backup og meta

အချင်းသွေး/ချက်ကြိုးသွေး သိမ်းဆည်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချင်းသွေး/ချက်ကြိုးသွေး သိမ်းဆည်းခြင်း

    နည်းပညာတိုးတက်လာတာနဲ့အမျှ ဒီနေ့ခေတ်ရဲ့မိဘတွေဟာ သူတို့ရဲ့ ကလေးငယ်တွေ အနာဂတ်မှာ သုံးစွဲနိုင်ဖို့အတွက် အချင်းသွေး/ချက်ကြိုးသွေး သိမ်းဆည်းခြင်း( cord blood banking) ကို ကျန်းမာရေးအာမခံအစီအစဉ်အဖြစ် ရွေးချယ်လာနိုင်ကြပါပြီ။

    အချင်းသွေးသိမ်းဆည်းခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

    ချက်ကြိုးသွေး (အချင်းသွေး) ဟာ အသက်ကယ်နိုင်ပါတယ်။

    အချင်းသွေးတွေမှာ ပင်မဆဲလ်တွေ များပြားစွာပါဝင်ပြီး သွေးဆဲလ်တွေအဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ်။ ဒါက အမျိုးမျိုးသောရောဂါတွေကိုကုသတဲ့အခါမှာ အသုံးပြုလို့ရနိုင်ပါတယ်။ အတိအကျဆိုရင်တော့ အချင်းသွေး ဟာ သွေးနဲ့ ခုခံအားစနစ်တွေမှာဖြစ်တတ်တဲ့ရောဂါတွေ ဥပမာ သွေးကင်ဆာ ၊ကင်ဆာတွေ၊ သွေးနီဥပုံစံမမှန်မှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ နဲ့အခြားသော ဇီဝဖြစ်စဉ်ကမောက်ကမဖြစ်တာတွေကို ကုသနိုင်ဖို့ လုံလောက်ပါတယ်။ ဆရာဝန်တွေကတော့ ချက်ကြိုး၊ အချင်း၊ ရိုးတွင်းချဉ်ဆီ (သို့) သွေးလမ်းကြောင်းစသည့်တို့မှတစ်ဆင့် နည်းမျိုးစုံ ကိုသုံးပြီးတော့ သွေးဆဲလ်တွေကိုရယူနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းသွေး ဟာ လူတစ်ဦးတစ်ယောက်ချင်းစီမှာလိုအပ်တဲ့အရာတွေအားလုံးနဲ့ ထပ်တူကျဖို့ ပိုပြီးလွယ်ကူပါတယ။် အချင်းသွေး ကိုယူတဲ့ နည်းလမ်း လုပ်ငန်းစဉ်ကလည်း မွေးပြီးတဲ့အချိန် ချက်ကြိုးကနေယူတာကြောင့် နာကျင်မှုလုံးဝမရှိပါဘူး။

    အနာဂတ်ဆေးကုသမှုလမ်းစဉ်တွေအတွက် အချင်းသွေးကို ပြင်ဆင်ထားကြတယ်။

    သိပ္ပံပညာရှင်တွေက cerebral palsy (ဦးနှောက်အာရုံကြောများထိခိုက်၍ သူငယ်နာအကြောတင်းရောဂါ) နဲ့ Hypoxic ischemic encephalopathy (ဦးနှောက်ဟာ လိုအပ်တဲ့အောက်ဆီဂျင်ပမာဏကို လက်မခံနိုင်တော့တဲ့အခြေအနေ)ကို အချင်းသွေး သုံးပြီး ကုသနိုင်မယ့်နည်းလမ်းတွေကို ကြိုးစားရှာဖွေလေ့လာနေကြတုန်းပါ။

    သင့်ရဲ့ကိုယ်ပိုင် အချင်းသွေး ဟာ သင်အသုံးပြုဖို့အမြဲတမ်းအဆင်သင့်ရှိပါတယ်။

    သင့်မိသားစုရဲ့ အချင်းသွေးအတွက် ပုဂ္ဂလိကဘဏ်တွေကို ရွေးချယ်လိုက်ရုံနဲ့ အဆင်ပြေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ အချင်းကို သင့်မိသားစုကပဲသုံးလို့ရနိုင်မှာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မှ လက်ခံလို့ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်မိသားစုရဲ့အချင်းသွေးဟာ အခြားမိသားစုကို လွဲပြောင်းပေးလို့မရသလို လေ့လာဖို့လှူဒါန်းခဲ့လို့လဲမရပါဘူး။ တစ်ဖက်မှာတော့ သင့်ရဲ့ မိသားစုအချင်းသွေးကို ပြည်သူ့ဘဏ်မှာသိမ်းဆည်းထားခဲ့ရင်တော့ သင့်မိသားစုနဲ့ကိုက်ညီတဲ့အခြေအနေနဲ့ အချင်းသွေးလိုအပ်သူ မည်သူမဆို ရယူလို့ရပါတယ်။ ဆိုလိုတာက သင့်မိသားစုလိုအပ်တဲ့အချိန်မှာ ဒီအချင်းသွေးရှိနေဦးမယ်လို့ အာမခံချက်ရှိမှာမဟုတ်ပါဘူး။

    ဆိုးကျိုးတွေကရော။

    အချင်းသွေးသိမ်းဆည်းခြင်းဟာ ဈေးချိုလှတာမဟုတ်ပါဘူး။

    တကယ်လို့သင့်ရဲ့အချင်းသွေးကို ပြည်သူ့ဘဏ် မှာ သိမ်းဆည်းထားမယ်ဆိုရင်တော့ အလကားသိမ်းလို့ရမှာပါ။ ဒါပေမယ့် ပုဂ္ဂလိကဘဏ်ကိုရွေးချယ်မယ်ဆိုရင်တော့ စုဆောင်းတာ၊စစ်ဆေးတာနဲ့ စာရင်းသွင်းတာ စတဲ့လုပ်ငန်းဆောင်တာတွေအားလုံးအပြီးအစီးအတွက် ဒေါ်လာ ၁၄၀၀ ကနေ ၂၃၀၀ ထိကျသင့်နိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို ၉၅ ဒေါ်လာ ကနေ ၁၂၅ ဒေါ်လာ အထိ အချင်းသွေးသိမ်းဆည်းခအဖြစ် ထပ်ဆောင်းပေးရဦးမှာပါ။

    သင့်ကလေးက အချင်းသွေးကို ဘယ်တော့မှ မလိုအပ်တာလဲ ဖြစ်နိုင်ပါတယ်။

    အချို့သောရောဂါတွေကိုကုသတဲ့နေရာမှာ အချင်းသွေးကိုအသုံးပြုနိုင်တာကတော့ အမှန်ပါပဲ။ ဒါပေမယ့် သင့်ကလေးက အချင်းသွေး သို့မဟုတ် ရိုးတွင်းချဉ်ဆီပါဝင်တဲ့ ပင်မဆဲလ်အစားထိုးကုသမှုလုပ်ဖို့ အခွင့်အရေးက ၁၂၇ ပုံ ၁ ပုံပဲရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement