backup og meta

ချွဲကြပ် ခြင်း

ချွဲကြပ် ခြင်း

ခုရက်ပိုင်း ရာသီဥတုလေးအေးလာတော့ လည်ချောင်းထဲက နာသလိုလို၊ ချောင်းဆိုးချင်သလိုလို၊ ချွဲကြပ် ချင်သလိုလိုဖြစ်နေတယ်ဟုတ်။ အေးမြတဲ့ရာသီဥတုက စိတ်ကြည်နူးစရာကောင်းပေမယ့် ရောဂါအခံရှိနေသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက်တော့ စိတ်ပျက်စရာပါ။ အေးမြတဲ့ အနေအထားမှာ ရောဂါပိုးတွေက ပိုမိုရှင်သန်ပေါက်ဖွားလွယ်တာက ချောင်းဆိုးချွဲကြပ်တာနဲ့ လည်ချောင်းနာတာမျိုးတွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးအောင် အားဖြည့်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ အဖြစ်အများဆုံးနဲ့ ခံစားရတော်တော်လေးခက်တာက ချွဲကြပ်တာပါ။

ချွဲကြပ်တာက အရမ်းပြင်းထန်တဲ့အခါ ရင်ဘတ်ထဲမှာနေရတာခက်ပြီး အသက်ရှူရကြပ်တာမျိုး ခံစားရနိုင်ပါတယ်။ ချွဲကြပ်တာက တစ်ခါတလေမှာ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါသေးတယ်။ သင့်အနေနဲ့ ချောင်းဆိုးတာက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပေးတာ အကောင်းဆုံးဖြစ်မှာပါ။

ချွဲကြပ် ခြင်း

ချောင်းဆိုးတာက ပုံမှန်အားဖြင့်ကတော့ အဆုတ်နဲ့ လေပြွန်ထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ထုတ်ပေးတာပါ။ ချွဲကြပ်တဲ့အခါမှာတော့ ချွဲတွေက ပိုထူပြီး ခန္ဓာကိုယ်ပြင်ပကို ထွက်ရှိဖို့ ပုံမှန်ထက် ပိုမိုခက်ခဲတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အသက်ရှူရခက်တာ၊ အသက်ရှူကြပ်တာမျိုးဖြစ်နိုင်ပါတယ်။

ချွဲကြပ် ခြင်း

ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ

ချောင်းဆိုးတာ၊ ချွဲသလိပ်ထွက်တာတွေက ချွဲကြပ် တာရဲ့ သိသာတဲ့ လက္ခဏာရပ်တွေပါ။ ချွဲကြပ်တဲ့အခါ ထွက်လာတဲ့ ချွဲအရောင်က တစ်ခုနဲ့တစ်ခု မတူတာမျိုးတော့ ရှိနိုင်ပါတယ်။ ချွဲကြပ်တဲ့အခါ ချွဲအရောင်က အကြည်ထွက်တာမျိုးရှိနိုင်သလို အဖြူရောင်၊ အစိမ်းရောင် ၊အဝါရောင်ဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေနဲ့အတူ –

  • ချောင်းဆိုးတဲ့အခါ ချွဲထွက်တာ
  • အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ချွဲသံကြားနေရတာ
  • အသက်ရှူရတာ ပြတ်တောင်းပြတ်တောင်းဖြစ်နေတာ
  • ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေတာ
  • အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

တကယ်လို့ ချွဲတွေက အဝါရောင်ဖြစ်နေမယ် ဒါမှမဟုတ် အစိမ်းရောင်ဖြစ်နေမယ်၊ ချွဲနဲ့အတူ သွေးပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ ပြောပါရစေ။ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေမှာ အခုလို လက္ခဏာတွေဖြစ်နေပြီဆိုရင် အမြန်ဆုံးဆရာဝန်နဲ့ ပြသဖို့ ပြောပါရစေ။

ဒီအချက်တွေကြောင့် ချွဲကြပ် နိုင်ပါတယ်

ချွဲကြပ် တယ်ဆိုတာက လေပြွန်နဲ့ အဆုတ်ထဲမှာ ချွဲသလိပ်တွေ အရမ်းများနေတာကြောင့်ပါ။ ပုံမှန်အားဖြင့်တော့ သလိပ်တွေက အဆုတ်ထဲက အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကို စစ်ထုတ်ဖယ်ရှားပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်ပေးတာပါ။ ဒါပေမယ့် ဗိုင်းရပ်စ်တွေ ကူးစက်ခံရတဲ့အခါမျိုး အအေးမိဖျားနာဖြစ်တဲ့အခါမျိုးမှာ ချွဲတွေက ပိုမိုဖြစ်ပေါ်နေတတ်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ

ချွဲကြပ် ခြင်း

ချွဲကြပ်တာက အခန့်မသင့်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သေချာသတိထားဖို့ ပြောပါရစေ။ ဆောင်းအေးအေးမှာ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…….

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Truth About Mucushttps://www.webmd.com/allergies/features/the-truth-about-mucus#1 Accessed Date 22 January 2019

Cough: productive or ‘wet’ coughhttps://www.mydr.com.au/respiratory-health/cough-productive-or-wet-cough Accessed Date 22 January 2019

Chesty coughshttps://www.mydr.com.au/respiratory-health/chesty-coughs Accessed Date 22 January 2019

What is a chesty cough?https://www.flordis.com.au/health-insights/chesty-coughs/chesty-cough/ Accessed Date 22 January 2019

ယခုပုံစံ

22/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။

အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement