အိမ်ထောင်သက်တမ်းကလည်း ကြာပြီ။ သားဆက်ခြားနည်း တစ်ခုခုလည်း မသုံးထားပါဘဲနဲ့ ဘေဘီလေး လိုချင်တာကို အခုထိ မရသေးဘူး ဆိုတဲ့ စုံတွဲလေးတွေက ကလေးရစေမယ့် အစားအစာတွေကို မေးလေ့ရှိပါတယ်။ တကယ်လည်း ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ အနေအထိုင် အစားအသောက်လေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း စားပေးသင့်တာလေးတွေက ဘာလေးတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
ကလေးရနိုင်ခြေများစေတဲ့ အစားအစာတွေဆိုတာ ရှိသလား။
ဒါတွေစားရင် ကလေးရကို ရမယ်ဆိုတဲ့ အစားအစာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် Fertility expertတွေရဲ့ ပြောကြားချက်အရ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရ မျှတတဲ့ စားသောက်မှုတွေက သားသမီးရရှိနိုင်စွမ်းအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအသောက်တွေ၊ ဗီတာမင် နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေက မမျိုးဥနဲ့ သုက်ပိုးတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။
စိတ်ဖိစီးမှု များတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံတွေက မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ လိုအပ်တဲ့ အာဟာရတွေ မပြည့်ဝတာကလည်း ကလေးရဖို့ ကြာနေရတဲ့ အကြောင်းရင်း တစ်ခုပါပဲ။
အထူးသဖြင့်တော့ omega-3၊ ဗီတာမင် C၊ co-enzyme Qတို့က ဘေဘီလေး ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ နောက်ထပ် ဇာတ်လိုက် တစ်ဦးကတော့ ဖောလစ်အက်ဆစ်ပါ။ သွေးထဲမှာ ဖောလစ်အက်ဆစ် ပြည့်ဝစွာ ရှိနေတာက ဘေဘီလေးကို မွေးရာပါ ချို့ယွင်းချက် မဖြစ်စေဖို့ပါ ထောက်ကူပေးပါတယ်။
ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း စားပေးသင့်တာလေးတွေက
ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ ကလေးရစေမယ့် အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။ ဒါတွေကတော့
အစေ့အဆန် နဲ့ သစ်သီးခြောက်တွေမှာ အရေးပါတဲ့ ပရိုတင်း၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ သစ်ကြားသီးမှာ မမျိုးဥတွင်းက ခရိုမိုဆုမ်း ပျက်စီးမှုကို လျှော့ချပေးနိုင်တဲ့ selenium ကြွယ်ဝစွာ ပါဝင်နေပါတယ်။
မျိုးအောင်နိုင်ခြေကို မြှင့်တင်ပေးပြီး မမျိုးဥ ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး ရရှိဖို့ဆိုရင် အစေ့အဆန်နဲ့ သစ်သီးခြောက်တွေကို စားပေးဖို့ လိုပါမယ်။
- ကောက်နှံ
ဘေဘီလေးလိုချင်တဲ့ လေဒီလေးတွေအနေနဲ့ နေ့စဉ် စားသုံးမှုရဲ့ ပမာဏ ထက်ဝက်ကို ကောက်နှံတွေ စားသုံးပေးဖို့ လိုပါမယ်။ အပင်ကနေ ရရှိတဲ့ ပရိုတင်းတွေက ဘေဘီလေး ရရှိနိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။ ကောက်နှံလေးက ရာသီစက်ဝန်း မှန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
ငှက်ပျောသီးမှာ မျိုးဥကြွေခြင်း ဖြစ်စဉ်ကို အဓိကထောက်ပံ့ပေးတဲ့ ဗီတာမင် B6 ပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ပိုတက်ဆီယမ် နဲ့ ဗီတာမင် B6 ချို့တဲ့မှုက မမျိုးဥကိုရော သုက်ပိုးရဲ့ အရည်အသွေးကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ မနက်စာမှာ ငှက်ပျောသီး ပါအောင် စားပေးပါ။
- ထောပတ်သီး
ထောပတ်သီးမှာ မျိုးဆက်ပွားခြင်းကို အားပေးတဲ့ ပြည့်ဝဆီ အများအပြားပါဝင်တဲ့ အသီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးကို များများစားတဲ့ အမျိုးသမီးများဟာ မစားသူတွေထက် ကလေးရနိုင်ခြေ ၃ဆ ပိုများပြားပါတယ်။
- နေကြာစေ့
တစ်ပတ်ကို သုံးကြိမ်ခန့်စားပါ။ နေကြာစေ့မှာ အရည်အသွေးကောင်းတဲ့ မျိုးဥတွေကိုဖြစ်စေဖို့ ဟော်မုန်းတွေကို ဟန်ချက်ထိန်းညှိပေးတဲ့ ဇင့်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဆဲလ်များ ဖွံ့ဖြိုးကြီးထွားရာမှာ အလွန်အရေးပါတဲ့ ဖောလစ်အက်ဆစ်ဓာတ်လည်း ပါဝင်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အများအပြား လိုအပ်ပါတယ်။
- ဥအမျိုးမျိုး
ပရိုတိန်းများပြီး ကာဘိုဟိုက်ဒရိတ်နည်းတဲ့ စားသောက်မှုပုံစံဟာ ပရိုတိန်းနည်းပြီး ကာဘိုဟိုက်ဒရိတ်များတဲ့ စားသောက်မှုပုံစံထက် ကိုယ်ဝန်ဆောင်နိုင်ခြေ ပိုများပါတယ်။ ဒီတော့ ပရိုတိန်းများများ စားပါ။ ပရိုတိန်းအတွက် အကောင်းဆုံးရင်းမြစ်ကတော့ အမိုင်နိုအက်ဆစ်ပါတဲ့ ဥအမျိုးမျိုးပဲ ဖြစ်ပါတယ်။
ကလေးရစေမယ့်အစားအစာတွေဆိုတာ
[embed-health-tool-ovulation]