ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရင်းများ က တစ်ချက်မကရှိနေနိုင်ပါတယ်။
အကြောင်းအရင်း (၁) – ခရိုမိုဇုန်း လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပုံမှန် မဟုတ်ခြင်း
ကိုယ်ဝန်ပထမ ၃ လပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အဓိကအကြောင်းအရင်းက ဘေဘီလေးရဲ့ ခရိုမိုဇုန်း လို့ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ အနေအထားပါ။ ဒီခရိုမိုဇုန်းလို့ ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေက ဘေဘီလေးရဲ့ ဆံပင် နဲ့ မျက်လုံးအရောင်တွေကို အခြားသူတွေနဲ့မတူအောင် သတ်မှတ်ပေးတာပါ။ ခရိုမိုဇုန်းအရေအတွက်မှားယွင်းမှုက ဘေဘီလေးရဲ့ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်ဝန်ပျက်ကျတာကိုဖြစ်စေနိုင်ပါတယ်။
ဒီပြဿနာကို ကာကွယ်ဖို့နည်းလမ်းလည်း မရှိပါဘူး။ နောက်တစ်ချက်က မေမေက အသက်ကြီးနေမယ် (အထူးသဖြင့်အသက် ၃၅ နှစ်နဲ့အထက်) ဖြစ်နေမယ်ဆိုရင် ခရိုမိုဇုန်းပြဿနာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပိုများပါတယ်။
အကြောင်းအရင်း (၂) – ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်
ကိုယ်ဝန်ဆောင်ဒုတိယ ၃ လပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျစေတဲ့ အဓိကအကြောင်းအရင်းက မေမေ့မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာပါ။ ဒီကာလမှာ မေမေအနေနဲ့ ကျန်းမာရေးပြဿနာတစ်ခုခုကြုံမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပိုများသွားပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။