backup og meta

နို့တိုက်နေတဲ့ မိခင်တစ်ယောက်ဟာ ကော်ဖီသောက်လို့ရလား ။ ။

ကော်ဖီကိုကြိုက်နေတဲ့ လူတစ်ယောက်အဖို့ တစ်နေ့မှ ကော်ဖီတစ်ခွက်လောက်မသောက်ရရင် နေမထိ ထိုင်မသာဖြစ်စေမှာ အမှန်ပါ။ ဒါပေမယ့် ကိုယ့်အကြိုက်ကိုမေ့ပြီးကိုယ့်ရင်သွေးလေးကို ဦးစားပေးရတဲ့ အခိုက်အတန့်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်တို့ နို့တိုက်ချိန်တို့ဆို ကော်ဖီသောက်လိုက်ရင် ကလေးကိုများထိခိုက်မိမလားဆိုပြီး ကော်ဖီ မသောက်ဘဲ နေကြတယ်ဟုတ်။ သောက်တော့သောက်ချင်တယ်၊ သောက်ရမှာလည်း စိတ်တထင့်ထင့်ဖြစ်နေတဲ့ မေမေတို့ အနေနဲ့ နို့တိုက်နေတဲ့ မိခင်တစ်ယောက်ဟာ ကော်ဖီသောက်လို့ရလား ဆိုတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

နို့တိုက်နေတဲ့ မိခင်တစ်ယောက်ဟာ ကော်ဖီသောက်လို့ရလား ။ ။

နို့တိုက်နေတဲ့ မိခင်တစ်ယောက်ဟာ ကော်ဖီသောက်လို့ရလား

ဝမ်းသာစရာပါပဲ။ ကလေးနို့တိုက်နေလို့ ကောက်ဖီ ကိုဖြတ်ထားစရာ မလိုပါဘူး။ တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်လောက်အထိသောက်လို့ရပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့တစ်ခွက်သောက်တာပဲပေါ့ ။ ။ တစ်နေ့ကို ကဖင်းဓာတ် ၂၀၀ ကနေ ၃၀၀ မီလီဂရမ်လောက်သောက်တာ အကောင်းဆုံးပါ။ တစ်ခုသိထားရမှာက ကဖင်းဓာတ်ပါဝင်မှုဟာ သုံးထားတဲ့ ကော်ဖီစေ့နဲ့ နှပ်ထားတဲ့ အချိန်တွေပေါ် မူတည်ပြီး ပြောင်းလဲသွားတယ်ဆိုတာပါ။

ကဖင်းဓာတ်နဲ့ မိခင်နို့။ ။

ကော်ဖီ သောက်ပြီး ၁ နာရီ လောက်အကြာဟာ နို့ထဲမှာ ကဖင်းဓာတ် အမြင့်ဆုံး ရှိနေတဲ့ အချိန်ပါ။ အမြင့်ဆုံး ရှိနေတယ် ဆိုပေမယ့် နို့ထဲကနေ ကလေးဆီကို ပမာဏ အနည်းငယ်လောက် ကပဲ ဖြတ်သွားနိုင်ပါတယ်။ တစ်ခု သိထားရမှာက ကဖင်းဓာတ်ကို ကော်ဖီဆီကတင် မဟုတ်ဘဲ အခြား လက်ဖက်ရည် ချောကလက်၊ အားဖြည့်အချိုရည် နဲ့ ဆိုဒါတို့ ကနေလည်း ရတဲ့အတွက် နို့တိုက်နေတဲ့ မေမေတို့ တစ်နေ့တာ ကဖင်းဓာတ်ကို တွက်ရင် အဲဒီ အစားအစာတွေကိုပါ ထည့်တွက်ဖို့လိုတယ်နော် ။ ။

မိခင်သောက်လိုက်တဲ့ ကော်ဖီထဲပါတဲ့ ကဖင်းဓာတ်က ကလေးကို ဘယ်လိုသက်ရောက်မှုရှိလဲ ။ ။

ပုံမှန်သောက်နေကျ ၁ ခွက် ၂ ခွက်လောက်ဆို ကိစ္စ မရှိပေမယ့် ဒီထက်ပိုများမယ်ဆိုရင်တော့ ကလေးဆီကို ဆိုးကျိုးတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ ကလေးအပေါ် ကဖင်းဓာတ်ရဲ့ သက်ရောက်မှုတွေ ကတော့

  • ကလေးက ဂနာမငြိမ်ဖြစ်နေမယ်
  • ကလေးက ကတုန်ကယင်ဖြစ်နေမယ်
  • ကောင်းကောင်းလည်း မအိပ်ဘူး
  • ကြောင်တောင်တောင်လေး ဖြစ်နေတတ်ပါတယ်။

နေ့မစေ့ လမစေ့မွေးတဲ့ ကလေးတွေနဲ့ မွေးကင်းစကလေးတွေဆို ကဖင်းဓာတ်ကို ချေဖျက်ချိန်ကြာတာကြောင့် မိခင်က ကော်ဖီနည်းနည်းလေးသောက်လိုက်တာနဲ့တင် သူ့တိုအပေါ် ကဖင်းဓာတ်သက်ရောက်မှု ပြင်းထန်တတ်ပါတယ်။

ကော်ဖီက နို့တိုက်နေတဲ့ မေမေတို့ အပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိလဲ ။ ။

တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုသောက်ခဲ့ရင် ကော်ဖီထဲပါတဲ့ ကဖင်းဓာတ်က ကလေးဆီကို အများကြီးရောက်နိုင်ရုံမက သောက်တဲ့ မိခင်ကိုပါ ထိခိုက်နိုင်ပါသေးတယ်။

  • ဖြစ်နေကျ ကတုန်ကယင်ဖြစ်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာတွေအပြင်
  • ဆီးခဏခဏ သွားချင်မယ်
  • အစာအိမ်အောင့်တာတွေဖြစ်မယ်
  • နှလုံးခုန်မြန်မယ်
  • ကြွက်သားတွေ တဆတ်ဆတ်တုန်တာမျိုးတွေ ပါထပ်ဖြစ်နိုင်ပါသေးတယ်။

ကော်ဖီက မိခင်ရဲ့နို့ထွက်မှု အပေါ်မှာတော့ သက်ရောက်မှု မရှိပါဘူး။ အရေးကြီးဆုံးကတော့ နို့တိုက်နေတဲ့ မေမေတို့ ကော်ဖီကို လုံးဝ မဖြတ်နိုင်ဘူးဆိုရင် တစ်နေ့ကို ၁ခွက်လောက်ပဲ သောက်ပေးဖို့ပါ။ ဖြတ်ထားနိုင်တယ်ဆိုရင်တော့ ကလေး နည်းနည်းကြီးတဲ့ ဖြည့်စွက်စာစားချိန်လောက်ရောက်မှ ကော်ဖီပြန်သောက်ပါလို့ အကြံပေးချင်ပါတယ် ။ ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/parenting/coffee-and-breastfeeding#Effects-of-coffee-on-breastfeeding-moms

Accessed Date9.4.2019

https://www.babycenter.com/404_is-it-safe-to-drink-coffee-if-i-am-breastfeeding_10370364.bc

Accessed Date9.4.2019

https://www.breastfeeding.ie/Ask-our-expert/Questions/Is-it-ok-to-drink-coffee-while-breastfeeding.html

Accessed Date9.4.2019

 

ယခုပုံစံ

16/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ

ကလေးကို ကော်ဖီတိုက်လို့ရသလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ