backup og meta

ကော်လာဂျင် နဲ့ ဝက်ခြံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်လာဂျင် နဲ့ ဝက်ခြံ

    လူငယ် တော်တော်များများ ရင်ဆိုင်နေရတဲ့ အရေပြားပြဿနာ တစ်ခု ပါ။ အစားအသောက်ကြောင့်၊ ဟော်မုန်း အပြောင်းအလဲကြောင့်နဲ့ ထိတွေ့နေတဲ့အရာတွေ အသုံးအဆောင်တွေကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံပျောက်ကင်းစေမယ့် နည်းလမ်းလေးတစ်ခုအကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ ဒါကတော့ အရေပြားရဲ့ သက်စောင့်ဓာတ်လို့ ဆိုရမယ့် ကော်လာဂျင် ပါ။

    ဝက်ခြံ ဘာကြောင့်ဖြစ်

    ဝက်ခြံ ဖြစ်ရတဲ့ အကြောင်းအရာက တစ်ခုမက ရှိနေနိုင်ပါတယ်။ ဝက်ခြံ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုက အဆီတွေဆဲလ်သေတွေက ချွေးပေါက်ကို ပိတ်ဆို့သွားတာ ကြောင့်ပါ။ အရေပြားက Sebum ကို လိုတာထက် ပိုပြီး ထုတ်လုပ်တဲ့ အခါမျိုးမှာလည်း ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အရေပြားမှာ ဆဲလ်သေတွေ၊ အဆီတွေ ရှိနေတာက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီယားတွေကို အားဖြည့်ပေးနေသလို ဖြစ်နေပါတယ်။ ဘက်တီးရီးယားကြောင့် ဝက်ခြံတွေ နီမြန်းရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံက အရွယ်ရောက်လာတာကြောင့် ဖြစ်နိုင်သလို စိတ်ဖိစီးတာ၊ ဟော်မုန်းပြောင်းလဲတာ၊ အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    အရေပြားမှာ ဝက်ခြံဖြစ်တာက အရေပြား အတွင်းပိုင်းရဲ့ ဖွဲ့စည်းမှုကို အားနည်းစေပြီး အသားအရေကို အတွင်းပိုင်းထိပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလို အခြေအနေမှာ မဖြစ်မနေ လုပ်ရမှာက အသားအရေရဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ ပါပဲ။ ဒီလိုအပ်တဲ့ အာဟာရကို အဓိက ဖြည့်ပေးနိုင်မယ့် အရာကတော့ အရေပြား ပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မယ့် ကော်လာဂျင်ပါ။ ကော်လာဂျင်က ဝက်ခြံကြောင့် အသားအရေ ပျက်စီးတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး တွယ်ဆက်တစ်ရှုးတွေကို ကျန်းမာစေနိုင်သလို အသားအရေကို ကျန်းမာပြီး တင်းရင်း လှပစေနိုင်ပါတယ်။

    ဝက်ခြံအတွက် ကော်လာဂျင် အသုံးပြုသင့်တဲ့ အကြောင်းအရင်း

    ဝက်ခြံက အသားအရေကို တော်တော်လေး ထိခိုက်စေနိုင်တဲ့ အရေပြားပြဿနာ တစ်ခုပါ။ ဒါကြောင့် ဝက်ခြံ ဖြစ်လာတဲ့အခါ သေချာဂရုစိုက်ဖို့ လိုပါမယ်။ ဝက်ခြံကင်းပြီး ပြီးပြည့်စုံတဲ့ အလှကို ရရှိစေဖို့ ကော်လာဂျင်ရဲ့ အကူအညီကို ရယူဖို့လိုပါမယ်။ လေ့လာချက်တွေအရ ဒီအချက်တွေကြောင့် ကော်လဂျင်က ဝက်ခြံအတွက် ဒီလို အကျိုးပြုပါတယ်တဲ့။

    အမိုင်နိုအက်ဆစ် ပါဝင်တယ်

    ကော်လာဂျင်မှာ proline နဲ့ glycine လိုမျိုး အမိုင်နိုအက်ဆစ်တွေ ပါဝင်နေတာကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင်ကို ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေကိုပါ သက်သာစေနိုင်စွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်နေတဲ့ အသားအရောင် မညီညာမှုတွေကိုလည်း သိသိသာသာ သက်သာစေပြီး အသားအရေကို ပြုပြင်ပေးသလို လိုအပ်တဲ့ အာဟာရတွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

    အနာကျက်စေဖို့ အထောက်အကူပြုပေးတယ်

    ဝက်ခြံ ဖြစ်လာရင် စိတ်ထဲမှာ အရမ်းညှစ်ချင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေမှာ မညှစ်မိစေဖို့ ဂရုပြုစေချင် ပါတယ်။ အကြောင်းကတော့ ဝက်ခြံကို ညှစ်လိုက်တဲ့အခါ အသားအရေက ပိုပြီးထိခိုက်ပျက်စီးသွားနိုင် တာကြောင့်ပါ။

    ဒီလိုအခြေအနေမှာ ကော်လာဂျင်ကို သောက်သုံးပေးတာက ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားတစ်ရှူးတွေ ထိခိုက်ပျက်စီးသွားတာကို အကောင်းဆုံး ပြုပြင်ပေးနိုင်မှာပါ။ ဒီလို လုပ်ဆောင်ပေးမှုက ဝက်ခြံကို ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်ခံရမှုကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    အရေပြားကို ကောင်းမွန်လာစေမယ်

    ကော်လာဂျင်က အရေပြားတစ်ရှူးတွေကိုတင် ပြုပြင်ပေးတာမဟုတ်ပါဘူး။ အသားအရေကို အနာအဆာကင်းပြီး ကျန်းမာစေအောင်လည်း လုပ်ဆောင်ပေးပါတယ်။ အသားအရေလေး ချောမွေ့ပြီး စိုပြေတင်းရင်းစေမှာ အသေအချာပါ။

    အသားအရေ တင်းရင်းစေနိုင်တယ်

    အသက်အရွယ် ရလာတာနဲ့အမျှ ကော်လာဂျင်ပမာဏက သိသိသာသာ လျော့ကျလာပြီး အသားအရေ ပိုပါးလာသလို အသားအရေ တင်းရင်းမှုကလည်း ပိုနည်းလာပါတယ်။

    ဒီလိုအပ်ချက်ကို ဖြည့်တင်းနိုင်မှ အသားအရေက တင်းရင်းမှာပါ။ ဒါ့ကြောင့် တင်းရင်းပြီး ဝက်ခြံကင်းတဲ့ အသားအရေ ပိုင်ရှင်လေး ဖြစ်စေဖို့အတွက် ကော်လာဂျင် လုံလောက်မှု ရှိစေဖို့ ကော်လာဂျင် ဖြည့်စွက်တာမျိုး လုပ်ဖို့ လိုပါမယ်။

    အသားအရေကို ကျန်းမာစေနိုင်တယ်

    ကော်လာဂျင် သောက်သုံးပေးမှုက အသားအရေအတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းရာ ရောက်သလို ဝက်ခြံကင်းစေပြီး ခန္ဓာကိုယ် အသားအရေကို ပါကျန်းမာလှပ လာစေမှာပါ။

    ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    ဒါကြောင့် ဝက်ခြံကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ လုပ်နေကျ အသားအရေထိန်းသိမ်းမှုတွေထဲမှာ ကော်လာဂျင် သောက်သုံးမှုကိုပါ ထည့်သွင်းစဉ်းစားကြပါလို့ အကြံပြုလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement