backup og meta

ကိုယ့်အသားအရေက ထိခိုက်လွယ်၊ တုံ့ပြန်လွယ်အမျိုးအစားမှန်း ဘယ်လိုသိနိုင်မလဲ

ကိုယ့်အသားအရေက ထိခိုက်လွယ်၊ တုံ့ပြန်လွယ်အမျိုးအစားမှန်း ဘယ်လိုသိနိုင်မလဲ

မျက်နှာလေး လှဖို့၊ ကြည်လင်နေစေဖို့ အသားအရေထိန်းပစ္စည်းတွေ အမျိုးမျိုးသုံးကြတယ်နော်။ လူကြိုက်များတဲ့ အမှတ်တံဆိပ်တွေကို ရွေးချယ်ဝယ်ယူကြတယ်။ ဘယ်နှရက်အတွင်း အသားဘယ်လိုဖြူသွားမယ်၊ ဘယ်လိုချောမွတ်လှပသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရှိကြတာလည်း အများသားရယ်။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ အကိုက်ညီဆုံးကိုပဲ ရွေးသုံးနိုင်ဖို့က အဓိကသော့ချက်ဆိုတာလေး မမေ့စေချင်ပါဘူး။

တခြားသူတွေနဲ့ အာနိသင် ဘယ်လောက်ကောင်းနေပါစေ၊ ကိုယ့်အသားအရေနဲ့မကိုက်ညီရင် မကောင်းတဲ့အပြင် ပိုဆိုးသွားနိုင်ပါတယ်။ ထိခိုက်လွယ်၊တုံ့ပြန်လွယ်တဲ့ အသားအရေသာဆို ဓာတ်မတည့်တာတစ်ခုခုပါတာနဲ့ ချက်ချင်းပြဿနာပေါ်တတ်ပါတယ်။ ဒါပေမယ့် ပြဿနာက ကိုယ်က ထိခိုက်လွယ်အသားအရေဖြစ်နေတာကို မသိတာပါပဲ။

ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ –

(၁) အရေပြားမှာ နီမြန်းတာ ဖြစ်လွယ်တတ်တယ်။

အရေပြားမှာ ထိတွေ့လိုက်တဲ့ အသားအရေထိန်းပစ္စည်းတစ်ခုခုရဲ့ပါဝင်ပစ္စည်းနဲ့ဓာတ်မတည့်တာကြောင့် ချက်ချင်း နီမြန်းတာ ဖြစ်လာတတ်ပါတယ်။ တကယ်ဆို ဖုန်မှုန့်နဲ့ထိတွေ့မိရင်တောင် အသားအရေမှာ နီမြန်းလာတာမျိုး။

(၂) အနီကွက်လေးတွေ၊ အဖုလေးတွေ ဖြစ်လေ့ရှိတယ်။

မျက်နှာလေးက တကယ်တော့ ဘာမှအပြစ်အဆာမရှိပေမယ့် အနီကွက်ထတာ၊ အဖုသေးသေးလေးတွေထွက်တာ မကြာမကြာဖြစ်နေရတာ ထုံးစံလိုဖြစ်နေပါတယ်။ အသားအရေမှာ ဓာတ်မတည့်တာ ဘာနဲ့ထိမိမှန်းကိုမသိအောင် အထိမခံ၊ နုနယ်သူလေးတွေပေါ့။

(၃) ကိုယ်နဲ့သုံးလို့တည့်တဲ့ အသားအရေသုံးပစ္စည်းရှားတယ်။

ဘယ်အသားအရေအမျိုးအစားလဲတော့ မသိဘူး။ ဟိုပစ္စည်းသုံးလို့မတည့်၊ ဒီပစ္စည်းသုံးလို့မတည့်မို့ ကိုယ်နဲ့တည့်တဲ့ အမှတ်တံဆိပ်လေးတွေပဲ စွဲသုံးရပါတယ်။ မျက်နှာသစ်ဆေးmoisturizer၊ နှုတ်ခမ်းနီ၊ ပေါင်ဒါတွေအထိ တည့်မတည့်ကိုအတော်ရွေးချယ်ရပါတယ်။

(၄) အကွက်လိုက်လေး အသားခြောက်ပြီးကွာတတ်တယ်။

တစ်ခါတလေ အကွက်လိုက်လေးတွေ ခြောက်ပြီးအဖတ်ကွာတတ်တာမျိုး အရေပြားပြဿနာ ခံစားရပါတယ်။ တချို့ဆို လိမ်းဆေး၊ သောက်ဆေးတွေနဲ့ပါ ကုသမှုခံယူဖို့ လိုအပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

(၅) ယားယံတာလည်း ဖြစ်လွယ်တယ်။

မျက်နှာသစ်ပြီးချိန် အသားခြောက်ပြီး ယားတာ၊ အသားအရေသုံးပစ္စ္စည်းတစ်ခုခုကြောင့် ယားယံတာ ဖြစ်လွယ်တတ်ပါတယ်။ ဒါ့ကြောင့် အမြဲဂရုစိုက်နေရတတ်တဲ့ အသားအရေပါ။

(၆) နေရောင်ခြည် အထိမခံနိုင်ဘူး။

သူများတွေက အဖြစ်သည်းတယ်ထင်ရလောက်တဲ့အထိ အထိမခံနိုင်တဲ့ အသားအရေပါ။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်နှာတင်မက လက်တွေ၊လည်ပင်းတွေမှာပါ နေလောင်တာ၊ နီတာ၊ ယားတာ စတဲ့ အရေပြားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

(၇) သွေးကြောမျှင်လေးတွေ မြင်နေရတယ်။

ပါးမှာ သွေးကြောမျှင်မျှင်လေးတွေ မြင်နေရတတ်တာ အရေပြားပါးပြီး အကာအကွယ်အလွှာနည်းတဲ့ ထိခိုက်လွယ်အသားအရေပိုင်ရှင်ရဲ့လက္ခဏာတစ်ခုပါ။

(၈) ဝက်ခြံဖုတွေ ဖြစ်လွယ်တယ်။

ခြောက်သွေ့ထိခိုက်လွယ်တဲ့အသားအရေက အစိုဓာတ်ထိန်းမထားနိုင်သလို ချွေးပေါက်ပိတ်ဆို့လွယ်တာကြောင့် ဝက်ခြံဖုတွေ၊ အဆီဖုလေးတွေ ဖြစ်လွယ်ပါတယ်။

ဒီလက္ခဏာတွေ ကိုယ့်မှာရှိတယ်ဆိုရင် အသားအရေနဲ့ပတ်သက်တဲ့ ပစ္စည်းမှန်သမျှကို အလွယ်သုံးလို့မရတော့ပါဘူး။ ထိခိုက်လွယ်အသားအရေအတွက် သီးသန့်ထုတ်တဲ့ အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။

ဒီလိုရွေးချယ်တဲ့အခါ –

  • ဓာတ်မတည့်မှုတွေမဖြစ်စေနိုင်တဲ့ Hypo Allergenic အမျိုးအစားဖြစ်ဖို့
  • အန္တရာယ်ရှိ ဓာတုပစ္စည်းတွေကင်းဖို့၊
  • အမွှေးနံ့မပါဖို့၊
  • အရောင်တုတွေ မပါဖို့၊
  • Alcohol မပါဝင်ဖို့၊
  • အစိုဓာတ်ထိန်းပေးဖို့ စတဲ့အချက်တွေကို ဦးစားပေး ထည့်စဉ်းစားဖို့လိုမယ်နော်။

ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ အသားအရေသုံးပစ္စည်းတွေကို ရွေးချယ်မယ်ဆို BIODERMA ကထုတ်တဲ့ Sensibio Range ထုတ်ကုန်တွေကို အရင်စဉ်းစားသင့်ပါတယ်။ ဥပမာ- ထိခိုက်လွယ်အသားအရေတွေအတွက် အကောင်းဆုံးဦးစားပေးထုတ်လုပ်ထားတဲ့ Micellar နည်းပညာသုံး Sensibio H2O Micellar Water ရှိပါတယ်။ မိတ်ကပ်နဲ့အဆီတွေကို ၉၉ ရာခိုင်နှုန်းသန့်စင်ပေးပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားငယ်လေးတွေ၊ ဖုန် နဲ့ အညစ်အကြေးတွေကို ၉၈ ရာခိုင်နှုန်းသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ Micellar Water သုံးပြီးရင် မျက်နှာကိုသန့်စင်ပေးဖို့လိုပါမယ်။

အသားအရေကတုံ့ပြန်ထိခိုက်လွယ်မယ်ဆိုရင်တော့  အသားအရေကို အနူးညံ့ဆုံးသန့်စင်ပေးတဲ့  Sensibio Foaming Gel ရှိပါတယ်။ Bioderma ရဲ့ Foaming Gel တစ်မျိုးဖြစ်တဲ့ Sensibio gel moussantက ဆပ်ပြာလုံးဝမပါဝင်တာကြောင့် အသားအရေကို လန်းဆန်းစေပြီး၊ ချောချောမွတ်မွတ်နဲ့ သက်တောင့်သက်သာဖြစ်စေမှာပါ။ အရေပြားရဲ့ pH ပမာဏကို အကောင်းဆုံးထိန်းညှိပေးပြီး အသားအရေကိုခြောက်သွေ့မှုကင်းအောင် အစိုဓာတ်ကိုလည်း အထိရောက်ဆုံးထိန်းပေးနိုင်မှာပါ။ ရနံ့မပါတာကြောင့် ဓာတ်မတည့်မှုဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

မျက်နှာသန့်စင်ပြီးရင် တိုနာအတွက် Sensibio Tonique ၊ ရောင်ရမ်းမှုတွေ လျှော့ချပေးပြီး အသားအရေအစိုဓာတ်ထိန်းပေးတဲ့ Sensibio Light သုံးလို့ရပါတယ်။ Sensibio Light ဟာ ထိခိုက်လွယ်အသားအရေအတွက် အရေပြားကုသမှုနည်းပညာသစ် Toléridine patent ပါဝင်မှုကြောင့် ခြောက်သွေ့၊ရောင်ရမ်းမှုတွေကင်းတဲ့ ကြည်လင်လှပမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပြီးရင်တော့ မျက်လုံးလေးလှပစေဖို့အသုံးပြုတဲ့ အလှကုန်တွေ​ကြောင့် အသာအးရေထိခိုက်မှုမဖြစ်စေဖို့အတွက် မျက်လုံးတဝိုက်မှာ ဓာတ်မတည့်မှုဖြစ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ Sensibio Eye လေးကိုလိမ်းပေးပြီး အစိုဓာတ်ဖြည့်ပေးလိုက်ရုံပါ။

ထိခိုက်လွယ်အသားအရေတွေ အတွက်တော့ နိုင်ငံတကာအရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်အရ ဘေးကင်းစိတ်ချရတဲ့ Sensibio ထုတ်ကုန်တွေက အသင့်တော်ဆုံးပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/skin-disorders/sensitive-skin#dry-skin

Accessed Date – 10 Jan, 2020.

https://www.webmd.com/beauty/sensitive-skin-20-questions#1

Accessed Date – 10 Jan, 2020.

ယခုပုံစံ

16/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Kyaw Zay Ya မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆုံးရှုံးနေပြီလား

ပြင်းထန်တဲ့အရေပြားပြဿနာအတွက် ဖြေရှင်းနည်း



Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement