ဒ့ါကြောင့် ဆရာဝန်တော်တော်များများက ကလေးကဆုံပိုင်းနဲ့ ဖွားမယ်ဆိုတာကို စမ်းသပ်သိရှိထားရင် ကလေးခေါင်းနဲ့ပြန်ဖွားအောင် မီးဖွားမယ့်ရက်မတိုင်ခင် external cephalic version (ECV) ဆိုတဲ့ အပြင်ကနေ ကလေးကို ပြန်လှည့်တဲ့ ကုသမှုကို လုပ်ပေးတတ်ကြပါတယ်။ တကယ်လို့ ECV လုပ်ပြီးတာတောင် ကလေးက ပြန်လည်မလာဘူး၊ မွေးချိန်ကြာပြီး မွေးရလည်း ခက်နေတတ်တယ်ဆိုရင် ဗိုက်ခွဲမွေးရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးအနေအထားကို ကြိုသိဖို့ ကိုယ်ဝန်သည် တွေ အာထရာဆောင်း ရိုက်ဖို့လိုတာပါ။
( ၄ ) ကန့်လန့်အနေအထား ။ ။
ဒီလို အနေအထားမှာ ကလေးက မွေးလမ်းကြောင်းတည့်တည့်ကို ကျောကြီးနဲ့ ပိတ်ထားပြီး အိပ်နေတဲ့ ပုံစံမျိုးပါ။ မီးမဖွားခင်အချိန်ထိတော့ ဒီလိုပုံစံမျိုးနဲ့ နေနေတတ်ပေမယ့် မီးဖွားချိန်မှာဆို ကလေးကိုယ်ခန္ဓာပြန်လည်သွားပြီး ခေါင်းနဲ့ပြန်ဖွားတတ်ပါတယ်။ ပြန်မလည်ခဲ့ဘူးဆိုရင်တော့ ဘယ်လိုမှ ရိုးရိုးမွေးလို့မရဘဲ ခွဲမွေးကို မွေးရမယ့် အနေအထားတစ်ခုပါ။ မဟုတ်ရင် ကလေးချက်ကြိုးပတ်တာ၊ ချက်ကြိုးထွက်ကျလာတာတွေ ဖြစ်တတ်တာကြောင့်ပါ။
ကလေးက ပြန်လည်တတ်လား။
ကလေးတွေဆိုတာ အပြင်ရောက်မှ မဟုတ်ပါဘူး။ ဗိုက်ထဲမှာတည်းက အငြိမ်ကို မနေတတ်တာကြောင့် ၃၆ ပတ် မပြည့်မချင်း အနေအထား အမျိုးမျိုး ပြောင်းပါတယ်။ ဒါ့ကြောင့် ၃၆ပတ် မတိုင်ခင် အာထရာဆောင်းရိုက်လို့ ကလေးက မွေးရခက်တဲ့ အနေအထားမျိုး ဖြစ်နေရင် အရမ်းကြီး မစိုးရိမ်ပါနဲ့။ ၃၆ပတ်မတိုင်ခင်ဆို ကလေးက ပြန်လည်သွားတတ်လို့ မွေးရလွယ်တဲ့အနေအထားပြန်ရောက်သွားတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။