backup og meta

သင့်ခံစားနေရတာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေလား။

သင့်ခံစားနေရတာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေလား။

အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် မျိုးပွာအင်္ဂါတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခု (ဥပမာ အနာ၊ အရည်ကြည်ဖု) စတာတွေ ဖြစ်လာပြီဆိုရင် လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုခုလားဆိုပြီး သံသယဖြစ်တတ်ကြပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေအများစုက ကုသလို့ပျောက်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေကို မသိထားမိလို့ မကုသမိရင် မိမိအဖော်ကို ကူးစက်တာ၊ ကိုယ်ကိုယ်တိုင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်တာကြောင့် လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေကို သိထားသင့်ပါတယ်။

လိင်ကတဆင့်ကူးစက်ရောဂါများ

အရင်ဆုံး အဖြစ်များတဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေကို သိထားဖို့ လိုပါတယ်။ ဒါတွေကတော့

လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေက

များသောအားဖြင့် လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေက လက္ခဏာတွေက လက္ခဏာမပြတတ်ပါဘူး။ တချို့တွေမှာလည်း သာမန် တုပ်ကွေးလို၊ အအေးမိတာလို လက္ခဏာတွေလောက်ပဲ ပြပါတယ်။ ဒီအခြေအနေနှစ်ခုလုံးမှာ လူနာက သူ့ကိုယ်ကို ရောဂါရှိမှန်း မသိနိုင်ကြပါဘူး။

အများစုက ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်လို့ ဆေးခန်းပြပြီး ဆေးစစ်ရာကနေဖြစ်ဖြစ်၊ မိမိလိင်အင်္ဂါမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုကြောင့်ဖြစ်ဖြစ် သိလိုက်ရတာ များပါတယ်။ ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက တကယ်လို့ ကိုယ့်ရဲ့ လိင်အင်္ဂါမှာ ထူးခြားတာတစ်ခုခုရှိနေတယ်။ ဒါက လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ လားဆိုတာ သိအောင်ပဲ ဖြစ်ပါတယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေ ဒီလိုလက္ခဏာတွေနဲ့ လာတတ်ပါတယ်။

  • အကျိတ်၊ အဖု၊ အရည်ကြည်ဖု၊ အနာများ
  • ယားယံခြင်း
  • အရည်များဆင်းခြင်း
  • အတူနေတဲ့အခါ နာခြင်း
  • ဆီးပူဆီးကျဉ်ခြင်း
  • ဝှေးစေ့အောင့်ခြင်း
  • အကျိတ်၊ အဖု၊ အရည်ကြည်ဖု၊ အနာများ

လိင်အင်္ဂါတစ်ဝိုက်မှာ ဘာမှန်းမသိတဲ့ အဖုတွေ၊ အရည်ကြည်ဖုတွေ၊ အနာတွေ ရှိနေရင် လိင်ကတဆင့် ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်  ဆစ်ဖလစ်ဆို နာကျင်မှု မရှိတဲ့ အနာလေးတွေ ထွက်တတ်ပါတယ်။ ကြွက်နို့ဆို အဖုလေးတွေ စုစုပြီး ထွက်တတ်ပါတယ်။ ရေယုန်ဆို အရည်ကြည်ဖုလေးတွေ ထွက်တတ်ပါတယ်။ ဒီအဖုတွေ၊ အနာတွေက လိင်အင်္ဂါအပြင် စအိုတစ်ဝိုက်မှာလည်း ဖြစ်တတ်ပါသေးတယ်။

လိင်ကတဆင့် ကူးစက်ရောဂါတွေက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ပြန်တိုက်တဲ့အခါ ပြန်ရည်ကျိတ်တွေ ကြီးတတ်ပါတယ်။ ဒါကြောင့် ပေါင်ခြံမှာ အကျိတ်သေးသေးလေးတွေ ထွက်တတ်ပါတယ်။

  • ယားယံခြင်း

မိန်းမကိုယ်၊ လိင်တံ၊ ဝှေးစေ့၊ စအို စတဲ့နေရာတွေမှာ ယားယံတာပါ။ ဒါတွေက အရေပြားရောဂါကြောင့်လည်း ဖြစ်နိုင်သလို လိင်ကတဆင့်ကူးစက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလိုင်မဲဒီးယား၊ ဂနို၊ Trichomoniasis ကြောင့်ဖြစ်တဲ့အခါ ယားယံတာကို ခံစားရပါတယ်။

ကြွက်နို့တွေ၊ ရေယုန်တွေ ကူးခံရတဲ့အခါမှာလည်း အဖုတွေ၊ အရည်ကြည်ဖုတွေက ယားယံတတ်ပါသေးတယ်။

ယားယံလို့ ကုတ်တဲ့အတွက် မိန်းမကိုယ်၊ လိင်တံ၊ ပေါင်ခြံတစ်ဝိုက်မှာ နီရဲရောင်ရမ်းတာ၊ စပ်ဖျင်းဖျင်းဖြစ်တာတွေ ခံစားရတတ်ပါတယ်။

  • အရည်များဆင်းခြင်း

အမျိုးသမီးတွေမှာ မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ အဖြူတွေဆင်းပြီး အမျိုးသားတွေမှာဆိုရင်တော့ လိင်တံထိပ်ကနေ အရည်တွေ ဆင်းတတ်ပါတယ်။ ဒီလိုအရည်တွေ ဆင်းစေတတ်တဲ့ ကူးစက်ရောဂါတွေကတော့ ကလိုင်မဲဒီးယား၊ ဂနို၊ ရေယုန်၊ Trichomoniasisတွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင် အရောင်မျိုးစုံဆင်းတတ်ပါတယ်။ မီးခိုးရောင်၊ အစိမ်းရောင်၊ ဝါဖန့်ဖန့် စတာတွေ ဆင်းတတ်ပါတယ်။ ပမာဏများပြီး ရံဖန်ရံခါ မိန်းမကိုယ်ယားယံတတ်ပါတယ်။ အနံ့လည်း ဆိုးပါတယ်။ ငါးညှီနံ့လိုမျိုးတွေလည်း ရတတ်ပါတယ်။ အဖြူဆင်းတာအပြင် ရာသီသွေးဆင်းမမှန်တာတွေလည်း ဖြစ်တတ်ပါတယ်။

အမျိုးသားတွေမှာတော့ လိင်တံကနေ အရည်ကြည်တွေ၊ ပြည်လိုမျိုး ဖြူပျစ်ပျစ်တွေ အများဆုံးဆင်းပါတယ်။ လိင်အင်္ဂါတွေအပြင် စအိုကနေလည်း ဆင်းတတ်ပါသေးတယ်။

ဒါကိုတော့ အမျိုးသမီးတွေက အဓိက ခံစားရပါတယ်။ အရင်ကအကောင်း၊ ခုတလော အတူတူနေတိုင်း မိန်းမကိုယ်က နာနေပြီဆိုရင် လိင်ကတဆင့်ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလိုင်မဲဒီးယား၊ ဂနို၊ Trichomoniasisတွေကြောင့် ဖြစ်တတ်ပါတယ်။

ရေယုန်နဲ့ ကြွက်နို့မှာ အဖုတွေ၊ အရည်ကြည်ဖုတွေက မွေးလမ်းကြောင်းထဲထိ ပေါက်နေတဲ့အခါ အတူနေရင် နာတတ်ပါတယ်။

  • ဆီးပူဆီးကျဉ်ခြင်း

တချို့ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာတွေက ဆီးပိုးဝင်တာနဲ့ ဆင်တူပါတယ်။ အထူးသဖြင့် ဆီးပူဆီးကျဉ်တာ ဖြစ်တတ်ပါတယ်။ ကလိုင်မဲဒီးယားနဲ့ ဂနိုကူးစက်တဲ့အခါ ဒါမျိုးခံစားရတတ်ပါတယ်။ ရေယုန်နဲ့ Trichomoniasisတွေမှာလည်း တွေ့ရတတ်ပါတယ်။

အမျိုးသားတွေမှာ ဝှေးစေ့အောင့်နေရင် လိင်ကတဆင့်ကူးစက်ရောဂါတွေကိုလည်း သံသယဖြစ်သင့်ပါတယ်။ ကလိုင်မဲဒီးယားနဲ့ ဂနိုကြောင့် အဖြစ်များပါတယ်။

လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေ ခံစားနေရတယ်လို့ သံသယရှိတဲ့အခါ ဘာလုပ်ကြမလဲ။

လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာတွေ ခံစားရတယ်လို့ ထင်ရင်

  • ဆရာဝန်နဲ့အမြန်ဆုံးပြသပါ။
  • မိမိအဖော်ကိုပါ ဆေးစစ်ပါ။ သူ့ဆီကနေ ကူးတာဖြစ်နိုင်သလို သူ့ကို ကူးသွားတာလည်း ဖြစ်နိုင်တဲ့အတွက် အတွဲလိုက်ကုသဖို့ လိုပါတယ်။
  • ရောဂါကုလို့ မပြီးမချင်း အတူနေတာာကို ရှောင်ပါ။ ကွန်ဒုံးအသုံးပြုနိုင်ပေမယ့် တချို့ရောဂါတွေကို အပြည့်အဝကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

လိင်ကတဆင့်ကူးစက်ရောဂါ ခံစားရတယ်လို့ သံသယရှိတဲ့အခါ ဆေးခန်းပြဖို့ မရှက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ လိင်ကတဆင့်ကူးစက်ရောဂါတွေကို သေချာကုသမယ်ဆိုရင်

  • အများစုက ပျောက်ကင်းနိုင်ပါတယ်။
  • ခံစားရတဲ့ လက္ခဏာတွေ မြန်မြန်သက်သာစေပါတယ်။
  • မိမိအဖော်ကို မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
  • နောက်ဆက်တွဲ ပြဿနာတွေ ကင်းစေပြီး ပြန်လည်ကျန်းမာစေပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

STDs that cause itching https://www.medicalnewstoday.com/articles/stds-that-cause-itching Accessed date Aug 8, 2022

Sexually transmitted infections (STIs) https://www.nhs.uk/conditions/sexually-transmitted-infections-stis/ Accessed date Aug 8, 2022

Sexual transmitted diseases symptoms https://www.mayoclinic.org/diseases-conditions/sexually-transmitted-diseases-stds/in-depth/std-symptoms/art-20047081 Accessed date Aug 8, 2022

Sexual transmitted diseases https://medlineplus.gov/sexuallytransmitteddiseases.html Accessed date Aug 8, 2022

Sexual health STI chart https://www.healthed.govt.nz/resource-table/table-sexual-health-sti-chart Accessed date Aug 8, 2022

ယခုပုံစံ

28/11/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးပူညောင်းကျ ရောဂါအကြောင်း ဘာတွေ သိထားဖို့လိုသလဲ ။ ။

အသက် ၄၅ နှစ်အထက်တွေမှာ လိင်ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေပိုများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement