brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ မြင်သာတဲ့ လက္ခဏာ အနေနဲ့ အရေပြားမှာ နီမြန်းတာ၊ အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။

ဆိုရီရေးစစ် အရေပြားပြဿနာ ရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

အရေပြားကို နီမြန်းယားယံစေပြီး အရေပြားအဖက်တွေ လန်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာ ခံစားနေရပြီဆိုရင်

အသားအရေ မခြောက်စေဖို့ ဂရုပြုပါ

အရေပြား ခြောက်သွေ့မှုက ဆိုရီးရေးစစ် အရေပြား ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် အရေပြားကို အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အစိုဓာတ်ထိန်းစက် ဖွင့်ထားတာမျိုး လုပ်ပေးပါ။

အမွှေးနံ့ပြင်းတာတွေ ရှောင်ပါ

ဆပ်ပြာတွေ အများစုမှာ အမွှေးနံ့တွေ ပါသလို ဆိုးဆေးတွေလည်း ပါပါတယ်။ ဒါတွေက အရေပြားကို မသက်မသာဖြစ်စေပါတယ်။ ဒီဆပ်ပြာတွေက အနံ့ကောင်းတာ မှန်ပေမယ့် ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

ဒါကြောင့် ဆပ်ပြာ ရွေးချယ်တဲ့အခါ အမွှေးနံ့ ပြင်းလွန်းတာ၊ ဓာတုပစ္စည်းများလွန်းတာတွေကို ရှောင်ပါ။ “sensitive skin” အတွက်လို့ ထုတ်ထားတာကို ရွေးပေးပါ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ

အစားအသောက်ကလည်း ဆိုရီရေးစစ်ကို ထိန်းချုပ်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် အစားအစာ ရွေးချယ်တဲ့အခါ အနီရောင် အသား၊ ပြည့်ဝဆီ၊ သန့်စင်ထားတဲ့ သကြား၊ ကာဗိုဟိုက်ဒရိတ်၊ အယ်လ်ကိုဟော စတာတွေကို ရှောင်ပါ။ ဒီအစားအစာတွေက အရေပြားပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

ငါး၊ အစေ့အဆန်၊ အခွံမာသီး၊ omega-3 fatty acids ကြွယ်ဝတာတွေကို စားပေးပါ။ ဒီအစားအစာတွေက ဆိုရီရေးစစ်ကို သက်သာစေနိုင်ပါတယ်။

သံလွင်ဆီ လိမ်းပါ

သံလွင်ဆီက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ သံလွင်ဆီကို အရေပြားပေါ်မှာ လိမ်းပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက အရေပြားကို ကျန်းမာစေပြီး ဆိုရီရေးစစ် ပြဿနာကို သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

ဆိုရီရေးစစ် အပါအဝင် ကျန်းမာရေး ပြဿနာ အများစုရဲ့ အရင်းခံက စိတ်ဖိစီးတာပါ။ စိတ်ဖိစီးတဲ့အခါ အရေပြားပြဿနာက ပိုဆိုးလာပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုး ပုံမှန် လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

အရက် ရှောင်ပါ

အရက်ကလည်း ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် ပြဿနာ ရှိမယ်ဆိုရင် အရက်မသောက်ပါနဲ့။ အယ်လ်ကိုဟောပါတဲ့ သောက်စရာကို ရှောင်ပါ။

နနွင်း စားပါ

နနွင်းက ရောဂါတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်နေ့ကို နနွင်း ၁.၅ ဂရမ် ဒါမှမဟုတ် ၃.၀ ဂရမ် စားပေးတာက ဆိုရီရေးစစ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဆေးလိပ် မသောက်ပါနဲ့

ဆေးလိပ် သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က ဆိုရီရေးစစ် ပြဿနာကို ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် အရေပြားပြဿနာကို သက်သာစေဖို့ဆိုရင် ဆေးလိပ် မသောက်ပါနဲ့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။