မိခင်ကျန်းမာရေး

ပြီးခဲ့တဲ့ (၉) လလုံးလုံး နဲ့ (၉) လကျော်လောက် ဘေဘီလေးအကြောင်းကိုပဲ တွေးနေမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာလည်း ဘေဘီလေးကို အရင် (၉) လကတုန်းကလိုပဲ အရိပ်တကြည့်ကြည့် စောင့်ကြည့်ဖို့ လိုဦးမှာပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သိထားဖို့ လိုမယ့် ကျန်းမာရေး စောင့်ရှောက်မှုများနဲ့ မိခင်ဘဝအတွက် လိုအပ်တဲ့ ပြင်ဆင်စောင့်ရှောက်မှုတွေကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုစားမယ်ကြံတိုင်း အရင်လို စားလို့ရပါ့မလား။ ကလေးကို ထိခိုက်နိုင်မလားဆိုပြီး တွေးမိတာ မေမေတိုင်းလိုလိုပါ။ အထူးသဖြင့် ကိုယ်အရင်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တာတွေကို စားချင်စိတ်ပေါ်လာရင်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သူများတွေ အကင်တွေ ပူပူလောလော စားကြတဲ့အခါ ကိုယ်လည်း စားချင်တာပေါ့။ ဒီအခါ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ မေးခွန်းက ခေါင်းထဲ ဝင်လာပြန်ရော။ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမယ့်အချက်တွေတော့ ရှိတာပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ခုခံအား နည်းနေတဲ့အချိန်ဖြစ်တာကြောင့် အစားအသောက်ကနေ ပါလာနိုင်တဲ့ ပိုးမွှားတွေကို အထူးသတိထားဖို့ လိုပါတယ်။ ပိုးမွှားတွေက အစာအဆိပ်သင့်တာကို ဖြစ်စေပြီး မိခင်ကို နေမကောင်းဖြစ်စေတာ ဒါမှမဟုတ် ပိုဆိုးတဲ့အခြေအနေမှာ ကလေးကို ထိခိုက်တာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အလွယ်ပြောရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ကျက်နေအောင် ကင်ဖို့ […]

မိခင်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မိခင်ကျန်းမာရေး ကို ရှာဖွေမည်။

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ

မေမေ တစ်ယောက်ဖြစ်ရတဲ့ အခိုက်အတန့်က အမျိုးသမီးတိုင်းအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပီတိအဖြစ်ရဆုံး အခိုက်အတန့်ပါ။ ဘေဘီလေးကို လွယ်ထားရပြီလို့ စသိချိန်ကတည်းက ဘေဘီလေးကို ထိခိုက်မှု ကင်းစေဖို့၊ ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကို ရောက်ရှိခေါ်ဆောင်နိုင်ဖို့ ဆိုပြီး အစစအရာရာကို နည်းနည်းမှ အလွဲမခံ စောင့်ရှောက်ကြတာကို မလုပ်တဲ့ မေမေရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်မိပြီး ဘေဘီလေးကို သေချာလေး ပျိုးထောင်ဦးဆောင်ပေးမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစစိုက်ဖို့ကိုတော့ မေမေတိုင်းက မေ့နေတတ်ကြပါတယ်။ ဘေဘီလေးကို ဗိုက်ထဲ လွယ်ထားစဉ်ကတော့ ဘေဘီလေးကို ထိခိုက်မှာစိုးတဲ့ စိတ်နဲ့ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ် အပေါ်မှာပါ သက်ရောက်မှု ရှိနေပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်ရင်း ကိုယ်တိုင်ကို ဂရုမစိုက်မိတဲ့ မေမေတွေ အများကြီးပါ။ တကယ်ကတော့ မေမေ […]


မွေးဖွားပြီးကာလ

မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ

မီးဖွားပြီးချိန်မှာ ခါးနာတာက အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် ခါးနာရတာ ဖြစ်ပြီး ဒီခါးနာတာက ဘေဘီလေးကို မွေးဖွားပြီးချိန် အထိတောင် ဆက်လက်ကျန်ရှိနေတတ်ပါတယ်။ ဒီလို မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ပါ။ မီးဖွားပြီးချိန်ခါးနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ မီးဖွားပြီးချိန် ခါးနာတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုတည်း မကပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်က ဖွံ့ဖြိုးလာတဲ့အခါ ဗိုက်ကြွက်သားတွေက အားနည်းတာကြောင့် ခါးကို အမှီပြုရတာများပြီး ခါးရိုးကို အရှေ့ဘက်ကို ဆွဲထားသလို ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်နေဟန်ထား မမှန်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း မမျှတမှုကြောင့် မွေးဖွားပြီးနောက်မှာ ဘေဘီလေးကို ချီရတာကြောင့် […]


မိခင်ကျန်းမာရေး

မိခင်တွေလည်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ လိုပါတယ်။

ဘေဘီလေး တစ်ယောက်ကို ကျန်းမာစွာနဲ့ လူ့လောကထဲကို ခေါ်သွင်းနိုင်ဖို့နဲ့ ပျော်ရွှင်ကျန်းမာတဲ့ ကလေးလေး တစ်ယောက် အဖြစ် ကြီးပြင်းလာအောင် ပျိုးထောင်ဖို့ဆိုရင် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို မွေးဖွားပေးမယ့် မေမေကိုယ်တိုင် ကျန်းမာဖို့ပါ။ ဘေဘီလေးကို ကိုးလလွယ် ဆယ်လဖွားချိန်မှာရော၊ ဘေဘီလေးကို မီးဖွားချိန်၊ မီးဖွားပြီးချိန်တွေမှာ မေမေက ကျန်းမာနေမှ မွေးဖွားလာမယ့် ဘေဘီလေးလည်း ကျန်းမာမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ကျန်းမာဖို့အတွက် အရေးပါတဲ့ မိခင်တွေရဲ့ ကျန်းမာရေးကို ဘယ်လိုတွေ စောင့်ရှောက်ပေးရမလဲဆိုတာလေးကို ပြောပြပေးသွားချင်ပါတယ်။ မိခင်တွေလည်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ လိုပါတယ်။ မိခင် ကျန်းမာရေး စောင့်ရှောက်မှု ဆိုတဲ့နေရာမှာ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာဖို့၊ မွေးဖွားချိန်မှာ ကျန်းမာမှု နဲ့ မီးဖွားပြီးချိန်မှာ ရောဂါ တစ်စုံတရာတောင် မခံစားရအောင် […]


မွေးဖွားပြီးကာလ

ကလေးမွေးပြီးရင်ရော ကိုယ်ဝန်ဆိပ်တက် နိုင်သေးလား

ကိုယ်ဝန်ဆိပ်တက် တယ်ဆိုတာက ကိုယ်ဝန်ဆောင်တိုင်း ကြောက်ကြတဲ့ အခြေအနေပါ။ အခန့်မသင့်ရင် အမေရော၊ ကလေးကိုပါ လက်လွှတ်ရနိုင်တယ်လေ။ ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာသာမက မီးဖွားပြီးချိန်မှာပါ ဖြစ်တတ်ပါတယ်။ အများစုက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တယ်လို့ပဲ သိထားတဲ့ အခါကျတော့ မွေးပြီးတဲ့အခါ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကို လျစ်လျူရှုမိတတ်ပါတယ်။ ဒါက အင်မတန်မှ အန္တရာယ်များပါတယ်။ မီးတွင်းမှာ ကိုယ်ဝန်ဆိပ်တက် တယ်ဆိုတာ ဒါက ရှားပါးတဲ့ အခြေအနေဆိုပေမယ့် အန္တရာယ်များလို့ ကိုယ်ဝန်ဆောင်မေမေတိုင်း သိထားသင့်ပါတယ်။ မွေးပြီး ၄၈နာရီအတွင်းမှာ အဖြစ်အများဆုံး ဆိုပေမယ့် မီးတွင်း ၄၅ရက်အထိ ဖြစ်ကြတာမျိုးလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ  ဖြစ်သလိုမျိုးပဲ သွေးတက်တာ၊ ဆီးထဲမှာ ပရိုတင်း များတာတွေ ဖြစ်တတ်ပါတယ်။ မီးတွင်းမှာ ဘာကြောင့် ကိုယ်ဝန်ဆိပ်တက်ရသလဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့် ပြောခဲ့သလိုပဲ ဒါက အန္တရာယ်များတဲ့ အခြေအနေဖြစ်ပြီး […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ကလေးမွေးထားတဲ့ မေမေ တွေကို တစ်သားမွေး တစ်သွေးလှတယ်လို့ ပြောကြတယ်ဟုတ်။ တကယ်တော့ ကလေးမွေးလိုက်ရတဲ့အတွက် မေမေတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတွေ အများကြီးရှိပါတယ်။ မီးတွင်းဆိုတာ မေမေတို့အတွက် နာလန်ထူတဲ့အချိန်ပါ။ ၉လလောက် ဗိုက်ထဲမှာ ကလေးလေးကို အလေးခံပြီး သယ်ထားရတဲ့အတွက် မေမေတို့ အရိုးတွေ၊ ကြွက်သားတွေ နာနေတာရှိမယ်။ ကလေးမွေးတဲ့အခါ နာကျင်တာတွေ၊ မွေးလမ်းကြောင်းထိခိုက်တာတွေ၊ ခွဲမွေးထားတဲ့ ဒဏ်ရာတွေ  ကျက်ဖို့ အနားယူရတဲ့အချိန်ပါ။ ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တွေ၊ အသားအရေတွေ ပြောင်းလဲနေတာတွေ ရှိမယ်။ ဒါတွေကို ပြန်ပြီး ပြောင်းလဲရတော့မယ့်အချိန်ပါ။ တခြားဟာတွေကိုတော့ မေမေတို့ ကိုယ်တိုင်ရော၊ အိမ်သားတွေကပါ ကူလုပ်ပေးတဲ့အတွက် သိပ်ပြီး ဂရုစိုက်မမိပါဘူး။ ဒါပေမယ့် မီးတွင်းကထွက်လို့ ၄၅ရက်လောက်လည်းနေရော မေမေတို့ ကိုယ့်အသားအရေတွေ၊ ဗိုက်တွေ၊ ဆံပင်တွေကို ကြည့်ပြီး စိတ်ထဲမှာ တစ်ခုခုပြောင်းလဲချင်စိတ်ပေါ်လာပါလိမ့်မယ်။ […]


မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား

ကိုယ်ဝန်ဆောင် ကာလဆိုတာက မိခင်တိုင်းအတွက် ရင်အခုန်ရဆုံး ကာလအပိုင်းအခြားလေးပါ။ ဒီကာလမှာ မေမေကိုယ်တိုင်ကရော မိသားစုဝင်တွေ သူငယ်ချင်းတွေကပါ ကိုယ်ဝန်ဆောင်မေမေကို ဘာတွေကိုတော့ဖြင့်စားပါ။ ဘာကို မစားနဲ့နော် ဆိုပြီး ပြောကြပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား................ ဒီလို စားသောက်စရာတွေထဲကမှာ ကျန်တာတွေက ပြဿနာ မရှိပေမယ့် ဟင်းချက်တဲ့အခါ ကိုယ်ခံအား ကောင်းအောင်ဆိုပြီး ထည့်ချက်လေ့ရှိတဲ့ ချင်း (ဂျင်း) ကိုရော စားလို့ဖြစ်မလား။ ပုံမှန်ချိန်ဆို ကိစ္စမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်ဆိုတော့ စိုးရိမ်မိတယ်ဆိုတဲ့ မေမေတွေရှိလား........ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေ ဖတ်ကြည့်ဖို့လိုမယ့် ဆောင်းပါးလေးပါ။ ကိုယ်ဝန်ဆောင်ချိန်မေမေ ချင်း(ဂျင်း) စားလို့ရလား................ ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား................ ချင်း(ဂျင်း)က ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်အတွက် ကျန်းမာစေတယ် လို့ သတင်းကြီးတဲ့ မီးဖိုချောင်ဆေးပင် တစ်မျိုးပါ။ ဟင်းလျာတိုင်းမှာ မပါမဖြစ်တဲ့ ဇာတ်လိုက်လေး […]


မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ရောကိုယ်ပါ ကျန်းမာမှ မွေးလာမယ့် သားသားမီးမီးလေးတွေကလည်း စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမယ်။ စိုးရိမ်ပူပန်စရာတွေ များမယ်ဆိုရင် မေမေ့ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ။ ဗိုက်ထဲက ဘေဘီလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ ...... ဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ ဆိုတော့ မေမေ့ စိတ်ဖိစီးမှုက မွေးလာမယ့် ဘေဘီလေးအပေါ် ဘယ်လိုများ သက်ရောက်နေပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ မေမေ စိတ်ဖိစီးမှုကင်းတာက ဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဒီလိုပြောရတာက လေ့လာမှု တစ်ခုရဲ့ ရလဒ်ပါ။ လေ့လာမှုတစ်ခုအရ […]


မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်ခုခု စားခါနီးတိုင်း ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေမလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီး တည်သီး စားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့ မေမေတို့အတွက် ဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါ့မယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားလို့ရလား........... ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားလို့ရပါတယ်။ သိပ်တော့ မများစေနဲ့နော် မေမေရေ။ ကိုယ်ဝန်ဆောင်ချိန်မှာ သစ်သီးတွေကို အတန်အသင့် စားပေးတာက မေမေရော ဘေဘီလေးပါ ကျန်းမာစေပါတယ်။ တည်သီးက မေမေ ကျန်းမာစေဖို့ရော ဘေဘီလေး အာဟာရပြည့်ဝစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ တည်သီးလေးက ပေးမယ့် မေမေနဲ့ ဘေဘီလေး ကျန်းမာရေး ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီးစားပေးတာက ဘေဘီလေးကို ထွားစေတယ်။ တည်သီးမှာ ကယ်လ်ဆီယမ် နဲ့ phosphorus တို့လိုမျိုး သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး […]


မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင် ကာလမှာ ခါးတွေ နာနေပြီလား။ ခြေချင်းဝတ်တွေ ရောင်နေပြီလား။ အိပ်မရ ဖြစ်နေပြီလား။ လေထိုးလေအောင့် ဖြစ်နေပြီလား။ ဝမ်းချုပ်နေပြီလား။ ဒါတွေက ကိုယ်ဝန်ဆောင်ချိန် ဖြစ်လ့ဖြစ်ထ ရှိတယ် ဆိုပေမယ့် ခံရသူဖို့ အတော်လေး မသက်သာတဲ့ ပြဿနာပါ။ ဒီ ပြဿနာတွေကို ပြေလည်စေမယ့် နည်းလမ်း မရှိဘူးလား ခံစားရခက်လွန်းလို့ ပါဆိုတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အဖြေရှာကြည့်လိုက်တော့နော်။ ဘာလို့လဲဆိုတော့ အခုတစ်ခေါက်မှာ ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ အကြောင်း ပြောပြပေးသွားမှာ မို့လိုပါ။ ကိုယ်ဝန်​ဆောင်ကာလ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ နည်းလမ်းကောင်း ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ဟယ်..ကိုယ်ဝန်ကြီးနဲ့ လေ့ကျင့်ခန်း လုပ်လို့ ဖြစ်ပါ့မလားလို့ စိတ်ပူနေပြီလား။ ကိုယ်ဝန်ကို မထိခိုက်စေမယ့် […]


မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ခံအား

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင် ကျန်းမာစေဖို့ရော ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ပါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မေမေရော မွေးဖွားမလာသေးတဲ့ ဘေဘီလေးပါ ကျန်းမာစေဖို့ လုပ်ဆောင်ရမယ့် အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ မေမေရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးဖို့ပါ။ မေမေက ကိုယ်ခံအား ကောင်းနေမှ ဗိုက်ထဲက ဘေဘီလေးကို အဖျားရောဂါတွေ၊ ပိုးမွှားတွေ၊ အဆိပ်အတောက်တွေ နဲ့ ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား နည်းရင် ဘာတွေ ဖြစ်မလဲ..... ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက နည်းနိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား တအားနည်းသွားတဲ့အခါ ပြင်ပက ရောဂါပိုးတွေ၊ အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာ ဖြစ်ပြီး ကလေးကို ထိခိုက်စေမှာပါ။ ကိုယ်ခံအား နည်းတဲ့အခါ • မကြာခဏ ဖျားနာမယ်။ တုပ်ကွေး ဖြစ်လွယ်မယ်။ • ခြေကုန်လက်ပမ်းကျမယ်။ မောပန်းလွယ်မယ်။ • မိခင် ကျန်းမာမှု […]

ad iconadvertisement
ad iconadvertisement

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း