backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

သွေးလေးဖက်နာဆေးကုသမှုဟာ ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိသလား

သွေးလေးဖက်နာအဆစ်ရောင်ရောဂါဟာ နာတာရှည် ရောင်ရမ်းခြင်းရောဂါတစ်မျိုးပါ။ များသောအားဖြင့် အရိုးအဆစ်တွေကိုထိခိုက်ပြီး တချို့အခြေအနေတွေမှာဆိုရင် အရေပြား၊ မျက်လုံး၊ အဆုတ်၊ နှလုံးနှင့် သွေးကြော စသည်တို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့်ထိခိုက်နိုင်ပါတယ်။ ဒီရောဂါဟာ လူတစ်ယောက်ရဲ့ ခုခံအားစနစ်က ကိုယ်ပိုင်တစ်ရှူးတွေကို မှားပြီးတိုက်ခိုက်မိရာမှဖြစ်ပေါ်လာပါတယ်။ ရောဂါအတွက် တချို့သောဆေးတွေက မမွေးသေးသော ကလေးငယ်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။

သွေးလေးဖက်နာဆေးကုသမှုဟာ ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိသလား

သွေးလေးဖက်နာအဆစ်ရောင်ရောဂါအတွက် ဆေးအများစုက သင့်ရဲ့ခုခံအားစနစ်ကို ချပေးတာပါ။ တခြားတူတူတွဲပေးတဲ့ဆေးတွေကတော့ ရောင်ရမ်းတာကိုသက်သာစေတာမျိုးတွေပေါ့။ ဆေးတစ်မျိုးစီမှာ ဆိုးကျိုးကိုယ်စီပါတယ်။ တချို့ဆေးတွေက ကလေးငယ်ကို မွေးရာပါရောဂါဖြစ်စေတတ်ပြီး တချို့ကတော့ ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ တချို့ဆေးတွေဟာ သွေးတိုးခြင်း သို့မဟုတ် ဆီးချိုသွေးချိုရစေနိုင်ပါတယ်။ ဒါကြောင့် ဆေးမှီဝဲရမယ့်အချိန်က အရေးကြီးပါတယ်။ တချို့ဆေးတွေက ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယပိုင်းမှာ ရှောင်ရန်လိုအပ်ပါတယ်။ တချို့ဆေးတွေကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံး ရှောင်ရမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်နဲ့ နို့တိုက်နေစဉ်အတွင်း ရှောင်ရမယ့် ဆေးတွေကတော့

Methotrexate(Trexall)-သွေးလေးဖက်နာရောဂါအတွက် အသုံးအများဆုံးဆေး ဖြစ်ပြီး ကိုယ်ဝန်သည်တွေမှာ ကလေးပျက်ကျစေနိုင်သလို၊ ကလေးရဲ့ဦးနှောက်နဲ့ အရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။

Leflunomide (Arava)- ခန္ဓာကိုယ်ထဲမှာ အချိန်အတန်ကြာအောင်ရှိနေနိုင်တဲ့ ဆေးတစ်မျိုးဖြစ်တာကြောင့် ကိုယ်ဝန်ယူရန်ပြင်ဆင်နေစဉ်ကတည်းက ရှောင်ရှားသင့်ပါတယ်။ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေသော ဆေးကို အလျင်အမြန် ဖယ်ပစ်ချင်ရင်တော့ ဆရာဝန်က cholestyramine လို့ခေါ်တဲ့ ဆေးတစ်မျိုးပေးပါလိမ့်မယ်။

ဇီဝရုပ်တုံ့ပြန်မှု ကောင်းစေသောဆေးများ-ထိုဆေးများကတော့ သန္ဓေသားကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ မသေချာသေးပေမယ့် ဆရာဝန်တွေက ရှောင်ရှားတာအကောင်းဆုံးလို့ ဆိုကြပါတယ်။ Anakinra (Kineret)၊ rituximab (Rituxin)၊ abatacept (Orencia)နဲ့ tocilizumab (Actemra) ကဲ့သို့ဆေးတွေပါ။

အကယ်လို့ သင်ဟာ ထိုဆေးတွေမှီဝဲနေတာဆိုရင်တော့ ဂရုတစိုက် သန္ဓေတားထားရပါမယ်။ ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားပြီဆိုရင် တခြားအန္တရာယ်နည်းမယ့်ဆေးတွေ ဆရာဝန် နဲ့ တိုင်ပင်ပြီးအကြံဉာဏ်တောင်းကြည့်ပါ။ အချို့သောဆေးတွေကို ကိုယ်ဝန်မဆောင်ခင် လအနည်းငယ်ကတည်းက ရှောင်တာ အကောင်းဆုံးဖြစ်ပါတယ်။

ယေဘုယျအနေနဲ့ Prednisone ပမာဏနည်းနည်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အဆင်ပြေတယ်လို့ ယူဆထားပါတယ်။ Hydroxychloroquine (Plaquenil) and sulfasalazine တို့လည်းစိတ်ချရတယ်လို့ ယုံကြည်ရပါတယ်။ Etanercept (Enbrel)၊ etanercept-szzs (Erelzi)၊ infliximab (Remicade) နဲ့ infliximab-dyyb (Inflectra) ကဲ့သို့ ဆေးတွေရဲ့ အန္တရာယ်ပေးမှုဟာ သက်သေအတိအကျမရှိတာကြောင့် အခြားထိခိုက်မှုဖြစ်ပေါ်စေသော ဆေးတွေနဲ့စာရင် ထိုဆေးတွေဟာ သုံးလို့ရကြောင်း ယူဆလို့ရတယ်လို့ အချို့သောဆရာဝန်တွေက ယုံကြည်ကြပါတယ်။

အကောင်းဆုံးကတော့ ဆေးကုသမှုကို ရပ်တန့်ထားလိုက်တာပါ။ ဒါပေမယ့် ဒါကလည်း ပေးဆပ်ရတာရှိပါတယ်။ အကယ်လို့ သင်ကဆေးမှီဝဲမှုကိုရပ်လိုက်ပါက သင့်သွေးလေးဖက်နာ ရောဂါ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် တချို့အမျိုးသမီးတွေကို ထိုသို့ ပြုလုပ်ရန် အကြံပေးထားသော်လည်း ရောဂါအခြေအနေကိုသိနေဖို့ စဉ်ဆက်မပြတ် စမ်းသပ်စစ်ဆေးနေဖို့လိုအပ်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Rheumatoid arthritis medications: Dangerous during pregnancy? http://www.mayoclinic.org/diseases-conditions/rheumatoid-arthritis/in- depth/rheumatoid-arthritis- pregnancy/art-20091856. Accessed March 18,2017.

Family Planning and Rheumatoid Arthritis.http://www.webmd.com/rheumatoid-arthritis/guide/family- planning-and- rheumatoid-arthritis#2.

Accessed March 18, 2017.

ယခုပုံစံ

21/09/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ