Keratolytic Action, Peeling Action အကြောင်းကိုအရေပြားအထူးကုဆရာဝန်ကြီး ကိုယ်တိုင် ပြောပြပေးထားတဲ့အသေးစိတ်အကြောင်းအရာကို အောက်တွင်လေ့လာဖတ်ရှု့နိုင်ပါတယ်
Keratolytic Action, Peeling Action အကြောင်းကိုအရေပြားအထူးကုဆရာဝန်ကြီး ကိုယ်တိုင် ပြောပြပေးထားတဲ့အသေးစိတ်အကြောင်းအရာကို အောက်တွင်လေ့လာဖတ်ရှု့နိုင်ပါတယ်
✅ဒေါက်တာမိုးကျော်ထွန်း
✅အရေပြားအထူးကုဆရာဝန်ကြီး
✅အရေပြားရောဂါဌာန
✅အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး
Keratolytic action ကို အသားအရေအတွက် အသုံးပြုလို့ရပါတယ်။
အသားအရေကြည်လင်လှပစေဖို့ အတွက် အသုံးပြုလို့ရတဲ့ ကုထုံးတွေက အမျိုးမျိုးပါ။ သာမန်အသားအရေဆိုရင် ကိစ္စမရှိပေမယ့် ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေတို့ ထိခိုက်လွယ်တဲ့ အသားအရေတို့ဆိုရင်တော်တော်လေးဂရုစိုက်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအဆင်ပြေစေမယ့် အသားအရေကြည်လင်စေမယ့် ကုထုံးတစ်ခုအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒါကတော့Keratolytic action ပါ။
Keratolytic action ကဘယ်လို အလုပ်လုပ်တာလဲဆိုတော့ ကျွန်ုပ်တို့၏ အရေပြားအောက်လွှာတွင်ရှိသော အရေပြားဆဲလ်များသည်၂ပတ်အကြာတွင် အရေပြားအပေါ်ဆုံးအလွှာသို့ ရောက်ရှိပြီး ဆဲလ်သေ (Dead skin cells) များအဖြစ် ပြောင်းလဲသွားပါသည်။ Salicylic acid ကိုအသုံးပြုခြင်းဖြင့် အရေပြားအပေါ်ဆုံးလွှာရှိဆဲလ်သေ(Dead skin cells) များကို ဖယ်ရှားပေးပြီးကျန်းမာသော အရေပြားဆဲလ်အသစ်များကို အရေပြားအပေါ်လွှာသို့ ရောက်ရှိစေပါသည်။
ထိုဆဲလ်သေများကို ဖယ်ရှားပေးခြင်း (Peeling/ Keratolytic action) ကြောင့် တစ်ခါတရံတွင် ဘေးထွက်ဆိုးကျိုးအနေဖြင့် အရေပြားနီရဲခြင်း၊ ပူခြင်း၊ အဖတ်လန်ခြင်းတို့ကို ဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်း ဆိုးကျိုးများသည် acid ပြင်းအား၊ acid ပမာဏ၊ သုတ်လိမ်းသည့် အရေပြား တစ်ဦးတစ်ယောက်ချင်းစီ၏အရေပြားအစိုဓါတ်ထိန်းသိမ်းနိုင်ခြင်း နှင့် အရေပြားပုံစံပေါ်မူတည်ပါသည်။
Salicylic acid သည်ဆဲလ်သေများကိုဖယ်ရှားပေးခြင်း (Keratolytic action) အပြင်အရေပြားပေါ်တွင် ပိုလျှံနေသောအဆီများကိုလည်း ဖယ်ရှားပေး ပါသည်။ အရေပြားပိုးဝင်နေသောသူများ၊ ဝက်ခြံညှစ်ပြီး အနာမကျက်သေးသောသူများ၊ အရေပြားရောင်ရမ်းနေသော သူများသည် မိမိအရေပြားပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိပြီးမှသာလျှင် Salicylic acid ပါဝင်သောပစ္စည်းများကိုအသုံးပြုသင့်သည်။ Salicylic acid ပါသောအလှကုန်ပစ္စည်းများ (Cream, Moisturizer) များကိုစတင်အသုံးပြု လျှင် ညဘက်တွင် အသုံးပြုပြီးနေသားကျသော အချိန် (ဥပမာ-တစ်ပတ်အကြာ) တွင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်အသုံးပြုနိုင်သည်။ နေ့ဘက်အသုံးပြုမည်ဆိုလျှင် နေလောင်ကာခရင်မ် (Suncream) ထပ်လိမ်းပေးရန်လိုအပ်ပါသည်။
ကြည်လင်ပြီး အနာအဆာကင်းတဲ့ အသားအရေအတွက် စဉ်းစားသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတစ်ခုပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။