ကလေးတွေအတွက် သကြားလုံးဆိုတာ ဆုလာဘ်ပါပဲ။ ငယ်ငယ်တည်းက ကလေး ကောင်းတာတစ်ခုခုလုပ်တိုင်း တော်လိုက်တာဆိုပြီး ချီးကျူးပြီး သကြားလုံးတွေ ဆုချတတ်ကြပါတယ်။ ဒါတွေက နောက်ပိုင်းမှာ အကျင့်ဖြစ်လာပြီး ကလေးက သကြားလုံးကို စွဲလမ်းလာပါတယ်။ ဒါတင်မကသေးပါဘူး။ သကြားလုံးကနေတဆင့် အချိုပါတဲ့ အစားအစာတွေကို ခုံမင်လာပါတယ်။ တစ်နည်းအားဖြင့် သကြားဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားလာပါတယ်။ အဲ့ဒီတော့မှ မိဘတွေအနေနဲ့ ကလေးကို ဒီအတိုင်းဆက်ကျွေးရင် ဘာဖြစ်လာမှာလဲဆိုပြီး စိုးရိမ်လာပါတယ်။ ဒါဆိုရင် ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ က ဘာလဲ။ ကလေးတွေ အတွက် သကြားဓာတ်များတဲ့ အစားအစာတွေကဘာလဲ။ သကြားအစားထိုးဘာကျွေးကြမလဲဆိုတာကို ဆက်ကြည့်ရအောင်။