အသားညိုသူတွေ၊ အသားအရောင်ရင့်သူတွေက အရေပြားပြဿနာခံစားရနိုင်ခြေနည်းပါတယ်။နေလောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်အပြင် အပူဒဏ်ကြောင့် ဝက်ခြံထွက်နိုင်ခြေကလည်း အသားဖြူသူတွေနဲ့ယှဉ်ရင် နည်းပါတယ်။ ဒီလိုဆိုတာနဲ့တော့နေပူထဲကို ထင်သလိုတော့ မထွက်စေချင်ပါဘူးနော်။ သစ္စာရှိရှိ အစဉ်အလာမပျက် တစ်နှစ်ထက်တစ်နှစ်ပိုတိုးပူလာတဲ့နွေရဲ့နေရောင်အောက်မှာ အပြင်သွားမယ်ဆိုရင် လိုအပ်တဲ့ကာကွယ်မှုလေးတွေတော့ လုပ်သွားစေချင်ပါတယ်နော်။နေလောင်ကာခရင်မ်လူးတာ၊ရေများများသောက်တာ၊ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ၊ ချည်သားပွပါချောင်ချောင်လေးတွေ ဝတ်တာမျိုးပေါ့။
အသားညိုသူတွေရဲ့ အရေပြားကနေရောင်မျာပါတဲ့ UVAရော UVB တို့ကြောင့်ပါ ထိခိုက်နိုင်ခြေနည်းတာပါ။ အသားညိုတဲ့သူတေါအတွက် စိတ်ပူစရာတစ်ခုရျိတာကနေရောင်ရတာနည်းတဲ့ ကာလတွေမှာ ဗီတာမင် D ချို့တဲ့မှာကိုပါ။ ဒါကလည်းမြန်မာနိုင်ငံ အတိုင်းအတာနဲ့ဆိုရင်တော့ ပူစရာမလိုပါဘူး။မြန်မာနိုင်ငံက ရာသီ ၃ ခုစလုံးမှာနေရောင်ကို သင့်တင့်မျှတစွာရရှိနေတာကြောင့်ပါ။ အခုလိုနွေရာသီမှာ အသားဖြူတာတွေကို အားကျမနေပါနဲ့ ညိုပြာညက်လေးတို့ရေ။ ကိုယ်တွေကိုတောင် သူတို့က အားကျရဦးမှာနော်။နေရောင်ကြောင့် အသားအရေကို ထိခိုက်မှုများလေလေ အရေပြားကင်ဆြာဖစ်နိုင်ခြေကများလေလေပါနော်။ ဒီတစ်ချက်ကတော့ အသားညိုသူတွေရော အသားဖြူသူတွေပါ သတိထားရမယ့်အချက်ပါ။ ဒါကြောင့် ထိခိုက်နိုင်ခြေနည်းပေမယ့်လည်း အသားအရေကိုနေရောင်ဒဏ်ကနေ အကောင်းဆုံးကာကွယ်ပါကြပါနော် Helloဆရာဝန်ပရိသတ်ကြီးရေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။