backup og meta

ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အစစအရာရာ သတိထားရတာပါ။ အထူးသဖြင့် လနုချိန်မှာပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား အပြင်အလုပ်မလုပ်ရဘူး ဆိုရင်တောင် အိမ်အလုပ်တော့ လုပ်တတ်ကြပါတယ်။ အရင်ကလုပ်နေကြမို့လို့ရော၊ လှုပ်လှုပ်ရှားရှားနေဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ရောပေါ့။ ဒီလိုလုပ်မယ်ဆိုရင်တောင် အိမ်အလုပ်တိုင်းကို လုပ်လို့ မရပါဘူး။ တချို့အလုပ်တွေက ဗိုက်ထဲကို ကလေးကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေကို အောက်ကအလုပ်တွေကို ပေးမလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်တွေကို ပေးမလုပ်သင့်တဲ့ အိမ်အလုပ်များ

  • အိမ်သန့်ရှင်းရေး

အိမ်မှာ သုံးတဲ့ အစွန်းချွတ်ဆေးတွေ၊ လေသန့်အောင် ဖြန်းတဲ့ စပရေးတွေ၊ ကြမ်းတိုက်ဆေးတွေ စတာတွေဟာ ဓာတုပစ္စည်းတွေ အပြည့်ပါ။ ဒါတွေကို မေမေတွေ ကိုင်မိရင် အရေပြားမှာ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ အရေပြားက အရင်ကထက် ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် သဘာဝပစ္စည်းတွေပဲ သုံးပါ။ သဘာဝပစ္စည်းဆိုရင်တောင် ခွင့်ပြုချက်ရပြီးသားတွေပဲ သုံးပါ။

နောက်တစ်ချက်က တချို့သော ဓာတုပစ္စည်းတွေက ရှူမိရင် ကလေးဆီရောက်ပြီး မွေးရာပါချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မသုံးပါနဲ့။ တံမြက်စည်းလှည်းတာ၊ ကြမ်းတိုက်တာ၊ ခါးကုန်းပြီး လုပ်ရမှာတွေကို ရှောင်ပါ။ ဒါတွေက အခန့်မသင့်ရင် ပေါင်နောက်က အကြောတွေ ရောင်တတ်ပါတယ်။

  • ကြောင်ချေးမကျုံးပါနဲ့။

သင်ရဲ့ ချစ်လှစွာသော ညောင်ညောင်လေးက သင့်အတွက် အန္တရာယ်များတဲ့ Toxoplasma gondii ကပ်ပါးပိုးကို သယ်ထားနိုင်ပါတယ်။ သူတို့ရဲ့ မစင်မှာပါတဲ့ကပ်ပါးပိုးက ကိုယ်ဝန်ပျက်စေတာ၊ မွေးရာပါချို့ယွင်းချက် ပါတာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ကြောင်ချေးကျုံးတာ မလုပ်ပါနဲ့။ ကြောင်နဲ့တော့ ဆော့လို့ရပါတယ်။ ကြောင်ကိုင်ပြီးတိုင်း လက်ဆေးပါ။

ဒါကြောင့် တတ်နိုင်သမျှ ကြောင်ရဲ့ မစင်ပုံးကို သူများကိုပဲ သန့်ရှင်းရေး လုပ်ခိုင်းပါ။ ကိုယ်ခွဲမရှိလို့ ကိုယ့်ဟာကိုယ် လုပ်ရမယ်ဆိုရင် လက်အိတ်ဝတ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ပြီးရင် လက်ကို သေချာဆေးပါ။ ကြောင်ကိုလည်း တခြားကြောင်ရိုင်းတွေနဲ့ မတွေ့ပါစေနဲ့။ ပိုပြီး စိတ်ချချင်ရင် ကြောင်ကို အစာခြောက်ပဲ ကျွေးပါ။ အသားစိမ်းတွေ၊ မကျက်တကျက်တွေ မကျွေးပါနဲ့။ ကိုယ်ဝန်ရှိချိန်မှာ အပြင်က ကြောင်တွေ၊ ကြောင်ရိုင်းတွေ ခေါ်မမွေးပါနဲ့။

  • ရေချိုးခန်းသန့်ရှင်းရေး မလုပ်ပါနဲ့။

ရေချိုးခန်းမှာ သုံးတဲ့ သန့်ရှင်းရေးပစ္စည်းတွေက ဓာတုပစ္စည်းတွေပါတဲ့အတွက် ရှူမိရင် မိခင်ကိုရော၊ ကလေးကိုရော ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေး လုပ်မယ်ဆိုရင် ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ နောက်တစ်ခုက ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေရင်း မတော်တဆ ချော်လဲပြီး ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိချိန်မှာတော့ တတ်နိုင်ရင် ရေချိုးခန်းကို သန့်ရှင်းရေး မလုပ်ပါနဲ့။ မတတ်သာလို့ သန့်ရှင်းရေး လုပ်ရမယ်ဆိုရင် ဓာတုပစ္စည်းတွေ ဖျော်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ဖျော်ပါ။ သတိထားပြီး သန့်ရှင်းရေး လုပ်ပါ။

  • အဝတ်လျှော်တာ

ရေချိုးခန်းသုံး ပစ္စည်းတွေလိုပါပဲ။ အဝတ်လျှော်ရင်လည်း ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ အကောင်းဆုံးကတော့ အဝတ်လျှော်တဲ့အလုပ်မှာ ဝင်မပါတာပဲ။ အဝတ်လျှော် ဆပ်ပြာမှုန့်တွေက အနံ့ပြင်းတဲ့အပြင် တချို့တွေဆို သာမန်လူကိုင်တာတောင် ဆပ်ပြာစားပါတယ်။ ဒါ့ပြင် အဝတ်လျှော်ဖို့ ပုံးကို မ လိုက်တဲ့အချိန်၊ ခါးကုန်းလိုက်တဲ့အချိန်ကျရင် ခါးနာတာ၊ ပေါင်က အကြောတွေ နာတာမျိုး ဖြစ်တတ်ပါတယ်။ နောက်တချို့ဆို အကြာကြီး ဆောင့်ကြောင့်ထိုင်ပြီး အဝတ်ကို အားရပါးရ  လျှော်တတ်ပါတယ်။ ဒါကလည်း နေ့မစေ့ လမစေ့မွေးတာ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။

  • အလေးအပင်မ မ ပါနဲ့။

အရင်လို ဘာပစ္စည်းပဲ ဖြစ်ဖြစ် တွေ့တာနဲ့ ဆတ်ခနဲကောက် မ ဖို့ စိတ်မကူးပါနဲ့။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ကလေးက ပိုကြီးလာပြီး ဝိတ်ပိုတက်လာမယ်။ ခါးက အနောက်ကို ပိုကော့လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ကြီးသက်သက်နဲ့ကို ခါးမှာ ဒဏ်ဖြစ်ပြီးသားပါ။ ဒါကို အလေးအပင်တွေ မ နေမယ်ဆိုရင် ပိုဆိုးမှာပါ။ တချို့အမျိုးသမီးတွေမှာဆိုရင် အလေးအပင် မ ပြီးမှ ဗိုက်ထဲမှာ ဆစ်ခနဲနာလာတာမျိုးတွေတောင် ဖြစ်နိုင်ပါတယ်။

  • လိုက်ကာလဲတာ၊ နံရံကပ် ပန်ကာတွေ  သန့်ရှင်းတာမျိုး မလုပ်ပါနဲ့။

ဒီအလုပ်တွေက သာမန်လူတွေတောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့ အလုပ်ပါ။ ခုံပေါ်က ပြုတ်ကျမှာ၊ ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျမှာ စတဲ့ ပြဿနာတွေ ရှိပါတယ်။ တစ်နေ့ တခြား ဖောင်းလာတဲ့ ဗိုက်နဲ့ နာနေတဲ့ ခါးကြောင့် ကိုယ့်ကိုယ်ကိုထိန်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါကြောင့် ဒီအလုပ်က လုပ်မယ့်သူမရှိဘူးဆိုရင်တောင် ပစ်ထားလိုက်ရမယ့်အလုပ်ပါ။

ဒါတွေကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ရှောင်ရမယ့် အိမ်အလုပ်တွေပါ။ ကိုယ်ဝန်ဆောင်တွေက အိမ်အလုပ်တွေ မလုပ်ဘဲ နေရမှာ မဟုတ်ပါဘူး။ တတ်နိုင်တဲ့၊ အန္တရာယ်မရှိတဲ့ ပေါ့ပေါ့ပါးပါး အလုပ်တွေဆိုရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ခုပြောခဲ့တာတွေကတော့ အန္တရာယ်များလွန်းတာကြောင့် ရှောင်ဖို့ အကြံပေးလိုပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.momjunction.com/trending/types-of-housework-pregnant-women-should-avoid_00425317/?fbclid=IwAR26JkOsGitJeTeV6s5MWiGjSZZ4vgNNM9pw7iUDA7b3IVM82QDmsYcUpBA

https://www.webmd.com/baby/pregnant-with-housework-to-do#1

ယခုပုံစံ

29/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement