အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် ကလေးရနိုင်ခြေကို တွက်ချက်ခြင်း ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကလေးရနိုင်ခြေအကြောင်းကို အရင်မပြောခင် ကလေးရနိုင်ဖို့ လုံးဝကို အဓိက ကျတဲ့ မမျိုးဥ အကြောင်းကို အရင်ပြောပြချင်ပါတယ်။ မိန်းကလေးတစ်ယောက် စပြီးမွေးဖွားလာတည်းက သူတို့ရဲ့ မျိုးဥအိမ်မှာ မျိုးဥပေါင်း ၁သန်း ကနေ ၂ သန်းလောက်ရှိပါတယ်။ ဒါပေမယ့် အပျိုဖော်ဝင်စအချိန်ဖြစ်တဲ့ အသက် ၁၂ နှစ် ရာသီသွေးစပေါ်တဲ့အချိန်မှာတော့ မျိုးဥ ၄ သိန်းလောက်သာကျန်ပါတော့တယ်။ ရာသီစက်ဝန်း တစ်လတစ်လမှာတော့ မမျိုးဥပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး သူတို့ထဲကမှ အသန်စွမ်းဆုံးနဲ့ ကျန်းမာဆုံး မျိုးဥကပဲ မျိုးအောင်နိုင်စွမ်းရှိတာပါ။

အသက်ကြီးလာတဲ့ မျိုးဥအရေအတွက်တွေ တဖြည်းဖြည်းလျော့လာပြီး သန်စွမ်းမှုလည်း လျော့ကျလာတာကြောင့် အသက်ကြီးလာတဲ့အခါ မျိုးအောင်နိုင်စွမ်းလျော့ကျ လာရတာဖြစ်ပါတယ်။ ကဲဒီတော့ ကိုယ်ပိုင်မိသားစု အသိုက်အမြုံလေးတစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ မမတို့၊ ညီမလေးတို့ အသက်အရွယ်အလိုက် ကလေးရနိုင်ချေနှုန်းကို မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။

အသက် ၁၈ နှစ်မှ ၂၄ နှစ် ။ ။

အိမ်ထောင်ပြုဖို့ စောလွန်းတဲ့အချိန်ဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအရတော့ ဒီအသက်အရွယ်ဟာ ကိုယ်ဝန်ယူဖို့ အသင့်တော်ဆုံး အချိန်တစ်ခုပါ။ မမျိုးဥအိမ်မှာ အရည်အသွေးကောင်းတဲ့ မျိုးဥ အများအပြားရှိနေပြီး မျိုးဥအားလုံးနီးပါးကလည်း သန်စွမ်းတာကြောင့် ဒီ အရွယ်မှာ ရတဲံ ကိုယ်ဝန်တွေမှာ မွေးရာပါချို့ယွင်းချက် တွေ၊ မျိုးရိုးဗီဇ မူမမှန်တာတွေ မဖြစ်နိုင်တဲ့အပြင် ကလေးမရနိုင်တဲ့နှုန်းလည်း အရမ်းကို နည်းပါးပါတယ်။ ဒါ့ကြောင့် အိမ်ထောင်စောစောပြုတာ ရေရှည်အတွက်တွေးရင် မှားတယ်လို့လည်း ဆိုလို့မရဘူးနော်။

အသက် ၂၅ နှစ်မှ ၃၀ နှစ်။

အသက်ကြီးလာလေလေ ကလေးရနိုင်ချေနည်းလာလေလေဆိုပေမယ့် အသက် ၂၅ နောက်ပိုင်းမှာတော့ ကလေးရနိုင်ဖို့ အခွင့်အရေးက အများကြီးရှိပါသေးတယ်။ ခုခေတ်က အဲဒီ အချိန်လောက်ရောက်မှ အိမ်ထောင်ပြုကြတာများတယ်မလား။ အိမ်ထောင်ပြုပြီဆိုတာနဲ့ ဆည်းလည်းလေးတွေလည်း လိုချင်သေးတယ်ဆိုတော့ ကြိုးစားကြပြီလေ။ လေ့လာချက်တွေအရ အသက် ၃၀နှစ်အောက် စုံတွဲတွေ အိမ်ထောင်ပြုပြီးပြီးချင်း ပထမ၃လမှာကြိုးစားကြတဲ့အခါ ကလေးရနိုင်ခြေ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ဆိုပါတယ်။ အသက် ၃၀ နောက်ပိုင်းမှာတော့ ကလေးရနိုင်ချေက တစ်နှစ်ထက်တစ်နှစ်ပိုလျော့နည်းလာပါတယ်။ ဒါ့ကြောင့် အသက် ၃၀ နောက်ပိုင်း အိမ်ထောင်မှာမှ အိမ်ထောင်ပြုပြီး ကလေးယူဖို့ ကြိုးစားတဲ့အခါ ပထမ ၃လဆက်တိုက် မအောင်မြင်ဘူးဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။

အသက် ၃၁ နှစ်မှ ၃၅ နှစ် ။ ။

အသက် ၃၀ အစောပိုင်းလေးမှာတော့ ကလေးရနိုင်ချေ မြင့်သေးတယ်လို့ဆိုရပါတယ်။ မျိုးဥအိမ်ထဲမှာ အရည်အသွေးမှီတဲ့ မျိုးဥတွေ ဆက်ရှိနေသေးတာကြောင့်ပါ။ ဒါပေမယ့် ၃၂ နောက်ပိုင်းဆိုရင်တော့ ကလေးရနိုင်ချေ အတော်လေးကို နည်းသွားပြီလို့ပြောလို့ရပါတယ်။ အသက် ၃၀ ကျော်နဲ့ အသက်၂၀ ကျော် သန္ဓေအောင်နိုင်စွမ်းက ထက်ဝက်လောက်ကို ကွာပါတယ်။ ဒါဆို ၃၂ နှစ်ကျော်ပြီဆိုတာနဲ့ ကလေးမရနိုင်တော့ဘူးပေါ့ ။ မဟုတ်ပါဘူး။ လူတိုင်းကို မဆိုလိုပါဘူး။ အသက် ၃၅ နှစ် အမျိုးသမီး ၅ ယောက်မှာ ၁ယောက်လောက်က ပထမဦးဆုံးကလေးကို အဲ့ဒီ ၃၅ နှစ်အရွယ်မှာ ရတတ်ပြီး အသက်၃၀ ကျော်တဲ့ စုံတွဲ ၃တွဲမှာ ၁တွဲလောက်ကတော့ ကလေးမရနိုင်တဲ့ ပြဿနာကို ခံစားနေရဆဲပါ။

အသက် ၃၅ နှစ်မှ ၄၀ ။ ။

အသက်၃၀ နောက်ပိုင်းနဲ့ အသက် ၄၀ အစောပိုင်းတို့ဟာ သန္ဓေအောင်နိုင်ချေ တဖြည်းဖြည်းကျဆင်းလာတဲ့ အသက်အရွယ်တွေပါ။ ဒါပေမယ့် စိတ်ဓါတ်မကျလိုက်ပါနဲ့။ လေ့လာချက်တွေအရ အသက် ၃၅ နှစ်ကနေ ၄၀ နှစ်အတွင်း စုံတွဲတွေ ကလေးရဖို့ ကြိုးစားတဲ့အခါ ကြိုးစားတဲ့ တစ်နှစ်အတွင်း ကလေးရနိုင်ချေ ၆၀ ရာခိုင်နှုန်းလောက်ရှိပြီး ၂ နှစ်အတွင်းဆိုရင်တော့ ကလေးရနိုင်ချေ ၈၅ ရာခိုင်နှုန်းအတွင်းရှိတယ်လို့ဆိုပါတယ်။ ကလေးရနိုင်သေးတယ်ဆိုပေမယ့် ဒီ အသက်အရွယ်တွေမှာ ရလာတဲ့ကလေးမှာ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတွေ ဖြစ်ဖို့ အခွင့်အလမ်းအရမ်းများပါတယ်။ ပြောချင်တာကတော့ အသက် တစ်နှစ်ကြီးလာလေလေ ကိုယ်ဝန်ပျက်ကျနိုင်ချေနဲ့ ပုံမှန် မဟုတ်တဲ့ကိုယ်ဝန်ရနိုင်ချေ ပိုများလေလေလို့ ပြောချင်တာပါ။

အသက် ၄၁ နှစ်မှ ၄၅ နှစ် ။ ။

အသက် ၄၀ နောက်ပိုင်းဆိုတာ သွေးဆုံးခါနီး အချိန်ဖြစ်တာကြောင့် ကိုယ်ခန္ဓါက သွေးဆုံးဖို့အတွက် ပြင်ဆင်နေတဲ့အချိန်ဖြစ်ပါတယ်။ မမျိုးဥအိမ်ကလည်း မျိုးပွားနိုင်တဲ့ အသက်အရွယ် တောက်လျှောက် အလုပ်လုပ်ခဲ့ရလို့ အနားယူနေချင်တဲ့ အချိန်ဖြစ်တဲ့အပြင် အရည်အသွေးကောင်းတဲ့ မျိုးဥတွေနည်းပါးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ အသက် ၅၀ လောက်ဆို မမျိုးဥအိမ်ထဲမှာ ဘာမျိုးဥမှ မရှိတော့လောက်အောင် နည်းပါးနေပါလိမ့်မယ်။ ဒီ အသက်အရွယ်ရောက်မှ ကလေးရသွားခဲ့မယ်ဆိုရင်လည်း ရလာတဲ့ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ အများကြီးရှိမယ့်အပြင် ကလေးအသေလေးမွေးတာ၊ ကလေးပျက်ကျတာနဲ့ မွေးရခက်တဲ့ ပြဿနာတွေ လည်း ကြုံတွေနိုင်ပါသေးတယ်။ ဒါ့အပြင် အဲဒီ အရွယ်ဆို ဆီးချို၊ သွေးတိုးက နှိပ်စက်တဲ့ဒဏ်တွေ ခံရမယ့်အပြင် ကိုယ်ဝန် အဆိပ်တက်တဲ့ ပြဿနာတွေလည်း ပိုဖြစ်နိုင်ပါသေးတယ်။

ဒီတော့ အချုပ်ပြောရမယ်ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ သန္ဓေအောင်နိုင်စွမ်းဟာ အသက်ငယ်လေ ပိုမြင့်လေပါ။ အသက် ၂၀ ကနေ ၃၀ အတွင်းဆို သန္ဓေအောင်နိုင်စွမ်းက ၂၅ ရာခိုင်နှုန်းလောက်ရှိပြီး အသက် ၃၀ နောက်ပိုင်းမှာတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိပါတော့တယ်။ ဒ့ါကြောင့် ကိုယ်ပိုင် မိသားစုလေးတစ်ခု တည်ဆောက်ချင်သူတွေ အတွက်တော့ ဒီ အသက် ၂၀ ကနေ ၃၅ အတွင်းက အသင့်တော်ဆုံး အချိန်ပါလို့ အကြံပေးပါရစေ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

စိတ်ဖိစီးမှုကြောင့် သွေးတက် တာလား။ သွေးတိုးရောဂါကြောင့် သွေးတက်တာလား။ စိတ်ဖိစီးမှုကြောင့် သွေးတက်ရင် ဘာတွေလုပ်ကြမလဲ။ ဘာတွေ မလုပ်ရဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု မှာ သာမန်ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ ဒီလောက်လိုက်နာမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကိုယ်ဝန်ဆောင်ကာလ ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုရင် Myth တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
ဘာလို့ ကိုယ်ဝန်မရ သေးတာလဲ

ဘာလို့ ကိုယ်ဝန်မရ သေးတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read