ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ် ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ် ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ် အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။ ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ
ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။
ရေများများသောက်ပါ – ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။
အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ – အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။
ကဖင်းရှောင်ပါ – ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။
ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ – ဂျင်ဆင်းလက်ဖက်ရည်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေကိုလည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ရှောင်သင့်ပါတယ်။ ဒီလိုသောက်စရာတွေက ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓါတ်ဆုံးရှုံးစေနိုင်တာကြောင့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။