backup og meta

ကိုယ်ဝန်လနုချိန်သွေးဆင်း တာဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်လနုချိန်သွေးဆင်း တာဘာကြောင့်လဲ

    ကိုယ်ဝန်လနုချိန်သွေးဆင်း ရင် ဘယ်အမေမဆို စိုးရိမ်ကြပါတယ်။ သားဦးကိုယ်ဝန်ဆိုပိုဆိုးပါတယ်။ ကိုယ်ဝန်များတစ်ခုခုထိခိုက်မိပြီလားဆိုပြီး စိုးရိမ်ကြပါတယ်။ ကိုယ်ဝန်လနုတဲ့အချိန်မှာသွေးဆင်းတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ တချို့က အန္တရာယ်မရှိပါဘူး။ တချို့အကြောင်းတွေက အရေးကြီးပါတယ်။ ကိုယ်ဝန်လနုချိန်ဆိုတာ ပထမ၃လကို ဆိုလိုတာပါ။ ဒီလတွေမှာ ဘာကြောင့် သွေးဆင်းတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာကြည့်ကြရအောင်။

    ကိုယ်ဝန်လနုချိန်သွေးဆင်း ရတဲ့ အကြောင်းရင်းတွေက

    • သန္ဓေတည်လို့သွေးဆင်းတာ

    သန္ဓေတည်တယ်ဆိုတာ မျိုးအောင်ပြီးသား သန္ဓေသားက သားအိမ်နံရံကို တိုးဝင်တွယ်ကပ်တာပါ။ ဒါက မျိုးအောင်ပြီး ၆ရက်ကနေ ၁၂ရက်အတွင်း ဖြစ်ပါတယ်။ ကိုယ်ဝန်အနုဆုံးအချိန်ပါ။ အဲ့ဒီအချိန်မှာ သွေးနည်းနည်းဆင်းပါတယ်။ ဒါက ပုံမှန်ရာသီမလာခင် ရက်အနည်းငယ်အလိုမှာ ဖြစ်တတ်တဲ့အတွက် ရာသီလာတာနဲ့တောင် မှားတတ်ပါသေးတယ်။

    ကိုယ်ဝန်ကြောင့်လား၊ ရာသီလာတာလား ခွဲဖို့လည်းမလွယ်ပါဘူး။ ကြွက်နည်းနည်းတက်တာ၊ ခါးနာတာ၊ ခေါင်းကိုက်တာ၊ ပျို့တာ၊ ရင်သားနာတာ စသဖြင့် လက္ခဏာတွေက အတူတူပါပဲ။ ခွဲလို့ရတာဆိုလို့ သွေးဆင်းတဲ့အရောင်ဖျော့တာရယ်၊ နည်းနည်းနဲ့ ရက်တိုတိုဆင်းတာရယ်လောက်ပဲရှိတာပါ။ သေချာချင်ရင် ဆီးစစ်ကြည့်လိုက်ပါ။

    အမျိုးသမီး၁၀၀မှာ ၂ယောက်ကနေ ၅ယောက်လောက်က သားအိမ်ခေါင်းအသားပို ရှိကြပါတယ်။ သာမန်အသားပိုပဲဖြစ်ပြီး ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ရောင်ရမ်းတာ၊ ထိခိုက်မိတာရှိရင်တော့ သွေးထွက်တတ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။

    ကိုယ်ဝန်ဆောင်တွေမှာ အသားပိုကြောင့် သွေးဆင်းတယ်ဆိုတာ ဖြစ်ခဲပါတယ်။ အန္တရာယ်လည်း သိပ်မရှိလှပါဘူး။

  • အတူနေတာ
  • ကိုယ်ဝန်ရှိချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် မျိုးပွားအင်္ဂါတွေက နူးညံ့နေပါတယ်။ ဒါကြောင့် အရင်ကနဲ့ မတူဘဲ ကြမ်းကြမ်းတမ်းတမ်းထိမိရင် သွေးထွက်တတ်ပါတယ်။ ကိုယ်ဝန်ရှိနေတာကို မသိဘဲ အတူနေမိတာ၊ ဆေးရုံမှာ မိန်းမကိုယ်စမ်းသပ်ရင်း ထိမိတယ်ဆိုရင် သွေးထွက်တတ်ပါတယ်။ ဒါကြောင့် အတူနေပြီးပြီးချင်း၊ ဆေးရုံက ပြန်လာလာချင်း အတွင်းခံမှာ သွေးပေနေရင် လန့်မသွားပါနဲ့။ ဒါက ခဏနေရင် သက်သာသွားမှာပါ။

    ဒါက အားလုံးစိုးရိမ်နေတဲ့အကြောင်းပါပဲ။ အစက သွေးနည်းနည်းပဲ ဆင်းနေရာက တဖြည်းဖြည်းများလာခဲ့ရင် သတိထားပါ။ သွေးဆင်းလည်းများတယ်၊ ဗိုက်လည်းအောင့်တယ်ဆိုရင် ကိုယ်ဝန်ပျက်တာဖြစ်ဖို့ များနေပါပြီ။ ကိုယ်ဝန်ပျက်တာ တော်တော်များများကလည်း လနုချိန်မှာ ဖြစ်တာပါ။

    ကိုယ်ဝန်ဆောင်တွေရဲ့ ၂၀ရာခိုင်နှုန်းက ဒီလိုအချိန်မှာ အကြောင်းရင်းမရှိဘဲ ပျက်တတ်ကြပါတယ်။ ဒီလိုပြောလို့ မစိုးရိမ်ပါနဲ့။ တော်တော်များများက ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။ ကိုယ်ဝန်ပျက်တော့မယ်ဆိုရင်

    -သွေးဆင်းများတာ

    -နီရဲ ဒါမှမဟုတ် ညိုပုပ်တဲ့ သွေးတွေဆင်းတာ

    -ဗိုက်အောင့်တာ

    -ခါးထဲက တဆစ်ဆစ်နာတာ

    -ဗိုက်က ဆွဲညှစ်ထားသလိုနာတာ

    -သွေးခဲတွေပါ ပါလာတာ စတာတွေဖြစ်ပါတယ်။ ဒါတွေခံစားရရင်တော့ ဆေးရုံကို အမြန်သွားပါ။ တစ်ခါတစ်လေ ကံကောင်းရင် မပျက်သေးဘဲ ပျက်လုပျက်ခင် (threatened miscarriage)ဆိုတာလည်း ရှိပါသေးတယ်။ သူကတော့ ဗိုက်ကို ခိုက်မိတာ၊ ချော်လဲတာ၊ ပိုးဝင်တာ၊ တချို့သောဆေးဝါးတွေကြောင့် ဖြစ်ရတာပါ။

    • အမြွာကိုယ်ဝန်ဖြစ်တာ

    အမြွာကိုယ်ဝန်ရှိနေရင် သန္ဓေတည်လို့ သွေးဆင်းတာဖြစ်နိုင်ချေ ပိုများပါတယ်။ အမြွှာကိုယ်ဝန်တွေက ပျက်ကျနိုင်ခြေလည်း ပိုများပါတယ်။

    သားအိမ်ပြင်ပလို့ပြောတဲ့နေရာမှာ သားဥပြွန်မှာ တွယ်တာ အများဆုံးတွေ့ရပါတယ်။ သားဥအိမ်နဲ့ တခြားနေရာတွေမှာလည်း တည်တတ်ပါသေးတယ် ။  လက္ခဏာတွေကတော့

    -သွေးဆင်းတာ (များတာ သို့မဟုတ် နည်းတာ)

    ​-တစ်ချက်တစ်ချက် စူးခနဲအောင့်တာ

    -ဗိုက်က ဆွဲညှစ်ထားသလိုနာတာတွေဖြစ်တတ်ပါတယ်။

    သားဥပြွန်မှာရှိတဲ့ သန္ဓေသားတဖြည်းဖြည်းကြီးလာပြီး သားဥပြွန်ပေါက်သွားတဲ့အခါ သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိလို့ ဒီလက္ခဏာတွေကို သတိထားသင့်ပါတယ်။

    ဒါကရှားပါတယ်။ ကိုယ်ဝန်ဆောင်၁၀၀၀မှာ ၁ယောက်လောက်ပဲ ဖြစ်တာပါ။ လက္ခဏာတွေကတော့

    -နီရဲ ဒါမှမဟုတ် အညိုပုပ်ရောင်သွေးဆင်းတာ

    -ဗိုက်အောင့်တာ

    -ပျို့အန်တာ

    သူက သာမန်ကိုယ်ဝန်လက္ခဏာတွေနဲ့ တူတူပါပဲ။ ဒါပေမယ့် သူ့မှာကိုယ်ဝန်ဆောင်ဟော်မုန်း HCGပိုများတဲ့အတွက် လက္ခဏာပိုဆိုးပါတယ်။ (ဥပမာ မရပ်မနားအန်တာမျိုး)

    • Subchorionic haemorrhage (အချင်းမှ သွေးထွက်ခြင်း)

    အချင်း သားအိမ်ကနေ နည်းနည်းကွာသွားတဲ့အခါ သွေးထွက်ပါတယ်။ ကွာသွားလို့ လွတ်နေတဲ့နေရာကြားမှာ သွေးတွေစုပြီး အရည်အိတ်ဖြစ်လာပါတယ်။ အိတ်သေးရင် သွေးဆင်းတာနည်းပြီး အိတ်ကြီးရင် သွေးဆင်းတာများပါတယ်။ တချို့တွေကတော့ အရည်အိတ်တည်တာကိုတောင် မသိဘဲ ကျန်းကျန်းမာမာကိုယ်ဝန်ဆောင်သွားကြပါတယ်။ ဒါပေမယ့် အရည်အိတ်အရမ်းကြီးရင်တော့ ကိုယ်ဝန်ပျက်ကြတဲ့အထိ အန္တရာယ်ရှိပါတယ်။ လက္ခဏာတွေကတော့

    -သွေးနည်းနည်း ဒါမှမဟုတ် များများဆင်းတာ

    -အရောင်ဖျော့ဖျော့ ဒါမှမဟုတ် ညိုပုပ်ပုပ်အရောင်တွေဆင်းတာ

    -ဗိုက်အောင့်တာ

    -ဆွဲညှစ်ထားသလို နာတာတွေဖြစ်တတ်ပါတယ်။

    • ပိုးဝင်တာ

    မိန်းမကိုယ် ဒါမှမဟုတ်ဆီးလမ်းကြောင်းကို ပိုးဝင်တဲ့အခါ သွေးဆင်းတတ်ပါတယ်။ ပိုးက ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး မျိုးစုံဖြစ်နိုင်ပါတယ်။ မိန်းမကိုယ် မှိုစွဲပြီး ရောင်ရမ်း (vaginitis)ခဲ့ရင် သွေးဆင်းတာအပြင် မိန်းမကိုယ်ယားတာ၊ ဗိုက်အောင့်တာ၊ ဆီးကျဉ်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ်မှာ အနာပေါက်တာ စတာတွေလည်း ဖြစ်တတ်ပါတယ်။

    သွေးဆင်းရင်ဘာလုပ်ကြမလဲ။

    ကိုယ်ဝန်နုချိန်မှာ ဘာကြောင့်ပဲသွေးဆင်းဆင်း ဆရာဝန်ကို အသိပေးသင့်ပါတယ်။ အထူးသဖြင့်

    • သွေးဆင်းများရင်
    • သွေးခဲတွေပါရင်
    • ဗိုက်က ဆွဲညှစ်ထားသလို နာရင်
    • မခံနိုင်အောင်ပျို့တာ
    • ခေါင်းမူးတာ၊ သတိလစ်တာ
    • ချမ်းတုန်ဖျားတာ
    • အဖျားကြီးတာ စတာတွေဖြစ်လာရင်တော့ ဆေးရုံကို အမြန်ဆုံးပြသင့်ပါတယ်။

    ကုသနည်းများ

    ကုသနည်းတွေကတော့ ရောဂါပေါ်မူတည်ပြီး စောင့်ကြည့်တာ၊ သောက်ဆေးပေးတာ၊ ခွဲစိတ်ကုတာ စတာတွေ လုပ်ရမှာပါ။ မိခင်အတွက်ရော ကလေးအတွက်ပါ စိတ်ချရတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကုသကြပါတယ်။

    ကိုယ်ဝန်လနုချိန် သွေးဆင်းရင်

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အစစအရာရာ သတိထားရပါတယ်။ သွေးဆင်းတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူ့အတွက်တော့ စိုးရိမ်စရာလို့ပဲ တွေးနေမှာပါ။ ဒါကြောင့် သွေးဆင်းတိုင်းမကြောက်ပါနဲ့။ စိတ်အေးအေးထားပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ အကျဉ်းပြန်ချုပ်ရင် သိပ်အန္တရာယ်မရှိတဲ့ သွေးဆင်းတာတွေက
    • သန္ဓေတည်လို့သွေးဆင်းတာ
    • သားအိမ်ခေါင်းအသားပိုထွက်တာ
    •  မိန်းမကိုယ်ပိုးဝင်တာ
    • အမြွာကိုယ်ဝန်ဆောင်တာ စတာတွေပဲဖြစ်ပါတယ်။
    အန္တရာယ်ရှိတဲ့ သွေးဆင်းတာက
    • ကိုယ်ဝန်ပျက်ကျတာ
    • စပျစ်သီးကိုယ်ဝန်ရှိတာ
    • သားအိမ်ပြင်ပသန္ဓေတည်တာတွေပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement