backup og meta

Pap Test (သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ဆိုတာဘာလဲ။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို သားအိမ်ခေါင်းရဲ့ ဆဲလ်ပြောင်းလဲမှုတွေကို ရှာဖွေဖို့အတွက် အသုံးပြုပါတယ်။ ထိုစစ်ဆေးမှုအတွက် သားအိမ်ခေါင်းမျက်နှာပြင်မှ ဆဲလ်တွေကို ဆရာဝန်က ယူမှာ ဖြစ်ပါတယ်။ ဒီနမူနာ ကို ဖန်ပြားတစ်ခုပေါ်တင်ပြီး အရည်တစ်မျိုးနဲ့ရောဂါာ မိုက်ခရိုစကုပ်အောက်မှာ ကြည့်ဖို့ ဓါတ်ခွဲခန်းကို ပို့မှာ ဖြစ်ပါတယ်။ ဒီဆဲလ်တွေရဲ့ ပုံမမှန်မှုတွေဟာ ဆဲလ်ပြောင်းလဲမှုတွေ ဖြစ်တဲ့ ပုံမှန်မဟုတ်သောဆဲလ် သို့ သားအိမ်ခေါင်းကင်ဆာကို ဖေါ်ပြပါတယ်။

    အကြံပြုထားတဲ့ သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးဖို့အချိန်ကတော့ အသက်အရွယ်နဲ့ ရောဂါဖြစ်ပွားနှုန်းမြင့်နိုင်တဲ့ အချက်တွေပေါ်မူတည်ပါတယ်။ ဒီစစ်ဆေးမှုကို ဘယ်လောက်တစ်ကြိမ် ပြုလုပ်ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    HPV ဗိုင်းရပ်စ်ပိုး ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ အသက် ၃၀ ထက်ကြီးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လုပ်နေစဉ် တစ်ချိန်တည်းမှာ HPV ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း ကိုလည်း လုပ်ကြပါတယ်။ တကယ်လို့ အသက် ၂၆ နှစ် (သို့) ဒီထက်ငယ်မယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာအဖြစ်များတဲ့ HPV ကာကွယ်ဖို့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း တွေကို ဘာကြောင့် လုပ်ကြတာလဲ။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို သားအိမ်ခေါင်းကင်ဆာ ကို ရှာဖွေဖို့ စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးနည်းကို တင်ပါးဆုံအောက်ပိုင်းစစ်ဆေးခြင်း နဲ့ တွဲလုပ်လေ့ရှိပါတယ်။ အသက် ၃၀ ထက်ကြီးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို HPV စစ်ဆေးမှုနဲ့ တွဲပြီး ပြုလုပ်လေ့ရှိပါတယ်။ HPV ဟာ လိင်မှ တစ်ဆင့်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး အချို့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားနိုင်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို ဘယ်အချိန်မှ စပြီး ပြုလုပ်ရမလဲဆိုတာနဲ့ ဘယ်လောက်တစ်ကြိမ် ပြုလုပ်ရမလဲဆိုတာကို သင်နဲ့ သင့်ဆရာဝန်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်တွေဟာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို အသက် ၂၁ နှစ်မှာ စတင်စစ်ဆေးစေပြီး နှစ်နှစ်ခြား (သို့) သုံးနှစ်ခြား (သို့) ငါးနှစ်ခြားတစ်ကြိမ် စစ်ဆေးစေတတ်ပါတယ်။

    သင့်မှာ ရောဂါဖြစ်နှုန်းများစေတဲ့ အချက်တွေ ရှိမယ်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ဘယ်အသက်အရွယ်ပဲ ဖြစ်ပါစေ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို မကြာခဏ လုပ်ခိုင်းနိုင်ပါတယ်။ ဒီအချက်တွေကတော့

  • သားအိမ်ခေါင်းကင်ဆာ ရှိခြင်း (သို့) ကင်ဆာမဖြစ်ခင် ဆဲလ်တွေကို သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းတွင်တွေ့ရခြင်း
  • မမွေးခင် diethylstillbestrol (DES)ဆေး နဲ့ ထိတွေ့မှုရှိခြင်း
  • HIV ရောဂါပိုးရှိခြင်း
  • ကိုယ်အင်္ဂါအစားထိုးခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ရေရှည် စတီးရွိုက်ဆေးသုံးစွဲခြင်းကြောင့် ကိုယ်ခံအားကျဆင်းခြင်း
  • သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ သင့်မှာ ရှိတဲ့ အချက်တွေပေါ်မူတည်ပြီး ဘယ်အရာကအကောင်းဆုံးလဲဆိုတာ သိရှိဖို့ သင်နဲ့ သင့်ဆရာဝန်ဟာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ယေဘုယျအားဖြင့် အဖွဲ့အစည်းတွေက ပထမဆုံး သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို အသက် ၂၁ နှစ်အရွယ်မှာ ပြုလုပ်ဖို့ သဘောတူညီထားကြပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပုံမှန်အဖြေရခြင်းဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ် သို့ သားအိမ်ခေါင်းကင်ဆာ မဖြစ်ဘူးလို့ လုံးဝ ပြောနိုင်ခြင်း မရှိပါဘူး။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ရှိနေရက်နဲ့ စစ်ဆေးမှုက မတွေ့ရှိတာ ဖြစ်နိုင်ပါတယ်။ ဆက်တိုက် ပုံမှန် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း အဖြေမှာ မရှိဘူးလို့ သုံးကြိမ်ရရှိခြင်းဟာ အဖြေမှားယွင်းနှုန်း (မှားယွင်းပြီး မရှိဘူးလို့ အဖြေထွက်နိုင်တဲ့နှုန်း)ကို လျော့ကျစေနိုင်ပါတယ်။ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေမရှိပဲနဲ့လည်း စစ်ဆေးမှုက ရှိတယ်လို့ (မှားယွင်းပြီး ရှိတယ်လို့) အဖြေထွက်နိုင်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း အဖြေရဲ့ ရလဒ်ကိုသိရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း အဖြေ ပုံမှန်ပုံမှန်မဟုတ်တဲ့သူတွေ (သို့) အသက် ၃၀ ထက်ကြီးတဲ့အမျိုးသမီးတွေမှာ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတတ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ HPV ကိုပါ စစ်ဆေးလေ့ရှိပါတယ်။ HPV အချို့အမျိုးအစားတွေဟာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်ပါတယ်။ HPV စစ်ဆေးမှုကို သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း နဲ့ တစ်ကြိမ်တည်း (သို့) တစ်ခုပြီးမှ တစ်ခု ပြုလုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ HPV စစ်ဆေးမှု အဖြေဟာ သင့်မှာ အခြားစစ်ဆေးမှုတွေ၊ ကုသမှုတွေ လိုအပ်နေသေးလားဆိုတာ ဆရာဝန်တွေက ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုတစ်ခုတည်းကို dysplasia (သို့) သားအိမ်ခေါင်းကင်ဆာကို အတည်ပြုဖို့ အသုံးမပြုပါဘူး။ အခြားစစ်ဆေးမှုတွေဖြစ်တဲ့ သားအိမ်ခေါင်းမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း လိုအပ်နိုင်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ဟာ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ (သို့) သားအိမ်ခေါင်းကင်ဆာမဟုတ်တဲ့ အခြားကင်ဆာတွေကို အတည်ပြုဖို့ အသုံးမပြုနိုင်ပါဘူး။ တကယ်လို့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ တစ်ခုခုလို့ သံသယရှိတယ်ဆိုရင် ရောဂါအတည်ပြုဖို့ အခြားတိကျသေချာတဲ့ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။

    မိန်းမကိုယ်ကို မိမိကိုယ်တိုင် စစ်ဆေးခြင်း ဟာ မိမိ ကိုယ်ခန္ဓါ အကြောင်း တိကျသေချာစွာ သိရှိစေဖို့ ကူညီပေးပြီး ပုံမှန်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ သိစေကာ ကူးစက်ရောဂါတွေရဲ့ စောစီးတဲ့ လက္ခဏာတွေ (သို့) အခြားပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သိရှိစေတာမို့ ဆရာဝန်နဲ့ ပြသမှု လိုအပ်ခြင်းကို ဖေါ်ပြပေးနိုင်ပါတယ်။ ဒီလိုကိုယ်တိုင်စစ်ဆေးခြင်းကို ပုံမှန် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ၊ တင်ပါးဆုံအောက်ပိုင်း စစ်ဆေးခြင်းတို့နဲ့ အတူ ပြုလုပ်နိုင်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းတွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို အထိရောက်ဆုံးဖြစ်စေဖို့ စစ်ဆေးမှုမပြုလုပ်ခင် အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

    • လိင်ဆက်ဆံခြင်း၊ မိန်းမကိုယ်ဆေးရည်၊ သုက်ပိုးသတ်ဆေး၊ ခရင်မ်၊ ဂျယ်လီ အစရှိတာတွေကို စစ်ဆေးမှုမပြုလုပ်ခင် နှစ်ရက်လောက်ကြိုပြီး ရှောင်ကြဉ်သင့်ပါတယ်။ ဒီအချက်တွေဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖယ်ထုတ်လိုက်နိုင်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို ရာသီလာနေစဉ် ပြုလုပ်ခြင်း မလုပ်သင့်ပါဘူး။ စစ်ဆေးမှု ပြုလုပ်နိုင်ပေမယ့် တတ်နိုင်ရင် ရာသီလာချိန်ကို ရှောင်ကြဉ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းဟာ ရိုးရှင်းပြီး လျင်မြန်တဲ့ စစ်ဆေးမှု ဖြစ်ကာ ဆရာဝန် သို့ သားဖွားမီးယပ်ဆရာဝန်က ပြုလုပ်လေ့ရှိပါတယ်။

    စစ်ဆေးနေစဉ်မှာ ဆရာဝန် (သို့) ဆရာမဟာ speculum လို့ ခေါ်တဲ့ ဘဲနှုတ်သီးပုံစံ ကိရိယာကို မိန်းမကိုယ်အတွင်းကို ညင်သာစွာ ထိုးသွင်းပြီးကြည့်ရှုမှာဖြစ်ပြီး ဒါမှသာ သားအိမ်ခေါင်းကို သေချာစွာမြင်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ သေးငယ်တဲ့ spatula (သို့) ဘရက်ရှ် တစ်ခုကို သားအိမ်ခေါင်းက ဆဲလ်တွေ ပါလာအောင် ယူမှာဖြစ်ပါတယ်။ ဒီဆဲလ်တွေကို ဖန်ပြားပေါ်တင်ပြီး ဓါတ်ခွဲခန်းကို ပို့မှာ ဖြစ်ပါတယ်။ အဖြေတွေကို တစ်ပတ်အတွင်း ရနိုင်ပါတယ်။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

    သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ဟာ သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်နိုင်ပေမယ့် နာကျင်ခြင်းတော့ မရှိပါဘူး။ တကယ်လို့ နာကျင်တယ်ဆိုရင် ဆရာဝန်၊ ဆရာမ၊ သားဖွားမီးယပ်ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    တခါတရံမှာ ဓါတ်ခွဲခန်းက ဆဲလ်တွေဟာ ကျေနပ်ဖွယ်မရှိပဲ နောက်ထပ် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ထပ်စစ်ခိုင်းနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ စစ်ဆေးမှုအဖြေက ပုံမှန်မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ဆဲလ်အနည်းငယ်သာ ပါရှိခြင်း (သို့) ဆဲလ်တွေကို သွေး (သို့) အကျိအချွဲတွေနဲ့ ကာနေတာ ဖြစ်နိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement