စိတ်ကျရောဂါသောက်ဆေးတွေနဲ့ အော်တစ်ဇင် ဆက်စပ်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လတ်တလော လေ့လာတွေ့ရှိချက်တခုအရ စိတ်ကျရောဂါသောက်ဆေးတွေကို သုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်တွေ(အထူးသဖြင့် ကိုယ်ဝန် သုံးလနောက်ပိုင်းမှာ)က မွေးဖွားလာတဲ့ ကလေးတွေဟာ အော်တစ်ဇင် ဝေဒနာကို ခံစားရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

အော်တစ်ဇင်ဆိုတာဘာလဲ။

အော်တစ်ဇင်(Autism Spectrum Disorder လို့လည်း ခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဝေဒနာရှင် ကလေးရဲ့ တခြားလူတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကို အဓိက ထိခိုက်စေပါတယ်။ အရာတခုခု ဒါမှမဟုတ် စိတ်ဝင်စားရာ တခုခုကို တချိန်လုံး ထပ်ခါတလဲလဲ လုပ်နေတတ်တဲ့ အမူအကျင့်ဟာလည်း ဒီရောဂါရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ပေါင်းသင်းဆက်ဆံရေး၊ပညာရေး နဲ့ နေ့စဉ်နေထိုင်သွားလာမှုတွေကို ဆိုးဆိုးရွားရွားကို ထိခိုက်စေတာပါ။

အော်တစ်ဇင်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အော်တစ်ဇင် ကလေးတွေဟာ

  • သူတို့နာမည်ကိုခေါ်တဲ့အခါ ပြန်ပြီးမတုန့်ပြန်နိုင်သလို တခါတလေမှာလည်း ကြားတောင်ကြားပုံမပေါ်ပါဖူး။
  • ပွေ့ဖက်နမ်းရှုံ့တာ၊ဖက်လဲတကင်းနေတာတွေကို မကြိုက်ဘဲ သူ့ကမ္ဘာလေးထဲမှာပဲ တသီးတသန့်နေထိုင်ပါတယ်။
  • မျက်လုံးချင်းစုံပြီး မကြည့်တတ်သလို မျက်နှာမှာ ဘာခံစားချက်မှ ပေါ်မနေပါဖူး။
  • စကားမပြောနိုင်တာ၊ စကားပြော လေးနေတာ၊အရင်က စကားပြောတတ်ပြီး အခုမပြောနိုင်တော့တာ။
  • မေးခွန်းမေးဖို့ကလွဲပြီး ဘာစကားမှ စမပြောပါဖူး။ စကားပြောနေရင်းနဲ့လည်း ဘာဆက်ပြောရမှန်း မသိတော့တာမျိုး ဖြစ်တတ်ပါသေးတယ်။
  • ပုံမှန်မဟုတ်တဲ့ လေသံ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ ဟန်ပန်ပုံစံနဲ့ စကားပြောပါတယ် (ဥပမာ။ ။ သီချင်းဆိုသလို စကားပြောတာမျိုး၊စက်ရုပ်အသံနဲ့ စကားပြောတာမျိုးတွေပေါ့)။
  • စာလုံးတလုံး ဒါမှမဟုတ် စကားတခွန်းကို ထပ်ခါတလဲလဲ ရေရွတ်နေပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီစာလုံး/စကားရဲ့ အဓိပ္ပါယ်ကိုတော့ သူသိမှာ မဟုတ်ပါဖူး။
  • ရိုးရှင်းတဲ့ မေးခွန်း ဒါမှမဟုတ် အမိန့်ကိုတောင် သူလေးတွေအနေနဲ့ နားမလည်နိုင်ပါဖူး။
  • သူတို့ကိုယ်တိုင်ရဲ့ စိတ်ခံစားမှုတွေကို မဖော်ပြတတ်သလို အခြားသူတွေရဲ့ ခံစားမှု၊စိတ်အနေအထားကိုလည်း ဂရုစိုက်ဟန်မတူပါဖူး။
  • အရာဝတ္ထုတွေကို လက်ညှိုးထိုးမပြတတ်သလို ကိုင်လဲမပြတတ်ပါဖူး။
  • တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါ ရိုင်းစိုင်းတဲ့ ၊ရန်လိုတဲ့ အသုံးအနှုန်းတွေကို သုံးစွဲပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါသောက်ဆေး သောက်တာနဲ့ အော်တစ်ဇင်ကြားမှာ ဘယ်လို ဆက်နွယ်မှုတွေ ရှိနေလဲ။

လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ကာလ (အထူးသဖြင့် ကိုယ်ဝန်သုံးလနောက်ပိုင်း)မှာ စိတ်ကျရောဂါသောက်ဆေး သုံးစွဲတဲ့ မိခင်လောင်းတွေက မွေးဖွားလာတဲ့ ကလေးတွေမှာ အော်တစ်ဇင်ဝေဒနာခံစားရဖို့ ၈၇%ပိုများတယ်လို့ ဆိုပါတယ်။Selective Serotonin Reuptake Inhibitor အမျိုးအစား ဆေးတွေဖြစ်တဲ့ escitalopram (Lexapro), fluoxentine (Prozac), sertraline (Zoloft) တွေကို သုံးစွဲရင် ဖြစ်နိုင်ချေပိုများပါတယ်။ ဒါပေမယ့် စိတ်ကျရောဂါသောက်ဆေးတွေကြောင့် အော်တစ်ဇင်ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေပြချက် အတိအကျတော့ မသိရသေးပါဖူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ဆရာဝန်က အတိအကျညွှန်ကြားထားတဲ့ အခြေအနေမျိုးကလွဲပြီး မိမိသောက်လက်စ စိတ်ကျဝေဒနာ ပျောက်ဆေးကို ရပ်မပစ်ရပါဖူး။ ဒီလိုမျိုး ရုတ်တရက် ဆေးသောက်ရပ်လိုက်မယ်ဆိုရင် ဆေးဖြတ်လက္ခဏာတွေကို ခံစားရမှာဖြစ်ပြီး အဲ့ဒီလက္ခဏာတွေက ပိုဆိုးနေမှာ ဖြစ်ပါတယ်။ ဒီဖက်နှစ်ပိုင်းမှာ အော်တစ်ဇင်ကလေးတွေ ပိုများလာရခြင်းရဲ့ အကြောင်းရင်း တစိတ်တဒေသကို ဒီလေ့လာမှုက ရှင်းပြကောင်းရှင်းပြနိုင်ပါလိမ့်မယ်။ အော်တစ်ဇင်ဖြစ်စေတဲ့ အကြောင်းရင်းအစစ်မှန်ကို မသိရသေးပေမယ့် မျိုးရိုးဗီဇအရရော ပတ်ဝန်းကျင် အခြေအနေတွေကပါ အော်တစ်ဇင်နဲ့ ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ကျဝေဒနာ သောက်ဆေးတွေကို ဆက်သောက်ရမလား၊ဖြတ်ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတခုပါ။ ဆေးဖြတ်ပြီး မကုဘဲထားရင် စိတ်ကျဝေဒနာဟာ မိခင်လောင်းကိုရော သန္ဓေသားကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ကံကောင်းတာက စိတ်ကျရောဂါကို ကုသဖို့အတွက် ဆေးသောက်ရတဲ့နည်းလမ်း တမျိုးပဲရှိတာမဟုတ်လို့ပါပဲ။ ဆွေးနွေးအကြံပေးတိုင်ပင်တာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာတွေဟာ သိပ်မပြင်းထန်တဲ့ စိတ်ကျဝေဒနာအတွက် အကျိုးရှိတယ်ဆိုတာ စမ်းသပ်မှုတွေအရ သိရှိခဲ့ရပြီး ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ရေခဲဝါးစားတတ်တာ အကျင့်ဖြစ်နေပြီလား။ သွားပျက်စီးမယ် သတိထား

    ရေခဲ သွား ခံတွင်း သွားပိုးပေါက် အပေါ်ယံကြွေလွှာ သွားပျက်စီး သွေးအားနည်းရောဂါ သံဓာတ်ချို့တဲ့ စိတ်ရောဂါ အော်တစ်ဇင် စိတ်ကျန်းမာရေး စားသောက်ပုံ သွားစိုက်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    Immune thrombocytopenia (ITP) ကြောက်စရာကောင်းတဲ့ သွေးရောဂါတစ်မျိုး ။ ။

    immune-thrombocytopenia သွေးဆဲလ်မူမမှန်ခြင်း သွေးယိုစိမ်ံ သွေးခြည် သွေးထွက်သံယို ခုခံအားကြောင့်ဖြစ်သော သွေးဆဲလ်ပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)

    carpel-tunnel-syndrome လက်အားမရှိ လက်ခေျာင်းထုံကျင် နာကျင် လက်ညှိုး လက်ဖဝါး အရွတ်တွဲ အရိုး အရွတ် သိုင်းရွိုက်ဟော်မုန်း ဆီးချို ကိုယ်ဝန်သည် လက်ချောင်းကျင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    ရောဂါရှာဖွေဖို့ CT Scan နဲ့ MRI ဘယ်ဟာကို ရွေးကြမလဲ ။ ။

    CT တို့ MRI တို့ဆိုတာ ခုနောက်ပိုင် းအရမ်းကို ခေတ်စားပြီး အသုံးဝင်တဲ့ပုံရိပ်ဖော် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    သင့်အတွက် ရွေးချယ်ထားသည်

    ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါများ

    ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read
    ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

    ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
    ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

    ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read
    သင့်ကလေးက စကားပြောနောက်ကျနေပြီလား။

    သင့်ကလေးက စကားပြောနောက်ကျ နေပြီလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read