ကြက်သွန်နီမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး အူတွေနဲ့ အူမကြီး လှုပ်ရှားမှု ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်မှုကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။
ကြက်သွန်နီမှာ phytonutrientsတွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ ကြက်သွန်နီ ပါဝင်အောင်စားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးမတိုးစေဖို့ ကာကွယ်ပေးပြီး ကိုယ်ဝန်ဆိပ် တက်တာနဲ့ သွေးတိုးတာကြောင့် လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ကြက်သွန်နီမှာ ပါတဲ့ chromium က အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတော်တော်များများ ရင်ဆိုင်ရတာက အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များလာတာပါ။ ဒါကို ကာကွယ်ဖို့ဆိုရင် ကြက်သွန်နီ စားပေးလို့ ရပါတယ်။ ကြက်သွန်နီ ပုံမှန်လေး စားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး မေမေ့ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့် သွားချေးတွေ ဖြစ်ပြီး သွားဖုံးတွေ ရောင်ရမ်းတာ၊ သွားဖုံး သွေးယိုတာတွေ ခံစားရနိုင်ပါတယ်။ ကြက်သွန်နီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ လည်ချောင်းနာတယ်။ ဒါပေမယ့် ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာစိုးလို့ ပဋိဇီဝပိုးသတ်ဆေးတွေလည်း မသောက်ချင်ဘူးဆိုရင် ကြက်သွန်နီ စားပေးလို့ ရပါတယ်။ ကြက်သွန်နီကို အရည်ညှစ်ပြီး ပျားရည်နဲ့ သောက်ပေးလို့လည်း ရပါတယ်။
ကြက်သွန်နီမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။ ကိုယ်တွင်းမှာ Homocysteine တွေ ပိုလျှံမနေအောင် ကာကွယ်ပေးပါတယ်။
Homocysteine တွေ အရမ်းများလာရင် စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေ ခံစားရစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ
ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်နီ စားတဲ့အခါ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေ
- ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
- ကိုယ်ခံအား ကောင်းစေတယ်
- ဝမ်းမှန်စေတယ်
- သွေးပေါင်ချိန် ထိန်းညှိပေးတယ်
- ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်
- အဝမလွန်အောင် ကာကွယ်ပေးတယ်
- သွားဖုံး ကျန်းမာစေတယ်
- လည်ချောင်းနာတာ သက်သာစေတယ်
- အိပ်ပျော်စေတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။