backup og meta

အဖျားမတိုင်းဘဲ ဖျားနေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ……………….


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖျားမတိုင်းဘဲ ဖျားနေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ……………….

    ဖျားနေပြီဆိုရင် အဖျားတိုင်းမှ ဖျားနေတာကို သိနိုင်တာမဟုတ်ပါဘူး။ ဒီနည်းလမ်းတွေနဲ့လည်း သိနိုင်ပါတယ်။

    ဖျားနေတာကို အဖျားမတိုင်းဘဲ သိနိုင်မယ့်နည်းလမ်းတွေက ဘာတွေလဲ…………

    အဖျားရှိနေတဲ့အခါ ဒီနည်းလေးတွေသုံးပြီး ဆန်းစစ်လို့ ရပါတယ်။

    ကိုယ်ပူစမ်းပါ

    ဖျားနေပြီထင်တယ်ဆိုရင် လက်ဖဝါး​လေး နဖူးပေါ်တင်ပြီး စမ်းကြည့်ကြတယ်နော်။ ဒါက ကိုယ်အပူချိန်ကို ဆန်းစစ်တဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ခုပါ။ တကယ်ကတော့ အဖျားရှိနေလားဆိုတာကို သိဖို့ဆိုရင် လက်ဖဝါးနဲ့ မဟုတ်ဘဲ လက်ဖမိုးနဲ့ နဖူး နဲ့ လည်ပင်း အောက်ဘက်တွေကို စမ်းကြည့်ရမှာပါ။

    လက်ဖဝါးက အပူကို ခံစားသိလွယ်တာကြောင့် ကိုယ်ပူနေတာကို တိတိကျကျ သိဖို့ခက်နိုင်ပါတယ်။ ဒါကြောင့် အဖျားရှိနေလား ဆိုတာကို သိဖို့ လက်ဖမိုးနဲ့ စမ်းပါ။

    အသားတွေ နီနေလားဆိုတာကို စစ်ပါ

    အဖျားသွေးရှိတဲ့အခါ တော်တော်များများက ပါးလေးတွေနီနေတာ နှုတ်ခမ်းလေးတွေ ရဲနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ဖျားနေလားဆိုတာကို သိနိုင်ဖို့ဆိုရင် မျက်နှာ အသားအရေနဲ့ နှုတ်ခမ်းအရောင်ကို သေချာကြည့်ပါ။ အသားဖြူတဲ့သူတွေမှာ ဒီလိုနီတာက ပိုသိသာပါတယ်။

    ပင်ပန်းနွမ်းနယ်နေလား စစ်ကြည့်ပါ

    အဖျားသွေးရှိတဲ့အခါ ပုံမှန်ထက် ပိုပြီး ပင်ပန်းနေတတ် ပါတယ်။ ဖျားတဲ့အခါ ခန္ဓာကိုယ်က ပုံမှန်ထက် ပိုပြီး ပင်ပန်းနေတတ် ပါတယ်။ ဒါကြောင့် မလှုပ်ချင်မသယ်ချင် ဖြစ်နေမယ်။ စကားပြောတာက လေသံလေး ပျော့နေမယ်။ ကလေးဆိုလည်း မဆော့ချင်ဘူး ဖြစ်နေမယ်။ မစားချင်ဘူး ဖြစ်နေမယ်ဆိုရင် ဖျားနေတာပါ။

    ကိုယ်လက်တွေ ကိုက်ခဲနေမယ်

    ခန္ဓာကိုယ်မှာ ဟိုနားကနာတယ်။ ဒီနားကနာတယ်။ ကိုယ်လက်တွေ ကိုက်ခဲနေတယ်။ ကြွက်သားနဲ့အရိုးအဆစ်တွေ နာနေမယ်ဆိုရင် ဖျားနေတာပါ။ ခေါင်းကိုက်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။

    ရေငတ်မယ်

    ရေခဏခဏ ဆာနေလား ဆန်းစစ်ကြည့်ရပါမယ်။ အဖျားရှိနေတဲ့အခါ ခဏခဏ ရေငတ်နိုင်ပါတယ်။ ခံတွင်းခြောက်မယ် ခဏခဏ ရေငတ်မယ်ဆိုရင်တော့ အဖျားရှိနေတာပါ။

    ဆီးတွေက ဝါနေမယ်ဆိုရင် ရေဓာတ် လိုအပ်ချက်ရှိနေတာပါ။ ဆီးက အဝါရောင်ရင့်ရင့် ဖြစ်နေမယ် ဆိုရင်တော့ အဖျား ကြောင့် ရေဓာတ်ခမ်းခြောက်တာ ဖြစ်နေပါပြီ။

    အော့အန်မယ်

    မအီမသာဖြစ်မယ်။ အော့အန်မယ်ဆိုရင် ဒါက အဖျားရှိနေတဲ့ လက္ခဏာတစ်ခုပါ။ တုပ်ကွေးမိတဲ့အခါမှာလည်း ဒီလို ခံစားရနိုင်ပါတယ်။ အစာမကြေဘူး။ မအီမသာဖြစ်မယ်။ အော့အန်နေမယ် ဆိုရင်တော့ အဖျားရှိနေပါပြီ။

    အဖျား သက်သာစေဖို့

    အဖျားရှိပြီဆိုတိုင်း မဖြစ်မနေ ဆေးခန်းပြဖို့ မလိုပါဘူး။ အိမ်မှာတင် သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

  • ရေများများသောက်ပါ
  • ရေနွေး ပူပူနွေးနွေး သောက်ပါ
  • ရေနွေးနွေးနဲ့ ရေချိုးပါ
  • ဆားရည်နဲ့ ပလုပ်ကျင်းပါ
  • အစာကြေလွယ်တာမျိုး စားပါ (ဥပမာ – ခေါက်ဆွဲပြုတ်၊ မြူစွမ်ပြုတ်၊ ဆန်ပြုတ် စတာတွေကို စားပါ)
  • ရေနွေးငွေ့ခံပါ
  • ဗီတာမင် C ကြွယ်ဝတာတွေ စားပေးပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement