backup og meta

ခြေချင်းဝတ်တွေ ရောင်နေတာ ဒီကျန်းမာရေး အခြေအနေတွေကြောင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေချင်းဝတ်တွေ ရောင်နေတာ ဒီကျန်းမာရေး အခြေအနေတွေကြောင့်ပါ

    ခြေချင်းဝတ်တွေ၊ ခြေဖဝါးတွေ၊ ခြေထောက်တွေ ရောင်တာကို ဆေးပညာ စကားရပ်အရ edema လို့ ခေါ်ပါတယ်။ ဒီလို ခြေထောက်တွေ ခြေချင်းဝတ်တွေ ရောင်နေတာ က တော်တော်လေး စိတ်ညစ်စရာ ကောင်းသလို တစ်ခါတလေမှာ အချက်ပေးလက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုမျိုး ခြေချင်းဝတ်ရောင်တာကို မကုဘဲ ထားမယ်ဆိုရင် နာကျင်တာ၊ လမ်းလျှောက်ရခက်တာနဲ့ အဆစ်တွေတောင့်တင်းတာ၊အရေပြားတွေ ဖောရောင်နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။

    ခြေချင်းဝတ်ရောင်တာ များသောအားဖြင့်တော့ အသက်အန္တရာယ် မရှိစေနိုင်ပေမယ့် အချို့အခြေအနေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာရဲ့ အစပျိုး လက္ခဏာ ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကဲ …. ခြေချင်းဝတ်တွေ ရောင်နေတာ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ခြေချင်းဝတ် ရောင်တယ် ဆိုတာ

    ခြေချင်းဝတ် ရောင်တယ်ဆိုတာက ခြေချင်းဝတ်မှာ အရည်တွေ စုပုံနေတဲ့ အနေအထားမျိုးပါ။ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကြားနေရာလပ်ထဲမှာ အရည်တွေ ဖြစ်နေတာမျိုးပါ။ ဒီလိုအနေအထားမှာ ဖောရောင်တာမျိုး အနေနဲ့ တွေ့ရနိုင်ပါတယ်။ ဒီလို ဖောရောင်တာက အခြားနေရာတွေထက် ခြေထောက်တွေ နဲ့ ခြေချင်းဝတ်တွေမှာ အဖြစ်များရတာက ခြေထောက်တွေကို အောက်ဘက်က ကမ္ဘာမြေဆွဲအားက အခြားအစိတ်အပိုင်းတွေထက် အနီးဆုံး ဆွဲထားတာကြောင့်ပါ။

    ခြေချင်းဝတ်တွေ ရောင်နေတာ ဒီကျန်းမာရေး အခြေအနေတွေကြောင့်ပါ

    ခြေချင်းဝတ်တွေ ရောင်နေတာ အခုလို အခြေအနေတွေကြောင့်ပါ။

  • တစ်နေကုန် ထိုင်နေတာ ဒါမှမဟုတ် ထနေတာကြောင့်
  • အထိုင်များတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။  တစ်နေရာထဲမှာ တစ်ချိန်လုံး ထိုင်နေရတာ မတ်တတ်ရပ်နေရတဲ့ အလုပ်တွေကို လုပ်ကိုင်ရမယ်ဆိုရင် ခြေချင်းဝတ်မှာ ရောင်ရမ်းတာ၊ အရည်တွေစုပြီး ဖောရောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ လှုပ်ရှားမှု မရှိတဲ့အခြေအနေက ကြွက်သားတွေကို သွေးစီးဆင်းအောင် လုပ်ဆောင်ဖို့ ပျက်ကွက်စေပြီး ခြေချင်းဝတ်ရောင်တာကို ခံစားရစေနိုင်ပါတယ်။

    • ကိုယ်အလေးချိန် များနေတာ

    ကိုယ်အလေးချိန် များနေတာ၊ အဝလွန်နေတာက ခြေချင်းဝတ်ရောင်တာကို ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။ အကြောင်းကတော့ ခြေထောက်က အဆစ်တွေမှာ ဝန်ပိုတွေ ပိစေတာက အရည်တွေ စုပုံတာကို ဖြစ်စေနိုင်ပါတယ်။ အဆီဆဲလ်တွေထဲမှာ ဟော်မုန်းတွေ များနေတာကလည်း ဟော်မုန်း ပြောင်းလဲမှုကို ဖြစ်စေပြီး ခြေချင်းဝတ်ရောင်တာကို ဖြစ်စေပါတယ်။

    • ထိခိုက်မိတာ

    လမ်းလျှောက်ရင်း သတိမထားမိဘဲ စားပွဲခုံဇောင်းနဲ့ ခိုက်မိတာက အဆစ်မှာ နာကျင်တာ၊ ဒဏ်ဖြစ်တာတွေကို ဖြစ်စေပြီး ခြေချင်းဝတ်ရောင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်က အဖြစ်များတဲ့ ခြေချင်းဝတ်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ထိခိုက်မိတာကြောင့် ခြေချင်းဝတ်ရောင်တဲ့အခါ ရောင်တာနဲ့အတူ ခြေချင်းဝတ် အဆစ်တဝိုက်မှာ နီရဲနေတာတွေ ဖြစ်စေနိုင်ပါတယ်။

    • အချို့ဆေးတွေကြောင့်

    အချို့သော ဆေးစာမလိုဘဲ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးတွေရဲ့ ဆေးဓာတ်ပြုမှုတွေကြောင့်လည်း ခြေချင်းဝတ်ရောင်တာကို ခံစားရနိုင်ပါတယ်။ ဆေးစာနဲ့ ဝယ်ရတဲ့ သွေးကျဆေးတွေ၊ စတီးရွိုက်ပါတဲ့ အရောင်ကျဆေးတွေက ဖောရောင်တာကို ဖြစ်စေနိုင်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းပါတဲ့ ဆေးဝါးတွေ၊ စိတ်ကျရောဂါ သောက်ဆေးတွေကလည်း ခြေချင်းဝတ်ကို ရောင်ရမ်းစေနိုင်ပါတယ်။

    • သွေးပြန်ကြောတွေ ကောင်းကောင်း အလုပ်မလုပ်တာ

    သွေးပြန်ကြောတွေက သွေးတွေကို လုံလောက်အောင် မထောက်ပံ့ပေးနိုင်တာ၊ သွေးကြောတွေ ပုံမှန်အတိုင်း သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်ဘဲ ခြေထောက်ထဲမှာ သွေးတွေစုပုံနေပြီး နှလုံးဆီ သွေးပြန်ရောက်ဖို့ ခက်ခဲတာ၊ ခြေထောက်သွေးပြန်ကြော အဆို့ရှင်လေးတွေ ကောင်းကောင်း မလုံတာတွေကြောင့်လည်း ခြေထောက်ဖောရောင်တာကို ခံစားရနိုင်ပါတယ်။

    ခြေထောက်သွေးပြန်ကြောပြဿနာက အသက် ၅၀ အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။

  • ပြန်ရည်ကျိတ်ပြဿနာ ရှိနေတာ
  • ပြန်ရည်ကြောစနစ်က ပြန်ရည်လို့ခေါ်တဲ့ ( သွေးဖြူဥဆဲလ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေပါဝင်နေတဲ့ အရည်) ကို ခန္ဓာကိုယ်အနှံ့ကနေ ရယူစုဆောင်းပါတယ်။ ဒီစနစ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အရည်တွေစုပုံပြီး ဖောရောင်တာတွေကို ဖြစ်စေပါတယ်။ အချို့သော ကင်ဆာရောဂါတွေနဲ့ ကင်ဆာကုထုံးတွေ ကြောင့် ပြန်ရည်ကျိတ်တွေမှာ ပိုးဝင်တာမျိုး ဖြစ်စေပြီး ဖောရောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

    • အဆစ်ရောင်ရောဂါ

    အဆစ်ရောင်ရောဂါကြောင့် အဆစ်တွေရောင်တာ၊ နာကျင်တာ၊ တောင့်တင်းတာ၊ လှုပ်ရှားရခက်တာတွေကို ခံစားရနိုင်ပါတယ်။  ဒီလို အခြေအနေကြောင့်လည်း အဆစ်တွေမှာ ရောင်တာ၊ ခြေချင်းဝတ်ဖောရောင်တာကို ခံစားရနိုင်ပါတယ်။

    • သွေးခဲတာ

    ဒီအခြေအနေကတော့ သတိထားရမယ့် အခြေအနေပါ။ သွေးကြောတွေထဲမှာ သွေးခဲတာကြောင့် ​ခြေချင်းဝတ်ရောင်တာ နဲ့ အခြားသော ဖောရောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။  ဖောရောင်တာက ဆစ်ဖက်တည်းမှာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ လိုပါမယ်။

    • နှလုံးရောဂါ

    သွေးတိုးတာ၊ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးက သွေးတွေကို ကောင်းကောင်း မညှစ်ထုတ်နိုင်တဲ့ အခြေအနေတွေကလည်း ခြေချင်းဝတ်ရောင်တာကို ဖြစ်စေနိုင်ပါတယ်။ နှလုံးက သွေးတွေကို ကောင်းကောင်း မညှစ်စထုတ်နိုင်တဲ့အခါ ခြေချင်းဝတ်မှာ အရည်တွေ စုပုံတာမျိုး ဖြစ်လာနိုင်ပါတယ်။

    • အသည်းနဲ့ ကျောက်ကပ် မကျန်းမာတာ

    အသည်း နဲ့ ကျောက်ကပ်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ ကိုယ်တွင်းမှာ အရည်တွေ စုပုံလာပြီး ခြေချင်းဝတ်ရောင်တာကို ဖြစ်စေနိုင်သလို ခန္ဓာကိုယ်မှာ ဖောရောင်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement