အဓိပ္ပါယ်ဖွင့်ဆိုချက်
Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကဘာလဲ။
Human Immunodeficiency Virus သို့မဟုတ် HIV သည် AIDS ( ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်စေသော ဗိုင်းရပ်စ် ဖြစ်သည်။
HIV သည် ကိုယ်ခံအားစနစ်ကို အပြင်းအထန် ကျဆင်း စေနိုင်သည်။ ထို့ကြောင့် အခြားရောဂါများ၊ ဘတ်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးကူးစက်မှုများကို ဖြစ်စေသည်။ HIV ကို သင့်ခန္ဓါကိုယ်မှအပြည့် ဖယ်ရှား မပစ်နိုင်ပါ။ HIV တစ်ခါ ကူးစက်ပါက တစ်သက်လုံးရှိနေမည် ဖြစ်သည်။
AIDS သည် HIV ရောဂါ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ အခြားရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာနှင့် ကိုယ်ခံအား စနစ် အားနည်းလာသောကြောင့် ရောဂါပိုးပေါင်းစုံ ဝင်ခြင်းတို့ဖြင့် သတ်မှတ်နိုင်သည်။
Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
၂၀၁၄ နှစ်ကုန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တင်ပြချက် အရ HIV ရောဂါဖြင့် ရှင်သန်နေသူ ၃၇ သန်းနီးပါးရှိပြီး ၁.၂ သန်းသည် AIDS နှင့်ဆက်နွယ်သော အကြောင်းများကြောင့် သေဆုံးသည်။ သို့သော်လည်း ထိုလူများ၏ ၅၄ ရာခိုင်နှုန်းသာ သူတို့၏ အခြေအနေကို သိကြပါသည်။ အဘယ်ကြောင့်ဆို သော် HIV သည် ရောဂါလက္ခဏာမပြဘဲ ရှိနိုင်သောကြောင့် ဖြစ်သည်။
လက္ခဏာများ
Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
သင့်တွင် ရောဂါလက္ခဏာ မပြသော်လည်း သင်သည် ဗိုင်းရပ်စ်ကို အခြားလူများသို့ ပျံ့နှံ့စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် HIV သည် ရောဂါလက္ခဏာ ပြရန် ၂-၁၅ နှစ်အထိ ကြာနိုင်သောကြောင့် ဖြစ်သည်။ သင့်တွင် HIV ရှိသော်လည်း ကျန်းမာပြီး ပုံမှန်လုပ်ငန်း လုပ်နိုင်ပုံ ပေါ်သည်။ စစ်ဆေးမှု မပြုမချင်း သင့်တွင် HIV ရှိသလား သေချာ မသိနိုင်ပါ။
HIV သည် သင်၏ ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက် မထိခိုက်စေပါ။ သင်၏ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီး အခြား ရောဂါများစွာကို ဖြစ်စေသည်။ အထူးသဖြင့် ရောဂါပိုး ကူးစက်ခြင်းများ ဖြစ်သည်။ HIV ၏ အစပိုင်းလက္ခဏာများ သည် အခြားဗိုင်းရပ်စ်ကူးစက်မှုများနှင့် ဆင်တူသည်။
- အဖျားတက်ခြင်း
- ခေါင်းကိုက်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- လည်ချောင်း၊ ချိုင်းကြား နှင့် ပေါင်ခြံတွင် ဂလန်းများ ရောင်ခြင်း
AIDS သည် HIV ကူးစက်မှု၏ ပြန့်ပွားလာသော အဆင့် ဖြစ်သည်။ HIV သည် သင်၏ ကိုယ်ခံအားစနစ်က်ု လျော့ကျ စေနိုင်သည်။ ထို့ကြောင့် အခြား ရောဂါပိုးကူးစက်မှု အခြေအနေများကို ဖြစ်စေသည်။ AIDS ဖြစ်ပါက ရောဂါပိုး ကူးစက်မှု အခြေအနေများစွာ တစ်ချိန်တည်း ဖြစ်နိုင်သည်။
- ရောဂါပိုးကူးစက်မှု၊ တစ်ခုတည်း သို့မဟုတ် များစွာ။ တီဘီရောဂါ၊ cytomegalovirus ကူးစက်မှု၊ cryptococcal meningitis, toxoplasmosis, cryptosporidiosis
- ကင်ဆာ။ အဆုတ်၊ ကျောက်ကပ် ကင်ဆာ သို့မဟုတ် lymphomas နှင့် Kaposi’s sarcoma
- တီဘီရောဂါ။ ဆင်းရဲသော နိုင်ငံများတွင် တီဘီသည် HIV နှင့် ဆက်နွယ်သော အဖြစ်အများဆုံး ကူးစက် ရောဂါဖြစ်သည်။ AIDS လူနာများတွင် အဓိကသေစေ သော အကြောင်းရင်းလည်း ဖြစ်သည်။
- Cytomegalovirus ။ ဤအဖြစ်များသော ရေယုန် ဗိုင်းရပ်စ်သည် တံတွေး၊ သွေး၊ ဆီး၊ သုတ်ရည်၊ မိခင်နို့ စသော ခန္ဓါကိုယ်အရည်များမှတစ်ဆင့် ကူးစက် သည်။ ကျန်းမာသော ကိုယ်ခံအားစနစ်သည် ဗိုင်းရပ်စ် ကို မလှုပ်ရှားအောင် ထိန်းချုပ်ထားသည်။ ကိုယ်ခံ အားစနစ် အားနည်းသောအခါ ဗိုင်းရပ်စ်သည် နိုးကြား လာပြီး မျက်လုံး၊ အစာခြေလမ်းကြောင်း၊ အဆုတ် သို့မဟုတ် အခြား အင်္ဂါများကို ထိခိုကစေသည်။
- Candidiasis ။ Candidiasis သည် HIV နှင့် ဆက်စပ် သော အဖြစ်များသော ကူးစက်မှုတစ်ခု ဖြစ်သည်။ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ပါးစပ်၊လျှာ၊ အစာရေ မြို နှင့် မိန်းမအင်္ဂါတို့ရှိ အမြှေးပါးတွင် အဖြူဖတ်အထူ များ ဖြစ်စေသည်။
- Cryptococcal meningitis ။ Meningitis သည် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကို ဝန်းရံထား သော အမြှေးပါးနှင့် အရည်များ ရောင်ရမ်းခြင်း ဖြစ်သည်။ Cryptococcal meningitis သည် HIV နှင့် ဆက်စပ်သော အဖြစ်များသော အဓိကအာရုံကြော စနစ် ရောဂါပိုးကူးစက်မှုတစ်ခု ဖြစ်သည်။ မြေကြီးထဲ တွင်တွေ့ရသော မှိုတစ်မျိုးကြောင့် ဖြစ်သည်။
- Toxoplasmosis ။ ဤသေစေနိုင်သော ကူးစက်မှု သည် အဓိကအားဖြင့် ကြောင်များမှ ကူးစက်ပျံ့နှံ့ သော toxoplasma gondii ဟူသော ကပ်ပါးကြောင့် ဖြစ်သည်။ ကူးစက်ခံရသော ကြောင်များသည် ကပ်ပါး ကို ဝမ်းထဲတွင် စွန့်ပစ်သည်။ ကပ်ပါးများသည် ထိုမှ တစ်ဆင့် အခြားတိရစ္ဆာန်များနှင့် လူများသို့ ပျံ့နှံ့ သည်။
- Cryptosporidiosis ။ ဤကူးစက်မှုသည် တိရစ္ဆာန် များတွင် အတွေ့ရများသော အူကပ်ပါးကောင် ကြောင့် ဖြစ်သည်။ ညစ်ညမ်းသော အစာ သို့မဟုတ် ရေ သောက်မိပါက crytosporidiosis ဖြစ်နိုင်သည်။ ကပ်ပါးသည် အူနှင့် သည်းခြေပြွန် ထဲတွင် ကြီးထွားလာပြီး AIDS လူနာများတွင် ပြင်းထန်သော ရက်ရှည် ဝမ်းလျှောခြင်းကို ဖြစ်စေသည်။
- AIDS ဖြစ်ပါက ရောဂါပိုး ကူးစက်မှုများအပြင် ကင်ဆာ၊ အာရုံကြောရောဂါများ၊ ကျောက်ကပ် ပြဿနာများလည်း ဖြစ်နိုင်ချေ ရှိသည်။
ထိုအခြေအနေများကို အောက်ပါတို့ဖြင့် သိသာစွာ သိရှိနိုင် သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။