ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်တာကမေမေတစ်ယောက်အတွက် ကြီးမားတဲ့စွန့်စားမှုကြီးပါ။ ဒီအချိန်မှာ ခန္ဓါကိုယ်ကပြောင်းလဲမှုတွေကတော်တော်များပါတယ်။ သိသိသာသာပြောင်းလဲမှုတွေလည်းဖြစ်မှာဖြစ်သလို စိတ်ခံစားမှုနဲ့ ကိုယ်တွင်းမှာ မအီမသာဖြစ်တာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီထဲမှာ အဆိုးဆုံးတစ်ခုက ကိုယ်ဝန်ဆောင်ကာမှာ ပျို့အန်တာပါ။ စားချင်တိုင်းစားလို့မရသလို အနံ့ရရင်တောင် အန်ချင်နေတာမျိုးပေါ့။တော်တော်လေးနေရခက်တဲ့ပြဿနာတစ်ခုပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ပျို့အန်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေ ဝေမျှပေးပါရစေနာ်။

ကိုယ်ဝန်ဆောင်ကာလပျို့အန်တာကို သက်သာစေဖို့

ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်ရတာကတော်တော်လေးခံရခက်ပါတယ်နော်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးဝင်မှာပါနော်။

နည်းနည်းစီနဲ့အကြိမ်ရေများများစားပေးပါ

အစာအိမ်ထဲမှာဘာမှမရှိတာက ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စားချင်စိတ်မရှိဘူးဆိုရင်တောင်မှ နည်းနည်းချင်းစီ အကြိမ်ရေများများလေးစားပေးပါ။ ဒါမှသွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာရောက်မှာဖြစ်သလိုအော့အန်တာကိုလည်း သက်သာစေနိုင်မှာပါ။

ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ
ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မိခင်ရောကလေးပါကျန်းမာစေဖို့ အာဟာရပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ ဒီတော့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေနဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ။ အာဟာရလည်းပြည့်မှာဖြစ်သလို ပျို့အန်တာကိုလည်း သက်သာစေမှာပါ။ ပူစပ်တဲ့အစားအစာတွေ၊ အချဉ်ကဲတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေ၊ ဆီကြော်စာတွေကိုရှောင်ပါ။
အေးတဲ့အစားအစာလေးတွေပိုစားပေးပါ
ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အဖို့ ကိုယ်ဝန်ဆောင်နေချိန်မှာ မကြာခဏဆိုသလို ပျို့အန်တာမျိုးမဖြစ်ဖို့ဆိုရင် ချက်ပြုတထားတဲ့ ပူပူနွေးနွေးအစားအစာတွေထက်အေးအေးလေးစားလို့ရတဲ့ သစ်သီးတွေ၊ အရွက်သုပ်တို့လိုမျိုး အရာတွေကို စားပေးပါ။
အစားတစ်ခုခုစားပြီးတိုင်းရေသောက်တာက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်နေချိန်မှာရေကိုပြည့်ဝအောင်သောက်ဖို့ မမေ့ပါနဲ့။
စိတ်ဖိစီးမှုနဲ့ပင်ပန်းမှုဒဏ်တွေက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာစေဖို့ မမေ့ပါနဲ့။
သံပရာသီးရှုပေးပါ
သံပရာသီးနံ့က မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သံပရာရည်သောက်ပေးတာမျိုးဖြစ်ဖြစ် အိပ်ရာနားမှာ သံပရာခြမ်းလေးတွေထားတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်အားဆေးတစ်ခုခုသောက်ပါ

ကိုယ်ဝန်ဆောင်အားဆေးက ကိုယ်ဝန်ဆာင်ချိန်မှာ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ပျို့အန်တာကို သက်သာစေဖို့ ကိုယ်ဝန်ဆောင်အားဆေးတစ်ခုခုမှီဝဲပေးပါ။

လတ်ဆတ်တဲ့လေကို ရှုရှိုက်ပါ
အိမ်မှာ လေဝင်လေထွက်ကောင်းအောင်လုပ်ထားပြီး သဘာဝလေနုအေးလေးကိုရှုရှိုက်ပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပျို့အန်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်နေ့တိုင်း အိမ်အပြင်ဘက်မှာ လမ်းလျှောက်ပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်မှုတွေဖြစ်နေလို့ စိတ်ညစ်မနေနဲ့နော်။ အခုပြောခဲ့တဲ့ နည်းလေးတွေကို လုပ်ကြည့်ပြီး အကောင်းဆုံးကျော်လွှားလိုက်ပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ငရုတ်သီးမှာ ဗီတာမင် C ပါဝင်တာကြောင့်  ကိုယ်ခံအားကိုကောင်းစေတယ်။ ဖျားနာတာနဲ့ ရာသီတုပ်ကွေးကိုသက်သာစေတယ်။ ကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

ကလေး နေအိမ် အလုပ် လုပ်ငန်းခွင် စိတ်ဖိစီးမှု အလုပ်လုပ်ချင်စိတ် မိသားစု အလုပ်ချိန် ရုပ်ရှင် အနားယူ အလင်းရောင် အိပ်ခန်း ဆော့ကစား အိမ်အလုပ် ဝန်ထမ်း Covid-19

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နေအိမ်မှာအလုပ်လုပ်ခြင်းကို အကောင်းဘက်က ရှုမြင်ခြင်း

နေအိမ် အလုပ်လုပ် လုပ်ငန်းခွင် စိတ်ဖိစီးမှု လုပ်ငန်းခွင်ဖိအား ဝန်ထမ်း ကုမ္ပဏီ လုပ်ဖော်ကိုင်ဖက် ရုံး အနားယူ အထိုင်များ ဇက်ကြောတက် မိသားစု Covid-19

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အင်ဆူလင်အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

အင်ဆူလင်ဟာ ပန်ခရိယကနေ ထုတ်လုပ်လိုက်တဲ့ ဟော်မုန်းပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ မရှိမဖြစ်အရေးပါပါတယ်။ သွေးချိုထိန်းပေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read
နှင်းခူရှိသူ ကျန်းမာစေဖို့

နှင်းခူရှိသူ ကျန်းမာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 1 min read
ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ငရုတ်ပွနဲ့ကျန်းမာရေး

ငရုတ်ပွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read