backup og meta

ကြည်လင်တဲ့ အသားအရေနဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့

ကြည်လင်တဲ့ အသားအရေနဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့

အသားအရေကြည်ကြည်လင်လင်လေး၊ ခန္ဓာကိုယ်အချိုးအစားကလည်း သွယ်သွယ်လှလှလေးဖြစ်ချင်နေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိလား။ ဒါဆိုရင်တော့ နှစ်ခုစလုံးကို ထိရောက်မှုရှိစေမယ့်နည်းလမ်းလေးတွေကိုပြောပြပေးပါရစေလား။ ဒီတစ်ခေါက်တော့ အသားအရေရော ခန္ဓာကိုယ်အချိုးအစားကိုပါ လှပစေမယ့် သောက်စရာလေးတွေအကြောင်းပြောပြပေးမယ်နော်။

ကြည်လင်တဲ့ အသားအရေ၊ သွယ်လျတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ချင်သူတွေအတွက်

ငယ်ရွယ်နုပျိုပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်လိုက်တာဆိုတဲ့ စိတ်ကူးလေးများရှိနေလား။ ဒါဆိုရင်တော့ ငွေကုန်ကြေးကျသက်သာစွာနဲ့ အသားအရေကို ကြည်လင်လှပစေဖို့ နဲ့ ကိုယ်တွင်းကအဆီပိုတွေကိုဖယ်ရှားဖို့အတွက် မဖြစ်မနေဂရုစိုက်ဖို့လိုအပ်တဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ အစာခြေစနစ်က အဆိပ်အတောက်တွေကိုဖယ်ရှားပြီး အူမကြီးကို သန့်စင်စေဖို့ပါ။

သခွားသီးအရည်

သခွားသီးက အရေပြားကိုအေးမြစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကိုကြည်လင်စေနိုင်သလို အူမကြီးကိုလည်း သန့်စင်ပေးပါတယ်။ ကိုယ်တွင်းက ပိုနေတဲ့ ရေဝိတ်တွေကိုလည်း လျှော့ချပေးပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်စေနိုင်ပါတယ်။ ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေကိုတင်းရင်းစေနိုင်ပါတယ်။ သခွားသီးကို ခပ်ပါးပါးလေးတွေ လှီးပြီးရေထဲမှာစိမ်ပါ။ ၂ မိနစ်အအေးခံပေးပါ။ ပြီးရင် သံပရာရည် နည်းနည်းလောက်ညှစ်ပြီး သောက်လို့ရပါတယ်။

အုန်းရည်

အုန်းရည်ဆိုတာက သဘာဝပေးတဲ့ ဓာတ်ဆားရည်ပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ရော ဓာတ်ဆားဓာတ်တို့ကိုပါ ဖြည့်ပေးနိုင်ပါတယ်။ အုန်းရည်ရဲ့ ချိုတဲ့အရသာက  စိတ်ကျေနပ်မှုကိုပေးနိုင်သလို အသားအရေကိုလည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေမှုက အသားအရေကို ကြည်လင်နုပျိုစေပြီး ကြွက်သားတစ်ရှုးတွေကို ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

အအေးခံထားတဲ့ ဆေးဖက်ဝင်ရေနွေးကြမ်း

ချင်း (ဂျင်း)၊ လက်ဖက်စိမ်း၊ ချာမိုမိုင်းတို့နဲ့ပြုလုပ်ထားတဲ့ ရေနွေးကြမ်းကို အအေးခံထားတဲ့သောက်စရာတွေက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့်  အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အူမကြီးကို သန့်စင်ပေးနိုင်သလို အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အရေပြားကို အတွင်းပိုင်းအထိကြည်လင်စေပြီး အဆီပိုတွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

Green Smoothie

လက်ဖက်စိမ်း၊ ဂျပန် လက်ဖက်စိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်၊ သစ်တော်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီးတို့ကိုရောစပ်ပြီး ကြိတ်ထားတဲ့ smoothie လေးကိုသောက်သုံးပေးတာက အမျှင်ဓာတ်ကြွယ်ဝစွာရရှိစေနိုင်တာကြောင့် အူမကြီးက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်သလို အသားအရေကိုကြည်လင် စေပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါသေးတယ်။

ဖရဲသီး ဖျော်ရည်

အရည်ရွှမ်းတဲ့ ဖရဲသီးလေးက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်လည်းကြွယ်ဝပါတယ်။ အူမကြီးကို သန့်စင်စေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ကယ်လ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်မတက်စေနိုင်သလို အသားအရေကိုလည်း ကြည်လင်စေမှာပါ။ အရသာရှိတဲ့ ဖရဲသီးလေးကို ဒီအတိုင်းစားတာဖြစ်ဖြစ် ဖျော်သောက်တာဖြစ်ဖြစ်လုပ်ပြီး အသားအရေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

TOP 5 DRINKS FOR GLOWING SKIN & WEIGHT LOSS https://www.julieslifestyle.com/en/blog/detail/top-5-drinks-for-glowing-skin-weight-loss Accessed Date 30 October 2019

26 Water Detox Recipes for Weight Loss and Clear Skin https://www.merakilane.com/26-water-detox-recipes-for-weight-loss-and-clear-skin/ Accessed Date 30 October 2019

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေကိုကြည်လင်စေမယ့် Detox Water ဘယ်လိုလုပ်မလဲ

ကိုယ်ဝန်ဆောင်နေချိန်မှာတောင် အသားအရေလေး Glow နေစေဖို့



Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement