backup og meta

ကျန်းမာလှပတဲ့ ဆံကေသာပိုင်ဆိုင်လိုသူများအတွက်

အား…… ဆံပင်တွေကျွတ်ပြန်ပြီ။ စိတ်ညစ်လိုက်တာ။ ဆံပင်လေးတွေလှတာမြင်ရင်လိုက်ငေးမိနေပေမယ့် ကိုယ်တိုင်ကျ ဆံပင်ပါးလို့ ဆံသားမကျန်းလို့ဆိုပြီး စိတ်ညစ်နေလား၊လေဒီ….”ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး” ဆိုတဲ့အတိုင်း လှပပြီး နက်မှောင်တောက်ပြောင်တဲ့ ဆံသားပိုင်ရှင်လေဒီလေးြဖစ်ချင်နေတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ပြောပါရစေ။

ကျန်းမာတောက်ပြောင်တဲ့ဆံသားလေးတွေပိုင်ဆိုင်ဖို့ အစားအသောက်လေးတွေစားသုံးပေးလို့ရပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေကို အာဟာရမျှတအောင်စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ကျန်းမာပြီးတောက်ပြောင်ကျန်းမာတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ဆံသားကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေက ဘာတွေများလဲ

ဆံပင်ကျွတ်ခြင်းကင်းဝေးပြီး သန်စွမ်းတောက်ပြောင်တဲ့ ပိတုန်းရောင်ဆံကေသာပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အစားအစာလေးတွေကို ပုံမှန်စားသုံးပေးပါ။

သရက်သီး – သရက်သီးက အရသာတင်ရှိတာမဟုတ်ပါဘူး။ သရက်သီးမှာပါတဲ့ ဆီလီကာ(Silica)၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ ဖောလိတ်တို့က ဆံသားတွေသန်စွမ်းအောင်အားဖြည့်ပေးသလို ဆံပင်ပိုသန်လာအောင်လည်း အားဖြည့်ပေးပါသတဲ့။ တစ်နေ့ကို သရက်သီး နှစ်စိတ်လောက်တော့စားပေးပါ။

ပဲပိစပ် သံဓါတ်၊အိုမီဂါ-3၊ ဗီတာမင် B2၊ မဂ္ဂနီဆီယမ်တို့က ခန္ဓါကိုယ်တွင်းကဟော်မုန်းတွေကို ထိန်းညှိပေးပြီး ဆံပင်ကျွတ်သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ပဲပိစပ် ၃ကြိမ်လောက်စားသုံးပေးပါ။

ဥအမျိုးမျိုးပရိုတင်းဓါတ်၊ ဗီတာမင် A၊ ဗီတာမင် D၊ ကာရိုတင်း၊ လူတိန်း(lutein) နဲ့ ဇင့်ဓါတ်တို့ပါဝင်နေတဲ့ ကြက်ဥ၊ဘဲဥ၊ ငုံးဥတို့ကို တစ်ပတ်မှာ ၄ ကြိမ်ခန့် စားသုံးပေးမယ်ဆိုရင် ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်မှာ အသေအချာပါ။

ဟင်းနုနွယ် – ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့အစိမ်းရောင်ရင့်ရင့် ဟင်းနုနွယ်ရွက်မှာဖောလိတ်၊ သံဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C တို့လိုမျိုးဓါတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ ဒီဓါတ်တွေက ဆံသားတွေကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် A ကဦးရေပြားကို အစိုဓါတ်ထိန်းပေးပြီး ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ဟင်းနုနွယ်ရွက်ကို ကြော်ပြီးဖြစ်ဖြစ် သုပ်ပြီးဖြစ်ဖြစ်စားပေးပါ။

အဆီများတဲ့ငါး – ငါးကနေရတဲ့အဆီက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အဆီများတဲ့ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်း၊ မက်ကာရယ်တို့လိုမျိုးomega-3 နဲ့ omega-6 fatty acid ကြွယ်ဝတဲ့ငါးတွေက ဆံပင်ကျွတ်တာကို သိသိသာသာလျော့ကျစေပြီး ဆံပင်ကို ပိုမိုကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ငါးတွေကိုစားသုံးဖို့ အကြံပြုပါရစေ။

ကန်စွန်းဥ – ကန်စွန်းဥထဲမှာ ဘီတာ ကယ်ရိုတင်း(beta-carotene) ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်တွေကို သန်စွမ်းအောင် အထောက်အပံ့ပေးပါတယ်။ ကန်စွန်းဥအရွယ်တော်တစ်လုံးမှာbeta-carotene ၁၁၄ ဂရမ်ပါဝင်ပြီး တစ်နေ့တာအတွက် ခန္ဓါကိုယ်က လိုအပ်တဲ့ ပမာဏရဲ့ ၄ ဆကျော်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံသားကျန်းမာသန်စွမ်းချင်သူတွေအနေနဲ့ ကန်စွန်းဥကမေ့ထားလို့မဖြစ်ပြန်ပါဘူး။ ကန်စွန်းဥရဲ့နောက်ထပ်အားသာချက်တစ်ခုက ဆံပင်ရှည်မြန်စေတာပါ။

အခွံမာသီးတွေ – အခွံမာသီးတွေက အရသာရှိသလို ဆံပင်သန်စွမ်းဖို့လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း များစွာဖြည့်တင်းပေးနိုင်ပါတယ်။ အခွံမာသီးတွေက ဆံသား၊ လက်သည်းနဲ့ အသားအရေကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် E ကိုထောက်ပံ့ပေးပါတယ်။ အခွံမာသီးတွေက ဗီတာမင် E အပြင် ဇင့် နဲ့ မရှိမဖြစ်လိုအပ်တဲ့ Fatty Acids ပါဝင်နေတာကြောင့် ဆံပင်ကျဲပါးတာကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် အစေ့အဆန်တွေစားပေးပါ။

ထောပတ်သီး -ထောပတ်သီးကအရသာတင်ရှိတာမဟုတ်ဘဲ၊ အာဟာရဓါတ်နဲ့ အဆီဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ထောပတ်သီးမှာပါတဲ့ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက ဆံပင်ကျန်းမာသန်စွမ်းအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးထောပတ်သီးမှာပါတဲ့ဓါတ်တွေက Free Radicalsတွေကြောင့် ဆံပင်ကျွတ်တာတွေကိုကာကွယ်ပေးပါသေးတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diet and Healthy Hairhttps://www.webmd.com/skin-problems-and-treatments/hair-loss/men-hair-loss-17/eat-right-healthy-hair Accessed Date 13 August 2018

The 14 Best Foods for Hair Growthhttps://www.healthline.com/nutrition/foods-for-hair-growth Accessed Date 13 August 2018

10 BEST FOODS TO EAT FOR THICKER HAIRhttps://www.getthegloss.com/article/10-foods-to-eat-for-thicker-hair Accessed Date 13 August 2018

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement