backup og meta

အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ

    အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ သိပြီးပါရဲ့လား! အစာအိမ်က အရေးကြီးတယ် ဆိုတာ လက်ခံကြတယ် ဟုတ်။ လူဆိုတာ မစားဘဲမှ မနေနိုင်တာ။ ဒီခန္ဓာကိုယ်က ဆက်လှုပ်ရှားနေနိုင်အောင် ပါးစပ်ကနေ လောင်စာ ဖြည့်သမျှ ဒီအစာအိမ်ထဲပဲ ရောက်တာကိုး။ ကိုယ် စားလိုက်တဲ့ အစားအစာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အစာအိမ်က တိုက်ရိုက် လက်ခံရတာပါ။ အစာအိမ်ကို ဝေဒနာ ဖြစ်စေတာလည်း အစားအသောက်ကြောင့် ပါပဲ။

    မသန့်ရှင်းတာတွေ၊ အပူအစပ်တွေ၊ မလတ်ဆတ်တာတွေ၊ ဘက်တီးရီးယား ပါနေတာတွေ ကြောင့် အစာအိမ်ကို ထိခိုက်စေ ပါတယ်။ ဒါပေမယ့် အစာအိမ်နာကို သက်သာစေနိုင်တဲ့ အစားအသောက်တွေလည်း ရှိနေတယ် ဆိုတာက ဝမ်းသာစရာ တစ်ခု ပါပဲနော်။

    အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ

    အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ ဆိုတော့ –

    အစာအိမ်အတွက်ဆို ဒီအစားအစာတွေ စားပေးပါ –

    (၁) ဒိန်ချဉ်

    ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ် ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင် ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်နာကို သက်သာစေတာပေါ့။

    (၂) ပန်းသီး၊သစ်တော်သီး

    ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့ အစားအစာတွေမှာ အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ် ထွက်ရှိမှုပမာဏကို လျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ် အနာကိုလည်း ကာကွယ်ပေးတယ် လို့ သုတေသနတွေက ဆိုပါတယ်။

    (၃) ကန်စွန်းဥ

    ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကိုတောင် သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင် ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊နဲ့ အမဲအသည်းတို့ အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့ တခြား အစားအစာတွေဟာလည်း အာနိသင် အလားတူပါပဲ။

    (၄) အုန်းရည်

    အုန်းစိမ်းရည် အေးအေးလေးက ရင်အေးစေရုံမက အစာအိမ်မှာ ဖြစ်တဲ့ ရင်ပူနာကိုပါ သက်သာစေနိုင် ပါတယ်။ သူ့မှာ ချေဖျက်ရ လွယ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက အချိုဓာတ်နဲ့ ဓာတ်ဆားဓာတ် အသွင်နဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။

    (၅) ပဲအမျိုးမျိုး

    ပဲအမျိုးမျိုးနဲ့ ပဲပိစပ်တို့က အသားဓာတ် အကောင်းဆုံး ပေးနိုင်တဲ့ သက်သတ်လွတ် အရင်းအမြစ်တွေ ဖြစ်တဲ့အပြင် အစာခြေစနစ် အတွက်လည်း တကယ် အကျိုးများ နိုင်ပါတယ်။  ပဲနို့က အစာအိမ် အနာကိုတောင် သက်သာစေနိုင်ပါ တယ်တဲ့။

    (၆) ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ sulphoraphane ဓာတ်က အစာအိမ်ကို ဒုက္ခပေးတဲ့ H. Pylori ပိုးကို သေစေနိုင်တယ်လို့ သုတေသနကအတည်ပြုထားပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေ အပြင် ဗီတာမင် စီနဲ့ ကေ၊ ဖောလိတ်၊ ပိုတက်ဆီယမ်တို့ ပါဝင်ပြီး အစာခြေစနစ်အတွက် အကျိုးပြုပါတယ်။

    (၇) ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိကြောင့် H. Pylori ပိုးကိုလည်းကာကွယ်တိုက်ဖျက်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement