နတ်ဆေးတမျှ အစွမ်းထက်တယ်လို့ ဆိုပါတယ်။
သူ့မှာပါတဲ့ ဗီတာမင်စီက အရေပြားထဲက collagen ထုတ်လုပ်မှုကိုတိုးစေပြီး အရေပြားရဲ့ကျုံ့ဆန့်နိုင်စွမ်းကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဗီတာမင်အေက အသားအရေလှပကျန်းမာမှုကို အားဖြည့်ပေးပြီး အသားဖြူဝင်းလှပစေနိုင်တယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့်လည်း အရေးအကြောင်းတွေကိုလျော့စေတယ်၊ အသားညက်ညောစေတယ်၊ နေလောင်ဒဏ်နဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်က
ကာကွယ်ပေးတယ်လေ။
ကဲ စပျစ်သီးလေးနဲ့ အသားအရေကို ဘယ်လိုတွေထိန်းသိမ်းလို့ရမလဲ ကြည့်ရအောင်။
အသားဖြူစေမယ့် စပျစ်သီး
စပျစ်သီးမှာပါတဲ့ဗီတာမင်ဓါတ်တွေက အသားအရေကိုအသစ်မွေးဖွားလိုက်သလို နုပျိုစေပြီး အသားဖြူဝင်းစေနိုင်ပါတယ်။ ညစ်နေတဲ့အသားလေး ဖြူဝင်းစေမယ့်နည်းက ကြိတ်ထားတဲ့စပျစ်သီးအနည်းငယ်၊ ရေပန်းကန်လုံးတစ်လုံးစာပဲ လိုပါတယ်။
- အရင်ဆုံးစပျစ်သီးကို အခွံမခွာဘဲ ကြိတ်ချေထားပါ၊
- ရေထည့်ပြီးရောမွှေပါ။
- အနှစ်ကို မျက်နှာပေါ်လိမ်းပြီး ၁၅ မိနစ်ထားပါ
- ရေအေးနဲ့မျက်နှာသစ်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။