သောက်ဖို့လိုတဲ့သူတွေအတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်းစိတ်ချလက်ချပေးနိုင်တဲ့ ရင်ပူသက်သာဆေးအချို့ကို ပေးနိင်ပါတယ်။
အက်စစ်ဓါတ်ချေဖျက်ပေးတဲ့ဆေးအများစုမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ချလက်ချသုံးနိုင်ပါတယ်။ တချို့သောဆေးတွေကိုတော့ မသုံးသင့်ပါဘူ။ ဘယ်ဆေးကိုမဆို မသောက်ခင်မှာ ဆရာဝန်ခွင့်ပြုချက်ရဖို့တော့ လိုအပ်ပါတယ်။
ဘယ်လိုဆေးမျိုးတွေလဲ၊ ဘယ်လိုတွေအလုပ်လုပ်လဲ။
ကိုယ်ဝန်ဆောင်တွေအတွက် ပထမဦးစားပေးကတော့ ကယ်ဆီယမ်လို့ပဲဆေးညွှန်းပေါ်မှာရေးထားေလေ့ရှိတဲ့ ကယ်ဆီယမ်ကာဘွန်နိတ်နဲ့ပြုလုပ်ထားတဲ့ ဝါးစားနိုင်တဲ့ အက်ဆစ်ချေဖျက်ဆေးကို သုံးသင့်ပါတယ်။ လျင်မြန်ပြီးအကျိုးသက်ရောက်မှုကေင်းပါတယ်။ အရသာလည်းကောင်းပါတယ်။ မဂ္ဂနီဆီယမ်ဟိုက်ဒရောဆိုဒ်သို့ မဂ္ဂနီဆီယမ်အောက်ဆိုဒ်ပါတဲ့အက်ဆစ်ချေဖျက်ဆေးတွေကလည်း ကိုယ်ဝန်ဆောင်တွေအတွက် ရွေးချယ်နိုင်ပါတယ်။ အရေည်သို့ဆေးပြားပုံစံနဲ့ လာပါတယ်။
ဆေးအရည်သောက်ရမှာလည်း ဆေးအရည်ဆိုပေမဲ့ရေနဲ့သောက်ဖို့ လိုပါတယ်။ ဆေးပြားတွေက အစာအိမ်လုပ်နေကျအတွင်း လျော့နည်းအောင်လုပ်ဖို့ အထူးလိုအပ်တဲ့ အက်ဆစ်ပါတဲ့အစာခြေရည်တွေကို ထွက်အောင်လုပ်ပါတယ်။ ရင်ပူခြင်းရှိနေမယ်ဆိုရင် ဆေးပြားတွေကို ရေနည်းနည်းနဲ့ဆေးသောက်တာက ပိုကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။