backup og meta

ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ၂ နှစ်လောက်ခြားနိုင်ရင် ကောင်းပါတယ်။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။

သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုးနဲ့သူရှိတဲ့အတွက် မီးဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ ဒါကြောင့် ကလေးမွေးပြီး တားဆေးသောက်မယ်ဆို ဒီအချက်တွေ သိထားဖို့ လိုပါတယ်။

  • ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ကလေးနို့တိုက်နေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် တားဆေးတွေ ကြိုက်တဲ့အချိန်မှာ ဝယ်သောက်တာမျိုး လုပ်လို့မရပါဘူး။ သောက်မယ့် ဆေးမှာလည်း ဟော်မုန်းတစ်မျိုးတည်း ပါတာ သောက်မှာလား၊ ပေါင်းထားတဲ့ ဟော်မုန်း တားဆေးတွေ သောက်မလား ဆိုတာ အရင်ရွေးသင့်ပါတယ်။
  • နို့တိုက် နေတဲ့အချိန်ဖြစ်တာကြောင့် တားဆေးသောက်ဆေး သောက်ရမှာ သတိထားရမယ့်အချက်တွေရှိပါတယ်။ တားဆေး သောက်ဆေး တချို့က မိခင်ရဲ့ နို့ထွက်မှုအပေါ် သက်ရောက်မှု ရှိတတ်တဲအ့တွက်ကြောင့် စစချင်းဆို progestogen ဟော်မုန်း တစ်မျိုးတည်း ပါတဲ့ တားဆေးသောက်ဆေးသောက်သင့်ပါတယ်။ ၆ပတ်ထက် ကျော်မှသာ ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ သောက်ဆေးတွေ သောက်သင့်ပါတယ်။
  • မီးဖွားပြီး ပထမ ကာလ ဖြစ်တဲ့ ၄၅ ရက် မတိုင်ခင်မှာတင် သားဥတွေ ကြွေနိုင်ပါတယ်။ အဲဒီ အချိန်မတိုင်ခင် အတူနေမိလိုက်လို့ ကိုယ်ဝန်ရသွားတတ်တဲ့အတွက် ကိုယ်ဝန်ရှိမရှိ သေချာအောင် တစ်ခေါက်စစ်ပြီးမှ တားဆေးသောက်သင့်ပါတယ်။
  • ပိုပြီးစိတ်ချချင်တယ်ဆိုရင်တော့ မီးဖွားပြီးနောက် သန္ဓေတားဆေး စသောက်ပြီးနောက်ပိုင်း ၇ရက်လောက်မှာ အတူနေတာ ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် ကွန်ဒုံးသုံးပြီး အကာအကွယ်နဲ့ ဆက်ဆံသင့်ပါတယ်။ ဒါမှ နောက်ကိုယ်ဝန် တန်းမရဖို့အတွက် စိတ်ချရမှာပါ။
  • အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေ မတူတဲ့အတွက်ကြောင့် ဘယ်လိုအချိန်မှာ တားဆေးပြန်သောက်ရမလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံနဲ့ (ဥပမာ ကိုယ်က မေ့တတ်တယ် ဆေးပဲထိုးမယ်) ကိုယ့်ကျန်းမာရေးနဲ့ ကိုက်မကိုက်ဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုပါတယ်။
  • တားဆေးသောက်ပြီဆိုတည်းက နေ့တိုင်း မပျက်မကွက်သောက်ဖို့ အတွက်ကိုလည်း သေချာမှတ်ထားဖို့ လိုအပ်သလို တားဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် ကိုယ်နဲ့ အဆင်ပြေမှသာ တားဆေးသောက်ဆေးနဲ့ သန္ဓေတားတဲ့နည်းကို ရွေးချယ်ပါ။
  • အသက် ၃၅ နှစ်ကျော်ပြီး ဆေးလိပ် သောက်တဲ့ အမျိုးသမီးတွေ၊ သွေးခဲနိုင်ခြေရှိတဲ့ အမျိုးသမီးတွေ၊  အသည်းရောဂါ၊ နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေအပြင် တခြားကျန်းမာရေးပြဿနာတွေ၊ သောက်လက်စဆေးဝါးတွေ ရှိတဲ့အခါ တားဆေးသောက်ဆေး အစား ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြား သန္ဓေတားနည်းတွေကို ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

 

https://www.plannedparenthood.org/learn/teens/ask-experts/how-soon-can-i-start-birth-control-pills-after-a-pregnancy

Accessed date 22.4.2019

https://www.nhs.uk/conditions/contraception/when-contraception-after-baby/

Accessed date 22.4.2019

ယခုပုံစံ

20/03/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးနို့တိုက်ခြင်း က မိခင်ကို ကိုယ်အလေးချိန်ကျစေသလား

သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement