backup og meta

ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း

ပဲနံ့သာစေ့ ဆိုတာပဲနံ့သာစေ့ရဲ့ အာဟာရတန်ဖိုးအသားအရေအတွက် အကျိုးကျေးဇူး

ပဲနံ့သာစေ့လို့ ပြောလိုက်ရင် ပဲဟင်းတွေ၊ အသားဟင်းတွေထဲကို ထည့်စားတာမျိုးပဲ အတွေ့ရများမယ် ထင်ပါတယ်။ တကယ်ကတော့ ပဲနံ့သာစေ့က ဆေးဖက်ဝင်သလို အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ အလှအပဆိုတဲ့နေရာမှာ ဆံသားရော အသားအရေရောအတွက် အသုံးဝင်တာပါ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ပဲနံ့သာစေ့က အသားအရေ ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကဲ …. ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း အကြောင်းလေး အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

ပဲနံ့သာစေ့ ဆိုတာ

ပဲနံ့သာပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ပဲနံ့သာပင် ဆိုတာက စိမ့်ဖျော့ဖျော့အရွက်ကလေးတွေရှိပြီး အဖြူရောင်ပန်းပွင့်ငယ်လေးတွေပွင့်တဲ့ တစ်နှစ်ခံပင် တစ်မျိုးပါ။ အပင်က ၂ပေကနေ ၃ပေ အထိမြင့်နိုင်ပြီး အစေ့အိမ်လေးတွေထဲမှာ ဝါညိုရောင်ရှိပြီး ခပ်ပြားပြားသေးသေး သဏ္ဍာန်ရှိတဲ့ ပဲစေ့ငယ်လေးတွေ ၁၀ စေ့ကနေ ၁၅ စေ့အထိ ပါဝင်ပါတယ်။ အရသာကတော့ အနည်းငယ် ဖန်တဲ့ဘက်ကို သွားပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။

ပဲနံ့သာစေ့ကို စားလို့ရသလို အနှစ်ဖျော်ပြီး အရေပြားမှာ လူးပေးမယ်ဆိုရင် ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အစွမ်းအာနိသင် ရှိပါတယ်။ ဆပ်ပြာတွေနဲ့ အလှကုန်တွေ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ ပဲနံ့သာစေ့ အဆီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်း ရှိသလို ဆီးချိုကိုလည်း သက်သာစေနိုင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ရာမှာလည်း အသုံးပြုလို့ ရပါတယ်။

ပဲနံ့သာစေ့ရဲ့ အာဟာရတန်ဖိုး

ပဲနံ့သာစေ့မှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အဆီ
  • အမျှင်ဓာတ်
  • သံဓာတ်
  • မဂ္ဂနိစ်
  • ‌ကော့ပါး
  • မဂ္ဂနီဆီယမ်
  • ဖော့စဖရိတ်
  • ဗီတာမင် B3
  • ဗီတာမင် B6
  • ဗီတာမင် Cတို့ ပါဝင်နေပါတယ်။

ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း

ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း

ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း အကြောင်းလေးကို လေ့လာကြည့်လိုက်ရအောင်လား …….

  • အသားအရေကို Glow စေတယ်

ပဲနံ့သာစေ့မှာ အသားအရေကို ကြည်လင်စေတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ပါဝင်နေပါတယ်။ အသားအရေကို ကြည်လင်ပြီး အနာအဆာကင်းစေဖို့ ထောက်ကူပေးပါတယ်။

  • အသားအရေကို သန့်စင်စေတယ်

ပဲနံ့သာစေ့ရဲ့ အာနိသင် တစ်ခုကတော့ အရေပြားကို ချွေးပေါက်တွေထဲအထိ သန့်စင်ပေးနိုင်တာပါ။ အသားအရေက ဖုန်မှုန့်တွေကို ဖယ်ရှားဖို့အတွက် ပဲနံ့သာစေ့ကို စိမ်ထားတဲ့အရည်ကို Toner အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။

  • ဆဲလ်သေတွေ ဖယ်ရှားပေးတယ်

အရေပြားပေါ်မှာ ဆဲလ်သေတွေ ရှိနေတာက အသားအရောင်မညီတာနဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ပဲနံ့သာစေ့ကို အမှုန့်ကြိတ်ပြီး ရေနဲ့ပျစ်ပျစ်ဖျော်လို့ မျက်နှာပေါ်မှာ ပွတ်လိမ်းပေးတာက သဘာဝအတိုင်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။

  • အစိုဓာတ် ထိန်းပေးတယ်

အရေပြားကို အစိုဓာတ်ထိန်းချင်တယ်ဆိုရင် ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားခြောက်သွေ့ခြင်း ကင်းစေဖို့ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။

  • အမည်းစက်တွေ သက်သာစေတယ်

အရေပြားပေါ်က အမည်းစက် နဲ့ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။ ဗီတာမင် C ပါဝင်နေတာက အရေပြားပေါ်က အမည်းစက်တွေ နဲ့ အမာရွတ်တွေသက်သာစေဖို့ အကောင်းဆုံး ထောက်ကူပေးမှာပါ။

  • အရွယ်တင်စေနိုင်တယ်

ပဲနံ့သာစေ့မှာ Niacinနဲ့ ဗီတာမင် B3 ပါဝင်နေတာကြောင့် အရေပြားဆဲလ်သစ်တွေ ဖြစ်ပေါ်စေပြီး အရေးအကြောင်းတွေ၊ အသက်အရွယ်ရလာလို့ ဖြစ်လာတဲ့ အစက်အပြောက်တွေကို သက်သာစေနိုင်ပါတယ်။

  • ဝက်ခြံ သက်သာစေနိုင်တယ်

ပဲနံ့သာစေ့ရဲ့ နောက်ထပ် အာနိသင်ကတော့ ဝက်ခြံတွေကို သက်သာစေတာပါ။ ပဲနံ့သာစေ့မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • အရောင်ကျစေနိုင်တယ်

ပဲနံ့သာစေ့က အရောင်ျစေနိုင်သလို မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေဖို့အတွက်လည်း ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။

  • အဆီပြန်တာကို သက်သာစေတယ်

အဆီပြန်တတ်သူတွေအနေနဲ့လည်း အဆီပြန်တာကို သက်သာစေဖို့ရော အဆီပြန်တာကြောင့်ဖြစ်တဲ့ ဝက်ခြံအပါအဝင် အရေပြား ပြဿနာတွေ သက်သာစေဖို့ပါ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။

ကဲ …. ပဲနံ့သာစေ့ကို သုံးပြီး  အသားအရေကို လှပအောင် ထိန်းသိမ်းလိုက်စို့နော်။ တစ်ခုပဲ သတိထားမှာက ပထမအကြိမ်အသုံးပြုပြီးလို့ ဓာတ်မတည့်လက္ခဏာတွေ ခံစားရရင် ထပ်မသုံးဖို့ပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Incredible Health and Beauty Benefits of Fenugreek Seeds https://pharmeasy.in/blog/incredible-health-and-beauty-benefits-of-fenugreek-seeds/ Accessed Date 14 October 2022

BEAUTY BENEFITS OF FENUGREEK SEEDS https://www.bebeautiful.in/all-things-skin/skin-concerns/4-benefits-of-fenugreek-seeds Accessed Date 14 October 2022

Fenugreek Seed: 5 Splendid DIY Ideas For A Lustrous Hair And Ravishing Skin – Infographic https://www.netmeds.com/health-library/post/fenugreek-seed-5-splendid-diy-ideas-for-a-lustrous-hair-and-ravishing-skin-infographic Accessed Date 14 October 2022

12 Amazing Health and Beauty Benefits of Fenugreek Seeds https://makeupandbeauty.com/beauty-benefits-of-fenugreek-seeds/ Accessed Date 14 October 2022

6 mind-blowing ways in which methi seeds can be your skin and hair’s BFF https://www.healthshots.com/beauty/natural-cures/6-mind-blowing-ways-in-which-methi-seeds-can-be-your-skin-and-hairs-bff/ Accessed Date 14 October 2022

ယခုပုံစံ

17/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

ဇီးဖြူသီး အသားအရေ လှစေသလား ....


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement