backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်စဉ် အစပ်စားလျှင် ဘာတွေဖြစ်လာနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်စဉ် အစပ်စားလျှင် ဘာတွေဖြစ်လာနိုင်သလဲ

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ထူးဆန်းသော ချင်ခြင်းတပ်မှုများ ရှိကြသည်။ သူတို့သည် စားနေကျ ချောကလက်၊ အိုက်စကရင်မ်လို့မုန့်မျိုးထက် အိမ်တွင်းသုံး ဆပ်ပြာကဲ့သို့သော ထူးဆန်းသော အရာများကို တောင့်တစိတ်ဖြစ်ကြသည်။ အငြင်းအပွားဆုံး ချင်ခြင်းတက်မှုများထဲမှ တစ်ခုကတော့ အစပ်စားလိုခြင်းပဲဖြစ်သည်။ လူအများက အစားအသောက် အစပ်များသည် သန္ဓေသားဖွံ့ဖြိုးမှုအတွက် မကောင်းဘူးဟု ဆိုကြသည်။ ဤအဆိုသည် တကယ်ကော မှန်ပါသလား။

အစပ်စားခြင်းသည် ကလေးကို ထိခိုက်နိုင်သလား။

ကံကောင်းစွာပင် အစပ်စားခြင်းသည် ကလေးကို မထိခိုက်နိုင်ပါ။ စပ်သော အစားအစာသည် ကလေးဝမ်းဗိုက်ထဲမှာ ရှိစဉ် အရသာ ခံစားနိုင်သော အစားအစာအနည်းငယ်ထဲက တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစပ်ပမာဏ အနည်းငယ်သည် ရေမြွှာရေထဲသို့ ဖြတ်သန်းရောက်ရှိနိုင်သည်။ တကယ်တော့ သင့်ကလေးသည် ထိုအရသာ အပြောင်းအလဲကို ကြိုက်ကောင်းကြိုက်နိုင်သည်။

မမွေးခင်နှင့် မွေးပြီးတွင် ကလေးကို မတူညီသော အရသာများကို ထိတွေ့ခံစားစေခြင်းသည် ကလေး အစာစားသောအရွယ်သို့ရောက်သောအခါ အစားချေးမများစေရန် ကူညီပေးသည်မှာ အထူးပြောရန်ပင်မလိုပါ။ ဖလော်ရီဒါ တက္ကသိုလ် အရသာ သုတေသန Linda Bartoshuk က အရသာများစွာကို ခံစားဖူးသော ကလေးသည် အရသာအသစ်များကို လက်ခံဖို့ ပိုမိုလိုလားသည်ကို တွေ့ရသည်ဟု ဆိုသည်။

အကယ်၍ သင့်ကလေးသည် ဝမ်းဗိုက်တွင်းမှာ ရှိစဉ်ကတည်းက အရသာများစွာနှင် ရင်းနှီးပြီး ဖြစ်လျှင် ထိုအလေ့အကျင့်သည် ဘဝတစ်လျှောက် ရရှိသွားမည်ဖြစ်သည်။ အကယ်၍ သင်သည် သင့်ကလေးကို အခြားအစားအသောက်တွေနဲ့ မိတ်ဆက်ပေးဖို့စိတ်ဝင်စားလျှင် ရေမြွှာရေ (သို့) မိခင်နို့ ကို ဖြတ်သန်းရောက်ရှိနိုင်သော အစားအစာ အချို့ရှိပါသည်။ ၎င်းတို့မှာ မုန်လာဥ၊ ကြက်သွန်ဖြူ၊ ဗနီလာ (vanilla) ၊ စမုန်စပါး နှင့် ပင်စိမ်းတို့ဖြစ်ပါသည်။

စပ်သောအစားအသောက်သည် သင့်အပေါ် ဘယ်လိုသက်ရောက်မှုတွေရှိသလဲ။

ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်များသည် အစပ်ရှောင်သင့်သည်ဟု အများက ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓါကိုယ်အပူချိန်သည် မြင့်မားပြီး အစပ်စားလျှင် ပိုပြီး အပူချိန်မြင့်မားစေသောကြောင့် ဖြစ်သည်။ အချို့ကလည်း အစပ်သည် အစာအိမ်ကို ညှစ်စေပြီး နေ့မစေ့လမစေ့မွေးခြင်း (သို့) ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေသည်ဟု ဆိုသည်။

သို့သော် ထိုအဆိုများကို ထောက်ခံသော သိပ္ပံနည်းကျ လေ့လာမှုများ မရှိပါ။ စပ်သော အစားအသောက်များကို ပုံမှန်စားသောက်နေသော အမျိုးသမီးများသည် (ဥပမာ။ ။ ထိုင်း၊ အိန္ဒိယ) ကိုယ်ဝန်ဆောင်စဉ်တွင် သူတို့ စားသောက်မှုပုံစံကို မပြောင်းလဲသော်လည်း အထက်ဖော်ပြပါ ပြဿနာများကို ကြုံတွေ့ရသော သတင်းပို့ချက် တစ်ခုမျှမရှိပါ။

အစပ်သည် ကလေးကို မထိခိုက်စေသော်လည်း မိခင်ကိုတော့ မအီမသာဖြစ်စေနိုင်သည်။ ၎င်းသည် ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ ရင်ပူခြင်းသည် ကိုယ်ဝန်နောက်ဆုံးသုံးလတွင် အဖြစ်များဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြီးထွားနေသော ကလေးသည် အစာအိမ်အတွင်းရှိ အက်ဆစ်များကို အစာမြိုပြွန်ထဲသို့ တွန်းတင်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့ မခံစားရအောင် အစပ်ကို ရှောင်သင့်သည်။

သုတေသန လေ့လာမှုများက အစပ်စားခြင်း၏ အကျိုးကျေးဇူးအချို့ကို သက်သေပြထားပါသည်။

အစပ်စားခြင်းသည် သင့်ကို-

  • အသက်ပို ရှည်စေသည်။
  • ကိုယ်အလေးချိန်ကျစေသည်။
  • နာကျင်မှုကို လျော့နည်းစေသည်။
  • ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။
  • ဘက်တီးရီယားနှင့် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကို ကာကွယ်ပေးသည်။
  • အကောင်းဆုံးကတော့ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်ကို စားသုံးပြီး သင့်ကို မအီမသာ ဖြစ်စေသော အစားအသောက်များကို ရှောင်သင့်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ရာ စိုးရိမ်ပူပန်မှုရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ပြီး သင်နှင့် သင့်ကလေးအတွက် အကောင်းဆုံးအစားအသောက်ကို ရှာဖွေနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement