backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

သားဦးလေးကို မီးမီးလေး အရင် လိုချင်တယ်၊ သားသားလေးက ရှိနေပြီ ဆိုတော့ နောက်တစ်ယောက်ကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတွေ ရှိလား။ သားလေး လိုချင်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် ဆိုတာတွေက များနေတော့ ဒီတစ်ခေါက် မီးမီးလေး လိုချင်ရင် လုပ်သင့်တဲ့ အချက်တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ သားသမီးရတနာဆိုတာ ကံက ပေးတယ် ဆိုပေမယ့် ခုလို ကြိုးစားကြည့်ထားတော့ မမှားဘူးပေါ့။

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက် အသုံးဝင်စေမယ့် နည်းလမ်းလေးတွေကတော့

ဒီလို စားပါ။

မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။

အက်ဆစ်ဓာတ် များတဲ့ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် အများကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓာတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့ အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ထဲကို ရောက်သွားတာနဲ့ အက်ဆစ်ဓာတ်ဘက်ကို ရောက်သွားမယ့် အစးအစာတွေကို ပြောတာဖြစ်ပါတယ်။

ကိုယ်တွင်း အက်ဆစ်ဓာတ်အပြောင်းအလဲကိုဖြစ်စေမယ့် အစားအစာတွေကတော့ နေ့စဉ်စားနေတဲ့ အသားငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ထမင်း၊ ဂျုံ၊ ပြောင်းဖူး၊ ကြက်ဥ အကာ၊ ချောကလက်နဲ့ အခြား ချဉ်တဲ့အသီးတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီးနဲ့ နာနတ်သီးတို့ စားပေးလို့ရပါတယ်။

ဖေဖေကတော့ အယ်ကာလီ များတာ စားပါ။

အယ်ကာလီဘက်ကို ရောက်တဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးအရွက်တွေ၊ နို့တွေ၊ လက်ဖက်ရည်၊ ရေညှိ၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။

နှစ်ဦးလုံး အသီးအရွက် များများစားပါ။ အစိမ်းရောင် အသီးအရွက်တွေမှာပါတဲ့ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ဟာ မီးမီးလေးရဖို့ အခွင့်အလမ်းကို ပိုများစေမှာပါ။

ဒါတွေလုပ်ပါ။

လေ့လာချက်တွေအရ သုက်ကောင်ရေ မြန်လေ သားသားလေး ရဖို့ အခွင့်အလမ်း ပိုများလေ ဖြစ်ပြီး သုက်ပိုး နှေးလေ မီးမီးလေး ပိုရဖို့ အခွင့်အလမ်း များလေလို့ ဆိုပါတယ်။

  • ဒါ့ကြောင့် ယောက်ျားလေး လိုချင်ရင် သားဥ မကြွေခင် ရက်ပိုင်းတွေမှာ လိင်ဆက်ဆံခြင်းကို ရှောင်သင့်ပါတယ်။ သားဥကြွေတဲ့အချိန်လောက် ကိုက်ပြီး ဆက်ဆံပါမှ သုက်ပိုး အရေအတွက် များမှာ ဖြစ်ပါတယ်။ မိန်းကလေး လိုချင်ရင်တော့ အတူနေတာကို ရှောင်ရမယ့် ရက်တွေ မရှိပါဘူး။ ၃ ရက် တစ်ခါလောက် ဆက်ဆံပေးသင့်ပါတယ်။ သားဥကြွေခါနီး ၂ ရက် အလိုလောက်မှာ အတူနေရင် သမီးမိန်းကလေး မွေးနိုင်ခြေ ပိုများပါတယ်။
  • အတူမနေခင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။ သားသားလေး ဖြစ်မယ့် သုက်ပိုးတွေက အပူဆို သိပ်အနားမကပ်တာကြောင့် မီးမီးလေးဖြစ်မယ့် သုက်ပိုးတွေအတွက် နေရာ ပိုရစေမှာပါ။

မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက် လိင်ဆက်ဆံမယ့် အနေအထားတွေကတော့

  • အတွင်းကို နက်နက် ထိုးသွင်းတဲ့ ပုံစံကို ရှောင်ရပါလိမ့်မယ်။
  • မိန်းကလေး လိုချင်တာ ဖြစ်တဲ့အတွက် လိင်စိတ် အထွတ်အထိပ် ရောက်တာကို ရှောင်ရပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတာ မိန်းကလေးဖြစ်မယ့် သုက်ပိုးကောင်လေးတွေက အားပိုးနည်းပြီး အပြေးမသန်လို့ပါ။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.yourchineseastrology.com/ways-to-conceive-baby-girl.htm

Accessed Date 14.8.2019

https://www.bellybelly.com.au/conception/how-to-conceive-a-girl/

Accessed Date 14.8.2019

https://www.healthymummy.com/conceive-baby-girl/

Accessed Date 14.8.2019

ယခုပုံစံ

10/01/2024

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ

ကိုယ်ဝန်မလိုချင်တဲ့သူတွေ သိထားသင့်တဲ့ သားဥကြွေချိန်ကို တွက်ချက်ခြင်း။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/01/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ