာပါနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COLLAGEN FOR ACNE AND 4 OTHER SKIN PROBLEMS THAT COLLAGEN CAN HELP WITHhttps://sprooslife.com/collagen-for-acne-skin-problems/ Accessed Date 8 August 2019

Can Collagen Supplements Help with Acne?https://www.renewalliance.com/blogs/taut-collagen/can-collagen-supplements-help-with-acneAccessed Date 8 August 2019

ယခုပုံစံ

26/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement