သရက်သီးဆိုတာက အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက် ဆိုပြီး စားအကောင်းဆုံးအစားအစာတွေကို ရည်ညွှန်းပြောဆိုထားတဲ့ပြောစကားလေးအတိုင်း အရမ်းကို အရသာရှိတဲ့ အသီးလေးပါ။ မှည့်လေလေ စားကောင်းလေလေဖြစ်ပြီး အနံ့အရသာနဲ့လည်း ပြည့်စုံလှပါတယ်။ သရက်သီး အမှည့် အနံ့မွှေးမွေးလေးက စားချင်စိတ်ကို ထိန်းမရအောင် ဖြစ်စေပါတယ်။
ဒီလို အနံ့ရော အရသာပါ ပြည့်စုံတဲ့ သရက်သီးကို စားချင်ပေမယ့် ဗိုက်ထဲ ဘေဘီလေးနဲ့ တည့်ပါ့မလား စိတ်ပူလို့ စားချင်တာကို မစားရဘူးဆိုတဲ့ မေမေတွေ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။
သရက်သီး ဆိုတာ
သရက်သီး ဆိုတာ သရက်ပင်ရဲ့ အသီးပါ။ သရက်ပင်ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ သရက်သီးမှာမှ ရင်ကွဲ၊ မချစ်စု၊ စိန်တစ်လုံး ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
သရက်သီး အမျိုးအစား ကွဲပြားသလို အရသာကလည်း ကွာခြားနိုင်ပါတယ်။ သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။
သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတာကတော့ အတူတူပါပဲ။
သရက်သီးမှာ ပါတဲ့ အာဟာရတွေ
စားလို့ကောင်းတဲ့ သရက်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
- ကယ်လ်လိုရီ
- ကာဗိုဟိုက်ဒရိတ်
- ပရိုတင်း
- အမျှင်ဓာတ်
- အဆီဓာတ်
- သကြားဓာတ်
- ဗီတာမင် C
- ဗီတာမင် A
- ဖောလစ်အက်ဆစ်
- Pyridoxine
- နီကာဆင်
- Riboflavin
- သီရာမင်း
- ပိုတက်ဆီယမ်
- ကယ်လ်ဆီယမ်
- သံဓာတ်
- မဂ္ဂနီဆီယမ်
- ဇင့်
- Phosphorus တို့ ပါဝင်နေပါတယ်။
ကိုယ်ဝန်ဆောင်မေမေ သရက်သီး စား လို့ရလား
ကိုယ်ဝန်ဆောင်မေမေ သရက်သီး စား လို့ရလား ဆိုတော့ ရပါတယ်။ သဘာဝလတ်လတ်ဆတ်ဆတ် အသီးကို အခွံသေချာခွာစားပါ။ ဆေးနဲ့ မှည့်အောင် လုပ်ထားတာကို ရှောင်ပါ။ တစ်နေ့ကို တစ်လုံးထက် ပိုပြီးတော့ မစားသင့်ပါဘူး။ အလွန်အကျွံစားတာကို ရှောင်ပါ။ ဆီးချိုရောဂါ ရှိသူတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ သရက်သီး စား တဲ့အခါ
ကိုယ်ဝန်ဆောင်မေမေ သရက်သီး စား တဲ့အခါ မေမေရော ဘေဘီလေးရဲ့ ကျန်းမာရေးကို အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
သွေးအားမနည်းအောင် ကာကွယ်ပေးတယ်
ဘေဘီလေးကို ဖွံ့ဖြိုးစေတယ်
အစာခြေစနစ် ကျန်းမာစေတယ်
လမစေ့မီ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်
ဘေဘီလေးရဲ့ အရိုး နဲ့ သွားတွေ သန်မာစေတယ်
ကိုယ်ဝန်ဆောင် သွေးတိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
Morning sickness သက်သာစေတယ်
သရက်သီးမှာ ဗီတာမင် B6 ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ ဖြစ်တဲ့ morning sickness ကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဖောတာ ရောင်တာ သက်သာစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ သရက်သီး စားပေးတာက မေမေရော ဘေဘီလေးကိုပါ အခုလိုမျိုး ကျန်းမာရေး ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ သရက်သီး စားလို့ရလား
ကိုယ်ဝန်ဆောင်မေမေ သရက်သီး စား လို့ရလား ဆိုတော့ ရပါတယ်။ တစ်နေ့ကို တစ်လုံးထက် ပိုပြီးတော့တော့ မစားသင့်ပါဘူး။ အလွန်အကျွံစားတာကို ရှောင်ပါ။ ဆီးချိုရောဂါ ရှိသူတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
လတ်ဆတ်ပြီး သန့်ရှင်းတဲ့ သရက်သီး ဖြစ်ဖို့လိုသလို သေချာ အစေးထုတ်ပြီး အခွံနွှာ စားဖို့ လိုပါမယ်။
[embed-health-tool-due-date]