ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ စားသောက်မှုကလည်း အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်တိုင်ကျန်းမာစေဖို့ရော ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ပါ မေမေရဲ့ အစားအသောက်က အတော်လေး အရေးပါပါတယ်။ ဒီတစ်ခေါက်တော့ သင်္ဘောသီး ကြိုက်တဲ့ မေမေတွေအတွက် ကိုယ်ဝန်ဆောင်မေမေ သင်္ဘောသီး စားလို့ရလား ဆိုတာကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ သင်္ဘောသီး စားလို့ရလား!
ကိုယ်ဝန်ဆောင်မေမေ သင်္ဘောသီး စားတဲ့အခါ
သင်္ဘောသီးမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ရေဓာတ်တို့ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေ သင်္ဘောသီး စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
- အစာခြေစနစ် ကျန်းမာစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။ ဒီပြဿနာကို သက်သာစေဖို့အတွက် သင်္ဘောသီးမှည့် စားပေးလို့ ရပါတယ်။ အကြောင်းကတော့ သင်္ဘောသီးမှည့်မှာ အမျှင်ဓာတ်၊ ဘီတာကယ်လ်ရိုတင်း၊ ပိုတက်ဆီယမ်တို့ ပါဝင်နေတာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
- ကိုယ်ခံအား ကောင်းစေတယ်
သင်္ဘောသီး မှည့်မှာ ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ရောဂါပိုးတွေ ကူးစက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။
- သွေးနီဥဆဲလ် အရေအတွက် တိုးပွားစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါကြောင့် မေမေရော ဘေဘီလေးကိုပါ ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် သွေးနီဥဆဲလ်တွေ ဖြစ်ပါ်အောင် ထောက်ကူပေးနိုင်တဲ့ သင်္ဘောသီးမှည့်လေးတွေကို စားပေးလို့ ရပါတယ်။
- ရေဓာတ် ပြည့်ဝစေတယ်
သင်္ဘောသီးမှည့်မှာ ရေဓာတ် ၈၈% ကျော် ပါဝင်နေတာကြောင့် ရေဓာတ် ပြည့်ဝစေဖို့ဆိုရင် သင်္ဘောသီးမှည့် စားပေးလို့ ရပါတယ်။
- အင်အားပြည့်ဝစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေ ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ဆိုရင် သင်္ဘောသီးမှည့် စားပေးလို့ ရပါတယ်။ ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင် သွေးတိုး သက်သာစေတယ်
[embed-health-tool-due-date]