backup og meta

ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ ။ ။

ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ ။  ။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရလား။ ဒါကိုယ်ဝန်သည်တွေ တော်တော်များများ ဇဝေဇဝါဖြစ်ပြီး မေးလေ့ရှိကြတဲ့ ကိစ္စတစ်ခုပါ။ ဒီဆောင်းပါးထဲမှာတော့ ကိုယ်ဝန်သည်တွေ အမျိုးသားနဲ့ အတူနေလို့ ရမရ ကိစ္စနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးတော့မှာ ဖြစ်ပါတယ်။ ။ ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ အကြောင်း ဖတ်ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ ။ ။

ကိုယ်ဝန်ဆောင်ချိန်မှာ

Q – ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရလား။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရပါတယ်။ ဗိုက်ထဲက သင့်ကလေးကို ထိခိုက်စေမှာလည်း မဟုတ်သလို ကလေးပျက်ကျတာမျိုးကိုလည်းဖြစ်စေမှာ မဟုတ်ပါဘူး။

Q – ကိုယ်ဝန်ကြီးနဲ့ အမျိုးသားနဲ့ အတူနေမိရင် ကလေးကို ထိခိုက်မိစေတတ်လား။

သင့်ကလေးရှိနေတဲ့ သားအိမ်ရယ်၊ ရေမြွှာရေရယ်၊ ရေမြွှာအိတ်တွေရယ်က သင့်ကလေးကို အကောင်းဆုံး ကာကွယ်ပေးထားတာဖြစ်လို့ အတူနေမိတာလောက်နဲ့တော့ ကလေးကို မထိခိုက်စေပါဘူး။

Q -ကိုယ်ဝန်က လိင်ကိစ္စစိတ်ဝင်စားမှု အပေါ် သက်ရောက်မှုရှိလား။ ။

ဒါကတော့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီနိုင်ပါဘူး။ လေ့လာချက်တွေအရ ကိုယ်ဝန် ဒုတိယ ၃လ မှာ အမျိုးသမီးတစ်ယောက်ရဲ့ လိင်ကိစ္စစိတ်ဝင်စားမှု မြင့်နေတတ်တယ်လို့ ဆိုပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ဝန်သက် ဒုတိယ ၃လမှာ အတူနေဖို့ ကိစ္စကို စိတ်ဝင်စားမှု မြင့်တက်နေရခြင်းဖြစ်ပါတယ်။

ကိုယ်ဝန်သက် ပထမ ၃ လမှာတော့ ကိုယ်ဝန်ကြောင့်ရတဲ့ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ သက်တောင့်သက်တာ မရှိမှုတို့ကြောင့် လိင်ကိစ္စမှာ စိတ်ဝင်စားမှုနည်းနေတတ်ပါတယ်။

ကိုယ့်ဝန်သက် တတိယ ၃ လ မီးဖွားခါနီးမှာ ကြီးလာတဲ့ ဗိုက်ကြောင့် သက်တောင့်သက်တာ မရှိတဲ့အပြင် ခါးတွေလည်း ကိုက်တတ်တာကြော့င် လိင်ကိစ္စကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။

Q -ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အတူနေတဲ့ကိစ္စကို ဘယ်နှစ်လ အထိရှောင်ရမှာလဲ ။

ဘာပြဿနာမှ မရှိတဲ့ ပုံမှန် ကိုယ်ဝန်ဖြစ်ပြီး နှစ်ဦးစလုံးက အတူနေဖို့ စိတ်ပါနေတယ်ဆိုရင် ရှောင်စရာမလိုပါဘူး။ ကိုယ်ဝန် ဘယ်နှစ်လအထိ အတူနေလို့မရဘူးဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။

Q -ကိုယ်ဝန်ဆောင်ချိန် အတူနေမိပြီး သွေးဆင်းရင် ဘာလုပ်ရမလဲ ။ ။

ကိုယ်ဝန်သက်တမ်း ရင့်လာလေလေ အီစထရိုဂျင် ဟော်မုန်းတွေ များလာလေလေ သွေးလည်ပတ်မှုတွေ ကောင်းလာလေလေ ဖြစ်လို့ ကိုယ်ဝန်ကြီးနဲ့ အတူနေမိပြီး နောက်ပိုင်း သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။ စိုးရိမ်တတ်ရင်တော့ ဆရာဝန်ဆီ သွားပြစေချင်ပါတယ်။

Q – ဘယ်လို ကိုယ်ဝန်မျိုးဆို အတူနေတဲ့ ကိစ္စကို လုံးဝ ရှောင်ရမလဲ ။ ။

  • အချင်းရှေ့ရောက်နေတဲ့ ကိုယ်ဝန် – သွေးတွေအများကြီးဆင်းတတ်လို့ပါ။
  • ရေမြွှာအိတ်ပြဲသွားပြီး ရေဆင်းနေတဲ့ အချိန်- ရေမြွာရေ ကနေ တဆင့် ကလေးဆီကို ပိုးတွေ ဝင်သွားနိုင်လို့ပါ။
  • နေ့မစေ့ လမစေ့ဘဲ မွေးချင်နေတဲ့ ကိုယ်ဝန်သည်တွေ- လိင်ကိစ္စ အထွတ်အထိပ်ရောက်တဲ့အခါ သားအိမ်က ကျုံ့သွားတတ်တာကြောင့် အချိန်မတိုင်ခင် မီးဖွားသွားနိုင်တဲ့အတွက် အတူနေတဲ့ ကိစ္စကို လုံးဝ ရှောင်ရပါမယ်။

Dr. Thin Yadanar

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthxchange.sg/women/pregnancy/sex-during-pregnancy-question

Accessed Date 27.2.2019

https://www.parents.com/pregnancy/my-life/sex-relationship/4-common-questions-about-sex-during-pregnancy/

Accessed Date 27.2.2019

ယခုပုံစံ

21/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

ကိုယ်ဝန်ဆောင်ကာလ မှာ ဘာတွေရှောင်ရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement