backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း လက္ခဏာစုများဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း လက္ခဏာစုများဆိုတာ ဘာလဲ

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများသည်သည် ကိုယ်ဝန်ဆောင်ချိန်တွင် အချင်း မူမမှန်မှုကြောင့်ဖြစ်သော ပြသနာများဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည် ကလေးနှစ်ယောက်သည် အချင်းတစ်ခုတည်းနှင့် အချင်းရှိသွေးကြောများကို မျှပြီး အသုံးပြုနေရသောကြောင့် ဖြစ်ပါသည်။ ဒီလို မျှပြီး သုံးရတဲ့အတွက် ကလေး တစ်ယောက်က ပိုရပြီး တစ်ယောက်က လျော့ရတာမျိုး ဖြစ်နိုင်ပါတယ်။

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများသည် အဖြစ်များပါသလား။

ယင်းဖြစ်စဉ်သည် ထပ်တူညီသော အမြွှာများ၏ ၁၅ % တွင် ဖြစ်လေ့ရှိပါသည်။ အချင်းသီးသန့်စီရှိသော အမြွှာများတွင် ထိုပြသနာ မဖြစ်ပါ။ ကံမကောင်းစွာပင် ထိုသို့ဖြစ်ခြင်းသည် ကာကွယ်မရသော အခြေအနေဖြစ်ပါသည်။

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများကို မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

ကိုယ်ဝန်ဆောင်ချိန်တွင် အယ်ထွာဆောင်းကို ကြည့်ခြင်းဖြင့် ဆရာဝန်သည် သင့်ကလေးတွင် ထိုပြသနာရှိနိုင်ကြောင်း ခန့်မှန်းနိင်ပါသည်။ ယင်းတို့မှာ

· ကလေး ၂ ယောက်သည် လိင်တူနေပါလျက် အရွယ်အစားများ မမျှတခြင်း

· ရေမွှာအိတ်နှစ်ခု ပမာဏ မတူညီခြင်း

· ချက်ကြိုးများ အရွယ်အစားမတူညီခြင်း

· အချင်း ၁ ခုတည်းရှိခြင်း

· ကလေး ၁ ဦး၏ အရေပြားအောက်တွင် အရည်များစုပုံနေသော လက္ခဏာများ တွေ့ရခြင်း

· သွေးများသော ကလေးတွင် နှလုံးရောဂါ လက္ခဏာများ တွေ့ရခြင်း

· သွေးများသော ကလေးတွင် ရေမွှာရည်များခြင်း

· သွေးမလုံလောက်သော ကလေးတွင် ရေမွှာရည်နည်းခြင်း တို့ဖြစ်ပါသည်။

မိခင်များတွင်လည်း ထိုပြသနာဖြစ်ခြင်း၏ လက္ခဏာများကို တွေ့ရတတ်ပါသည်။ ယင်းတို့မှာ

· သန္ဓေသားသည် ရုတ်တရက် လျင်မြန်စွာ ကြီးထွားလာသော ခံစားမှုဖြစ်ခြင်း

· သားအိမ်သည် ကိုယ်ဝန်ရက်နှင့် နှိုင်းစာသော် ကြီးနေခြင်း

· ဗိုက်နာခြင်း၊ တင်းခြင်း၊ သားအိမ်ညှစ်ခြင်း

· ကိုယ်အလေးချိန် ရုတ်တရက်များလာခြင်း

· ကိုယ်ဝန်ဆောင်ကာစအချိန်များတွင် ခြေ၊ လက်များ ဖောရောင်လာခြင်း တို့ဖြစ်ပါသည်။

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများဖြစ်နေခြင်းကို အထက်ပါလက္ခဏာများကို ခံစားရလျှင် စိတ်ထဲမှသံသယရှိလျှင် ဆရာဝန်ထံ လျင်မြန်စွာ သွားရောက်ပြီး ကုသမှုများ ခံယူသင့်ပါသည်။

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများကို ဘယ်လို ကုသမလဲ။

ထိုပြဿနာဖြစ်လျှင် ကလေး၂ ယောက်စလုံး သေဆုံးနိုင်ပါသည်။ တိုးတက်လာသော နည်းပညာများအရ ထိုအခြေအနေကို ကုသပြီး ကလေးများကို အသက်ရှင်စေမည့် နည်း ၂ နည်းရှိပါသည်။

ရောဂါကို သိသိချင်း ကုသမှုများကို ချက်ချင်းစတင်ရပါသည်။ ပထမနည်းမှာ ရေမွှာရည်များကို အပြင်သို့စုပ်ထုတ်ခြင်းဖြစ်ပြီး ထိုနည်းဖြင့် အချင်းသို့ သွေးပိုစီးစေပြီး လမစေ့ဘဲမွေးခြင်းကို လျော့ကျစေပါသည်။ ရေမွှာရည်များကို အပြင်သို့ထုတ်လိုက်ခြင်းဖြင့် ရောဂါခံစားနေရသော ကလေးများကို ၆၀ % ကယ်တင်နိုင်ပါသည်။

ဆိုးရွားပြင်းထန်သော အခြေအနေများတွင် ကိုယ်ဝန်အပတ် ၂၆ ပတ်မတိုင်မီတွင် ကလေးကို ခွဲစိတ်မှုများ ပြုလုပ်နိုင်ပါသည်။ လေဆာရောင်ခြည်ဖြင့် ခွဲစိတ်ခြင်းဖြင့် ဆက်နေသော သွေးကြောများကို ပိတ်သွားစေပြီး ယင်းကုသမှုသည်လည်း ရောဂါခံစားနေရသော ကလေးများကို ၆၀ % ကယ်တင်နိုင်ပါသည်။

ထို့ပြင် လေဆာရောင်ခြည်ဖြင့်ကုသခြင်းသည် ရေမွှာရည်စုပ်ထုတ်ခြင်းကဲ့သို့ထပ်ခါတလဲလဲ မလုပ်ရဘဲ အများစုသည် တစ်ခါတည်းနှင့် ပြီးသော ကုသမှုဖြစ်ပါသည်။ ထိုအချိန်တွင် ကလေးငယ်များ၏ အဆုတ်များသည် သန်စွမ်းနေလျှင် ဆရာဝန်၏ ထောက်ခံချက်ဖြင့် စောမွေးနိုင်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement