backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မိခင်တိုင်း ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း ဒီကျန်းမာရေး ပြဿနာကို မကုသဘဲ ထားလို့ မဖြစ်ပြန်ပါဘူး။ ကာလရှည်ကြာ အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မေမေတွေကို စိတ်ဓာတ်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဆေးဝါးမလိုဘဲ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး ပြောပြပေးပါရစေ။ ကဲ … ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ကိုယ်ဝန်ဆောင် မေမေကို အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ………..

ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။
  • စိုးရိမ်ပူပန်စိတ် များတာ
  • အစာမကြေသလို ခံစားရတာ
  • အယ်လ်ကိုဟော သောက်သုံးမိတာ
  • ခန္ဓာကိုယ် အနေအထား နေရတာ သက်တောင့်သက်သာ မရှိတာ
  • မအိပ်ခင် ရေအများကြီး သောက်မိတာ
  • သက်သောင့်သက်သာ မရှိတဲ့ အဝတ်အစားတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ညဘက် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အိပ်ပျော်စေဖို့ အိပ်ဆေး သောက်လို့ရလား……….

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်အောင်ဆိုပြီး အိပ်ဆေး မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်တဲ့အခါ

  • ခြေကုန်လက်ပန်း ကျတာ
  • ကတုန်ကယင် ဖြစ်တာ
  • အစားစားချင်စိတ် မရှိ ဖြစ်တာ
  • လမစေ့ဘဲ မီးဖွားတာ
  • ပေါင်မပြည့်တဲ့ ဘေဘီလေး မွေးဖွားတာ
  • ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါလာတာ
  • စိုးရိမ်စိတ် များတာ
  • မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ညဘက်တွေ အိပ်မပျော်ဘူး ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ ကတော့ –

လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အိပ်ပါ

ကိုယ်ဝန်ဆောင်မေမေတွေ အိပ်စက်မယ့် အိပ်ခန်းက လေဝင်လေထွက် ကောင်းဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေရဲ့ အိပ်ခန်းမှာ လေအေးပေးစက် ဖွင့်ထားတာမျိုး မလုပ်ပါနဲ့။ ပန်ကာ ဖွင့်ပေးလို့တော့ ရပါတယ်။ လေဝင်လေထွက်ကောင်းတာက မေမေ့ကို အိပ်ပျော်စေသလို ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားမှုကိုလည်း မြန်စေပါတယ်။

သက်သောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံ ဝတ်ပါ

ညဘက်အိပ်တဲ့အခါ လေဝင်လေထွက် ကောင်းပြီး ချွေးစုပ်တဲ့ ချည်သား ပွပွချောင်ချောင်လေး ဝတ် အိပ်ပေးပါ။ ဒါက မေမေ့ကို ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အကူအညီပေးနိုင်မှာပါ။

အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ အပူချိန် ၃၅ ဒီဂရီဆဲစီးရပ်စ် ကနေ ၃၈ ဒီဂရီဆဲစီးရပ်စ် အတွင်းရှိတဲ့ ရေနွေးနွေးလေးထဲမှာ ခြေထောက်စိမ်တာ၊ ရေချိုးတာမျိုး လုပ်ပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ကြွက်သားတွေကို ပြေလျော့စေသလို စိတ်ခံစားမှု ကောင်းစေလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။

အယ်လ်ကိုဟော မသောက်ပါနဲ့

အယ်လ်ကိုဟော သောက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆီးခဏခဏသွားစေတာကြောင့်လည်း အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အယ်လ်ကိုဟော လုံးဝ မသောက်ပါနဲ့။

မအိပ်ခင်မှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့

ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင် မေမေကို အင်အားကုန်ခမ်းစေနိုင်သလို အိပ်စက်မှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။

မအိပ်ခင် နွားနို့သောက်ပါ

အိပ်ရာမဝင်ခင် မိနစ် ၃၀ အလိုလောက်မှာ နွားနို့ ပူပူလေး တစ်ခွက် သောက်ပါ။ နွားနို့ သောက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာစေဖို့ ညဘက်တိုင်းမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေမှာပါ။

ခပ်ဖွဖွလေး နှိပ်နယ်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခပ်ဖွဖွလေး အနှိပ်ခံတာက ကြွက်သားတွေကို ပြေလျော့စေပြီး  သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အနှိပ်ခံတာက စိတ်ခံစားမှု ကောင်းစေပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေပါတယ်။

ပျော်စရာတွေ တွေးပါ

ညအိပ်ရာမဝင်ခင်မှာ စိတ်ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ပျော်စရာ အဖြစ်အပျက်တွေကို ပြန်တွေးတောပါ။ ဒါကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I take sleeping pills when I’m pregnant? https://www.webmd.com/sleep-disorders/qa/can-i-take-sleeping-pills-when-im-pregnant Accessed Date 29 June 2020

Use of Sleeping Pills during Pregnancy https://parenting.firstcry.com/articles/sleeping-pills-during-pregnancy/ Accessed Date 29 June 2020

Understanding the Side Effects of Sleeping Pills https://www.webmd.com/sleep-disorders/understanding-the-side-effects-of-sleeping-pills Accessed Date 29 June 2020

ယခုပုံစံ

09/09/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား............

ကိုယ်ဝန်ဆောင်မေမေ အချိုရည် မသောက်ပါနဲ့


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/09/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ