backup og meta

ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ်

ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ်

စကားပြောတာ နှာသံတွေပေါက်နေရော ဖျားနေတာလားလို့ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေမေးတာမျိုးခံရဖူးမှာပေါ့။ သူတို့တော့နားထောင်ကောင်း၊မကောင်းမသိ ကိုယ်တိုင်ကတော့ နှာသံနဲ့စကားပြောရတာကို စိတ်ပျက်နေပြီ။ အသံတင်ပြောင်းတာမဟုတ် တစ်သျှူးအလိပ်လိုက် အထုပ်လိုက်ဘေးနားထားထိုင်နေရ သွားလာနေရတာ အတော်လေးတော့အလုပ်ရှုပ်တယ်နော်။ မလုပ်လို့လည်းမဖြစ် အရွယ်ကရောက်နေပြီ နှပ်ချေးတစ်ရှုံ့ရှုံ့လုပ်နေလို့မဖြစ်တော့ စိတ်ညစ်ပေမယ့် အချိန်ပြည့် နှပ်ညှစ်နေရတယ်လေနော်။ နှာစေးတာကြောင့် အလုပ်ရှုပ်တာက ဒီလောက်နဲ့ပဲပြီးသွားတာတော့မဟုတ်ပါဘူး။ တစ်နေကုန်နှပ်ညှစ်နေရတယ်။ အိပ်ခါနီးကျတော့ နှာခေါင်းပိတ်လို့ကောင်းကောင်းအိပ်မရဘူး။ ဒီပြဿနာရဲ့ အရင်းခံတွေကို သိထားမယ်ဆိုရင်ရှောင်ရှားဖို့လွယ်သွားမှာပေါ့နော်။ ဒီတော့ နှာစေးနှာပိတ်ဖြစ်စေတဲ့အကြောင်းအရင်းလေးတွေများ မသိချင်ဘူးလား။

နှာစေးတယ်ဆိုတာ

နှာစေးတယ်ဆိုတာက နှာခေါင်းထဲမှာရှိတဲ့ တစ်ရှုးတွေနဲ့ နှာခေါင်းနဲ့ ကပ်လျက်ရှိနေတဲ့ တစ်ရှုးတွေ၊ နှာခေါင်းသွေးကြောတွေက ပိုလျှံနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ်ပြင်ပကို ထုတ်လွှတ်လိုက်တာပါ။ ဒီလိုထွက်လာတဲ့ ချွဲသလိပ်တွေက အရည်ကြည်ကြည်တွေကနေစလို့ ခပ်ပျစ်ပျစ်ချွဲတွေအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ်

နှာစေးရတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အခုပြောပြတဲ့အချက်တွေကြောင့် နှာစေးတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

ဝေဒနာသိရင်ဆေးရှိတယ်၊ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့စကားအတိုင်း နှာစေးတာအတွက်လည်း သက်သာအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိပါတယ်။ ဒါတွေကတော့ –

ပြည့်ပြည့်ဝဝအနားယူပါ – နှာစေးနှာပိတ်တာဖြစ်ဖြစ် နေထိုင်မကောင်းတာဖြစ်ဖြစ် ခန္ဓာကိုယ်မှာ တစ်ခုခုနေထိုင်မကောင်းဖြစ်တဲ့အခါ အိပ်ရေးဝဝအိပ်တာလိုမျိုးပြည့်ပြည့်ဝဝလေးအနားယူလိုက်တာက ကုန်ကျစရိတ်နည်းပြီး ကျန်းမာစေတဲ့ နည်းလမ်းတစ်ခုပေါ့။

ရေဓါတ်ပြည့်ဝအောင်နေပါ – ခန္ဓာကိုယ်ကျန်းမာဖို့အရေးကြီးတဲ့ ဓာတ်တစ်မျိုးကရေဓာတ်ပါ။ ဒါကြောင့် ရေဓာတ်ပြည့်ဝအောင်နေပေးပါနော်။ ရေဓာတ်ပြည့်ဝအောင်သောက်သုံးတယ်ဆိုတဲ့နေရာမှာ ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတာတွေကို ရှောင်ပေးပါ။

အာဟာရပြည့်ဝအောင် စားသုံးပေးပါ – အာဟာရပြည့်ဝပြီး အစာကြေလွယ်စေမယ့် အစားအစာတွေများများစားပေးပါ။

ပတ်ဝန်းကျင်သန့်ရှင်းအောင်ထားပေးပါပတ်ဝန်းကျင်မှာ ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အရာတွေမရှိနေအောင် ဂရုစိုက်ပေးပါ။ ဓာတုပစ္စည်းတွေ၊ ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေ၊ ဆေးလိပ်ငွေ့တွေ မရှိအောင် ဂရုစိုက်ပါ။

ရေနွေးသောက်ပေးပါ – ခပ်နွေးနွေးသောက်စရာတွေက နှာစေးနှာပိတ်တာကို သက်သာစေဖို့အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် ရေနွေးသောက်တာဖြစ်ဖြစ် နွားနို့ပူပူလေး၊ စွပ်ပြုတ်ပူပူလေးကြိုက်နှစ်သက်ရာကိုသောက်ပေးပါ။

ရေနွေးငွေ့ခံပေးပါ – မျက်နှာကိုရေနွေးငွေ့ခံပေးတာက နှာခေါင်းထဲက ချွဲသလိပ်တွေပျော်ဆင်းလာအောင် အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ အဖျားတာကိုလည်း တိုစေနိုင်တာကြောင့် စမ်းသပ်ကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါ။

ရေနွေးနဲ့ရေချိုးပါ – ဒါကလည်း နှာစေးတာကို သက်သာစေတဲ့အပြင် လန်းဆန်းစေမယ့် နည်းလမ်းတစ်ခုပါ။ ဒါကြောင့် နှာစေးနှာပိတ်တဲ့အခါရေနွေးခပ်နွေးနွေးလေးနဲ့ရေချိုးလိုက်ပါ။

နှာစေးနှာပိတ်ကင်းပြီး ကြည်လင်လန်းဆန်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း …..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Causes of a Runny Nose & How to Stop a Runny Nosehttps://www.buoyhealth.com/symptoms-a-z/runny-nose/ Accessed Date 21 September 2018

Runny Nosehttps://www.mayoclinic.org/symptoms/runny-nose/basics/causes/sym-20050640 Accessed Date 21 September 2018

Runny Nose Causes, Symptoms and Treatmentshttps://www.mucinex.com/blogs/cold-flu-symptoms/got-a-runny-nose-causes-symptoms-and-treatments Accessed Date 21 September 2018

How to Stop a Runny Nose at Homehttps://www.healthline.com/health/how-to-stop-a-runny-nose Accessed Date 21 September 2018

ယခုပုံစံ

08/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်



Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement