backup og meta

20 ပတ်

20 ပတ်

20 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

20 ပတ် မှာတော့ ငှက်ပျောသီးအရွယ် ၁၆ စင်တီမီတာ၊ ၃၁၅ ဂရမ်လောက်ရှိပါပြီ။ ကလေးလေးက သားအိမ်ထဲမှာ နေရာပိုယူလာတော့ မေမေတွေရဲ့အဆုတ် အစာအိမ်၊ ဆီးအိမ်နဲ့ ကျောက်ကပ်တွေကို ပိုပြီးတော့ သွားဖိသလိုဖြစ်ပါတယ်။

အကာအကွယ်ပေးထားတဲ့ ဖယောင်းလွှာအောက်မှာ ကလေးလေးက အရေပြားစပေါ်လာပြီး ထူလာပါတယ်။ ဆံပင်၊ လက်သည်းတွေလည်း ဆက်ဖွံ့ဖြိုးနေတုန်းပါပဲ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

မေမေတွေက ဒီအပတ်ကစပြီး အပတ်တိုင်းကို ပေါင်ချိန်နည်းနည်း ထပ်တက်ဦးမှာပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်အလေးချိန် မပြည့်ရင် ထပ်တက်အောင် လုပ်ရမှာဖြစ်ပြီး များနေရင် သိပ်မတက်အောင်လုပ်ရမှာပါ။

သွေးနီဥတွေဖြစ်ဖို့၊ အောက်ဆီဂျင်သယ်ဖို့ လုပ်ပေးတဲ့ ဟေမိုဂလိုဘင်တွေ ဖြစ်အောင် သံဓာတ်၊ သတ္တုဓာတ်တွေ အလုံအလောက်ရအောင်တော့ စားပေးရမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏများလာဖို့အတွက်ရော ကလေးလေးနဲ့ အချင်းဖွံ့ဖြိုးမှုအတွက်ပါ သံဓာတ်တွေပိုလိုပါတယ်။

20 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ချက်ကြိုးသွေးသိမ်းတာ လုပ်မလုပ် ဆုံးဖြတ်သင့်ပါတယ်။ ကလေးလေးမွေးပြီးတာနဲ့ ချက်ကြိုးက သွေးကို နောင်အခါမှာ အသုံးပြုဖို့အတွက် သိမ်းထားထာမျိုးကိုပြောတာပါ။

သိမ်းနည်းနှစ်မျိုးရှိပါတယ်။

  • အများသုံး- အများသုံးသွေးဘဏ်က အဲဒီသွေးတွေကို ဘယ်သူမဆို လိုရင်သုံးလို့ရအောင် အလှူအနေနဲ့သိမ်းထားတာပါ။
  • ကိုယ်ပိုင်- အခကြေးပေးပြီးသိမ်းပေးတဲ့ ဌာနမှာထားပြီး ကိုယ့်မိသားစုဝင်ထဲကပဲ လိုအပ်မှ ယူသုံးဖို့ သိမ်းတာပါ။

ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ဒုတိယ ၃ လပတ်မှာ ကလေးလေး ကျန်းကျန်းမာမာကြီးပြင်းလာရဲ့လားသိဖို့ အာထရာဆောင်းရိုက်လို့ ရပါတယ်။ အာထရာဆောင်းရိုက်ဖို့ လိုမလိုကို ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်ပါ။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ဒီအချိန်မှာ ရေမြွာရည်ထုတ်စစ်တာလုပ်ချင်ရင် လုပ်လို့ရပါတယ်။ ဒီစစ်ဆေးမှုက မဖြစ်မနေလုပ်ရမှာတော့ မဟုတ်ပါဘူး။ အကြောင်းရှိမှ စစ်ရတာပါ။ ဒီစစ်ဆေးချက်က ကလေးမှာ မျိုးဗီဇရောဂါတွေ ပါလာနိုင်လား သိအောင်လို့ စစ်တာပါ။ ဒီစစ်ဆေးမှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့သေချာ ဆွေးနွေးကြည့်ဖို့ တိုက်တွန်းပါရစေ။

ဆရာဝန်က အသံလှိုင်းကနေပြီး ပုံဖမ်းတဲ့ အာထရာဆောင်းလည်း ရိုက်မှာပါ။ အာထရာဆောင်းက ကလေးအရွယ်အစား၊ အနေအထား၊ အရိုးတွေ၊ ကိုယ်အင်္ဂါတွေ ပုံမှန်မမှန် သိနိုင်ပါတယ်။ ကလေးရဲ့ အနေအထားကို ကြည့်ပြီး ကိုယ်ဝန်ဆောင်ချိန် လိင်ဆက်ဆံလို့ ရမရလည်း ဆုံးဖြတ်နိုင်ပါတယ်၊၊ ချက်ကြိုး၊ အချင်းနဲ့ရေမြွာရည်တွေကိုလည်း အာထရာဆောင်းနဲ့ စစ်ကြည့်နိုင်ပါတယ်။

ကျန်းမာဘေးကင်းအောင် နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

  • အော်ဂဲနစ်အစားအစာလား အော်ဂဲနစ်မဟုတ်တာလား။

အော်ဂဲနစ်ဟုတ်တာနဲ့ မဟုတ်တာမှာ အာဟာရတန်ဖိုးက သိပ်တော့ မကွာလှပါဘူး၊၊ ကွာခြားချက်ကတော့ အော်ဂဲနစ် မဟုတ်တာတွေက ပိုးသတ်ဆေးတွေ သုံးထားပါတယ်။

အော်ဂဲနစ် မရနိုင်ဘူးဆိုရင်လည်း အလွယ်ရနိုင်တဲ့ အသီးအရွက်ကို ရေသေချာဆေးပြီး စားနိုင်ပါတယ်၊၊ လိုရင်းက တစ်နေ့ကို အသီးအရွက် ၅ ခါလောက် စားပေးဖို့ပါပဲ၊၊

  • အကြာကြီးမတ်တပ်ရပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အကြာကြီးမရပ်နေသင့်ပါဘူး။ တစ်နေရာတည်း အကြာကြီးရပ်တာက သွေးဖိအားကျစေပြီး ကိုယ်ဝန်ဆောင်နေချိန်အတွင်းဆို ပိုဆိုးစေပါတယ်။ သွေးပေါင်ကျလွန်းရင် သတိလစ်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့ မကြာခဏ လမ်းလျှောက်ပေးပါ။

ကိုယ်ဝန်ဆောင်ခါးပတ်က ဝမ်းဗိုက်ကို ပင့်ပေးထားမှာဖြစ်ပြီး ဒုတိယနဲ့ တတိယ ၃ လပတ် အချိန်တွေမှာ ကိုယ်အလေးချိန်ဖြန့်ဝေတာကိုလည်း ညီမျှအောင်ထိန်းပေးပါတယ်။

၂၁ ပတ် မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

ရေးသားသူ- Hmwe San Eain

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby- size. Accessed date 3/30/2015.

Pregnancy calendar week 20.
http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week20.html.
Accessed date 3/30/2015.

Your pregnancy: 20 weeks. http://www.babycenter.com/6_your-pregnancy- 20-weeks_1101.bc.

Accessed date 3/30/2015.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

21 ပတ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement